အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူးအသင်းဟာ ပထမပိုင်းအတွင်း ရုန်းကန် ကစားရမှုတွေ ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မာနေး၊ ကားတစ်ဂျုံးတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့ပါတယ်။

မာနေးသွင်းတဲ့ ဂိုးအတွက် ကီတာရဲ့ ပေးမှု ကောင်းမွန်ခဲ့သလို ကားတစ်ဂျုံးကလည်း ကောင်းမွန်တဲ့ အသင်းလိုက် လုပ်ဆောင်မှုကနေ ဂိုးသွင်းယူခဲ့လို့ လီဗာပူးရဲ့ သွင်းဂိုးတွေက ကြည့်ကောင်းတဲ့ သွင်းဂိုးတွေ ဖြစ်ခဲ့တယ်။ အဖွင့်ဂိုးရှင် မာနေးကတော့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်လို့ ဝေဖန်မှုတွေကို တုန့်ပြန်မှုအဖြစ် စိတ်ရှည်ကြပါ နိုင်ဖို့ပါပဲလို့ ပြောဆိုသွားပါတယ်။

မာနေးက ” အခွင့်အရေးတွေ ဖန်တီးဖို့နဲ့ အဆုံးသတ်နိုင်သည်တိုင်အောင် အသင်းအနေနဲ့ ကျနေ်ာတို့ ဆက်ပြီး တွန်းအားပေးခဲ့တယ်။ လွယ်ကူတဲ့ ပွဲတစ်ပွဲ မဟုတ်ဘူး ဒါပေမယ့် အနည်းဆုံးတော့ ကျနေ်ာတို့က အနိုင်သုံးမှတ်နဲ့ ထိုက်တန်တယ်။

အသင်းကောင်း တစ်သင်းနဲ့ တွေ့ဆုံစဉ်မှာ အမြဲတမ်းတော့ ၄ ဂိုး ၅ ဂိုး မပြတ်နိုင်ပါဘူး။ အက်စတွန်ဗီလာက စုဖွဲ့မှု သိပ်ကောင်းပါတယ်။ ကျနေ်ာတို့ကလည်း စနစ်တစ်ခုအဖြစ် သွင်းဂိုး ရအောင် ပြိုင်ဘက် ခံစစ်ကို ဖွင့်နိုင်တဲ့ အချိန်ထိ စိတ်ရှည်ရှည် ကစားနိုင်ခဲ့တယ်။

ကျနေ်ာတို့အတွက် အခုချိန်မှာ အရေးကြီးဆုံးက နိုင်ပွဲတွေ ရဖို့ပါပဲ အဲ့တာဆိုရင် စံချိန်တွေကို စဉ်းစားလို့ ရပါပြီ။ အရေးကြီးတဲ့ပွဲကို နိုင်ခဲ့တယ်။ တစ်ပွဲချင်း အနိုင်ရဖို့ လိုပ်နေတယ်။ အဲ့တာက လွယ်ကူမှာ မဟုတ်ဘူး။ ကျနေ်ာတို့ ယှဉ်ပြိုင်နေတာ ပရီးမီးယားလိဂ်ပါ အမြဲတမ်း ခက်ခဲပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

အက္စတြန္ဗီလာနဲ႔ပြဲမွာ လီဗာပူးအသင္းဟာ ပထမပိုင္းအတြင္း ရုန္းကန္ ကစားရမႈေတြ ရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ မာေနး၊ ကားတစ္ဂ်ံဳးတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ အႏုိင္ရခဲ့ပါတယ္။

မာေနးသြင္းတဲ့ ဂိုးအတြက္ ကီတာရဲ႕ ေပးမႈ ေကာင္းမြန္ခဲ့သလို ကားတစ္ဂ်ံဳးကလည္း ေကာင္းမြန္တဲ့ အသင္းလိုက္ လုပ္ေဆာင္မႈကေန ဂိုးသြင္းယူခဲ့လို႔ လီဗာပူးရဲ႕ သြင္းဂိုးေတြက ၾကည့္ေကာင္းတဲ့ သြင္းဂိုးေတြ ျဖစ္ခဲ့တယ္။ အဖြင့္ဂိုးရွင္ မာေနးကေတာ့ ပထမပိုင္းမွာ ဂိုးမသြင္းႏုိင္လို႔ ေဝဖန္မႈေတြကို တုန္႔ျပန္မႈအျဖစ္ စိတ္ရွည္ၾကပါ ႏုိင္ဖို႔ပါပဲလို႔ ေျပာဆိုသြားပါတယ္။

မာေနးက ” အခြင့္အေရးေတြ ဖန္တီးဖို႔နဲ႔ အဆံုးသတ္ႏုိင္သည္တိုင္ေအာင္ အသင္းအေနနဲ႔ က်ေန္ာတို႔ ဆက္ျပီး တြန္းအားေပးခဲ့တယ္။ လြယ္ကူတဲ့ ပြဲတစ္ပြဲ မဟုတ္ဘူး ဒါေပမယ့္ အနည္းဆံုးေတာ့ က်ေန္ာတို႔က အႏုိင္သံုးမွတ္နဲ႔ ထိုက္တန္တယ္။

အသင္းေကာင္း တစ္သင္းနဲ႔ ေတြ႔ဆံုစဥ္မွာ အျမဲတမ္းေတာ့ ၄ ဂိုး ၅ ဂိုး မျပတ္ႏုိင္ပါဘူး။ အက္စတြန္ဗီလာက စုဖြဲ႔မႈ သိပ္ေကာင္းပါတယ္။ က်ေန္ာတို႔ကလည္း စနစ္တစ္ခုအျဖစ္ သြင္းဂိုး ရေအာင္ ျပိဳင္ဘက္ ခံစစ္ကို ဖြင့္ႏုိင္တဲ့ အခ်ိန္ထိ စိတ္ရွည္ရွည္ ကစားႏုိင္ခဲ့တယ္။

က်ေန္ာတို႔အတြက္ အခုခ်ိန္မွာ အေရးၾကီးဆံုးက ႏုိင္ပြဲေတြ ရဖို႔ပါပဲ အဲ့တာဆိုရင္ စံခ်ိန္ေတြကို စဥ္းစားလို႔ ရပါျပီ။ အေရးၾကီးတဲ့ပြဲကို ႏုိင္ခဲ့တယ္။ တစ္ပြဲခ်င္း အႏုိင္ရဖို႔ လိုပ္ေနတယ္။ အဲ့တာက လြယ္ကူမွာ မဟုတ္ဘူး။ က်ေန္ာတို႔ ယွဥ္ျပိဳင္ေနတာ ပရီးမီးယားလိဂ္ပါ အျမဲတမ္း ခက္ခဲပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။