အက်စတွန်ဗီလာနဲ့ပွဲမှာ သွင်းဂိုး တစ်ဂိုး ရယူခဲ့တဲ့ ကားတစ်ဂျုံးက သူ့ရဲ့ အိပ်မက်တွေ ပြည့်စုံလာတာအတွက် ပျော်ရွှင်ကျေနပ်နေပါတယ်။

၂၀၁၇ ဒီဇင်ဘာမှာ ထရန့်နောက်ပိုင်း အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် အသက် ၁၉ နှစ် ၁၅၇ ရက်မှာပဲ ဂျုံးက ပရီးမီးယားလိဂ်သွင်းဂိုး ရခဲ့ပါပြီ။ လီဗာပူးသားလေးကတော့ မန်နေဂျာရဲ့ နည်းစနစ်အတိုင်း ဝင်ကစားခဲ့တာဖြစ်ပြီး ဂိုးရခဲ့တာအတွက် အတော်လေး ပျော်ရွှင်နေပါတယ်။

စာချုပ်သစ် လက်မှတ်ထိုးတဲ့ နေ့မှာမှ ပွဲကစားရပြီး ဂိုးပါသွင်းရတဲ့အပေါ် ကာတစ်ဂျုံးက ” ပြီးပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်အတွက်တော့ မန်နေဂျာနဲ့ ကျနော်အပေါ် ယုံကြည်မှု ပေးခဲ့တဲ့ လီဗာပူး တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အက်စတွန်ဗီလာက ၁-၀ နဲ့ နိုင်နေပြီး သူတို့ ကစားပုံ ကောင်းနေချိန်မှာ ကျနော်ကို ကွင်းထဲ ထည့်ပေးခဲ့တယ်။ အရမ်းကောင်းတဲ့ သီတင်းပတ်ပါပဲ။

မန်နေဂျာက လုပ်နေကျအတိုင်းပဲ လုပ်ဖို့ ပြောပါတယ်။ ကျနော်က ဘောလုံးကို ကိုင်ကစားရာမှာ ကောင်းမွန်ပေမယ့် ဘောလုံးပေးတာတွေ လှိမ်ခေါက်ရမယ့် အချိန်မှာ ဘောလုံးကို ယူသွားဖို့တွေ လုပ်ရမှာပါ။ အက်စတွန်ဗီလာက တိုက်စစ်ဆင်လာချိန် ဘောလုံးကို ပြန်ရရင် ပွဲကို ထိန်းထားဖို့နဲ့ ထိန်းချုပ်ဖို့ ကြိုးစားဆိုပြီး မှာခဲ့တယ်။ အဲ့အတိုင်း ကျနော် လုပ်ခဲ့နိုင်ပြီး သွင်းဂိုးရခဲ့တာအတွက် ပျော်မိပါတယ်။ ” ဆိုပြီး ပြောပြခဲ့တယ်။

ဂျုံးဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်လူစာရင်းကနေ မပါသေးပေမယ့် လီဗာပူးအတွက် ၁၀ ပွဲ ကစားခွင့် ရပေးထားပြီဖြစ်ပြီး သွင်းဂိုး ၃ ဂိုး ယူထားပေးပြီဖြစ်ပါတယ်။ သူကလည်း ထရန့်လို လီဗာပူးသား စစ်စစ်ဖြစ်သလို အသင်းကို ဦးဆောင်ဖို့ မျှော်လင့်ချက် ရှိသူတစ်ဦး ဖြစ်ပါတယ်။

မာဆေးဆိုဒ်သားက ” လီဗာပူးကို လာရောက် ပူးပေါင်းတဲ့ လူငယ်ကစားသမားတိုင်း ဒီလိုပဲလို့ ထင်ပါတယ်။ ယုံကြည်မှုရှိကြသလို ဘောလုံးကို ကိုင်ကစားဖို့လည်း ရဲရင့်ကြတယ်။ အဲ့အတိုင်း ကျနော် ကြိုးစားပါတယ်။

ကြီးပြင်းလာတဲ့ အရွယ်မှာ ကျနော်က အမြဲတမ်း လီဗာပူးပွဲတွေ ကြည့်ခဲ့ပြီး စတီဗင်ဂျရတ်က ကျနော်ရဲ့ စံပြတွေထဲ ပါဝင်ပါတယ်။ သူပါဝင်တဲ့ အသင်းက ကစားတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ကျနော်ကြည့်ခဲ့တဲ့ အကောင်းဆုံးပွဲတွေထက် အသင်းအတွက် ကိုယ်တိုင် ပါဝင်ရတာက အကောင်းဆုံးပဲလို့ ခံစားရပါတယ် ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအကယ်ဒမီ နည်းပြတွေကတော့ ကားတစ်ဂျုံးဟာ ထရန့်လို ခပ်အေးအေး ကစားသမား မဟုတ်ဘဲ ကစားသမားတစ်ဦးမှာ ရှိရမယ့် ဂုဏ်ရှိန်နဲ့ ယုံကြည်မှုရှိသူလို့ ပြောဆိုထားတယ်။ အနာဂတ်မှာတော့ လီဗာပူးရဲ့ နောက်ထပ် စတီဗင်ဂျရတ်လို အထင်ကရ ကစားသမား ဖြစ်လာဖို့ ပရိသတ်တွေက မျှော်လင့်နေပါတယ်။

ZAWGYI

အက္စတြန္ဗီလာနဲ႔ပြဲမွာ သြင္းဂိုး တစ္ဂိုး ရယူခဲ့တဲ့ ကားတစ္ဂ်ံဳးက သူ႔ရဲ႕ အိပ္မက္ေတြ ျပည့္စံုလာတာအတြက္ ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္။

၂၀၁၇ ဒီဇင္ဘာမွာ ထရန္႔ေနာက္ပိုင္း အသက္အငယ္ဆံုး ဂိုးသြင္းသူအျဖစ္ အသက္ ၁၉ ႏွစ္ ၁၅၇ ရက္မွာပဲ ဂ်ံဳးက ပရီးမီးယားလိဂ္သြင္းဂိုး ရခဲ့ပါျပီ။ လီဗာပူးသားေလးကေတာ့ မန္ေနဂ်ာရဲ႕ နည္းစနစ္အတိုင္း ဝင္ကစားခဲ့တာျဖစ္ျပီး ဂိုးရခဲ့တာအတြက္ အေတာ္ေလး ေပ်ာ္ရႊင္ေနပါတယ္။

စာခ်ဳပ္သစ္ လက္မွတ္ထိုးတဲ့ ေန႔မွာမွ ပြဲကစားရျပီး ဂိုးပါသြင္းရတဲ့အေပၚ ကာတစ္ဂ်ံဳးက ” ျပီးျပည့္စံုတယ္လို႔ ေျပာႏုိင္ပါတယ္။ က်ေနာ္အတြက္ေတာ့ မန္ေနဂ်ာနဲ႔ က်ေနာ္အေပၚ ယံုၾကည္မႈ ေပးခဲ့တဲ့ လီဗာပူး တာဝန္ရွိသူေတြ အားလံုးကို ေက်းဇူးတင္ပါတယ္။ အက္စတြန္ဗီလာက ၁-၀ နဲ႔ ႏုိင္ေနျပီး သူတို႔ ကစားပံု ေကာင္းေနခ်ိန္မွာ က်ေနာ္ကို ကြင္းထဲ ထည့္ေပးခဲ့တယ္။ အရမ္းေကာင္းတဲ့ သီတင္းပတ္ပါပဲ။

မန္ေနဂ်ာက လုပ္ေနက်အတိုင္းပဲ လုပ္ဖို႔ ေျပာပါတယ္။ က်ေနာ္က ေဘာလံုးကို ကိုင္ကစားရာမွာ ေကာင္းမြန္ေပမယ့္ ေဘာလံုးေပးတာေတြ လွိမ္ေခါက္ရမယ့္ အခ်ိန္မွာ ေဘာလံုးကို ယူသြားဖို႔ေတြ လုပ္ရမွာပါ။ အက္စတြန္ဗီလာက တိုက္စစ္ဆင္လာခ်ိန္ ေဘာလံုးကို ျပန္ရရင္ ပြဲကို ထိန္းထားဖို႔နဲ႔ ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားဆိုျပီး မွာခဲ့တယ္။ အဲ့အတိုင္း က်ေနာ္ လုပ္ခဲ့ႏုိင္ျပီး သြင္းဂိုးရခဲ့တာအတြက္ ေပ်ာ္မိပါတယ္။ ” ဆိုျပီး ေျပာျပခဲ့တယ္။

ဂ်ံဳးဟာ ပရီးမီးယားလိဂ္မွာ ပြဲထြက္လူစာရင္းကေန မပါေသးေပမယ့္ လီဗာပူးအတြက္ ၁၀ ပြဲ ကစားခြင့္ ရေပးထားျပီျဖစ္ျပီး သြင္းဂိုုး ၃ ဂိုး ယူထားေပးျပီျဖစ္ပါတယ္။ သူကလည္း ထရန္႔လို လီဗာပူးသား စစ္စစ္ျဖစ္သလို အသင္းကို ဦးေဆာင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိသူတစ္ဦး ျဖစ္ပါတယ္။

မာေဆးဆိုဒ္သားက ” လီဗာပူးကို လာေရာက္ ပူးေပါင္းတဲ့ လူငယ္ကစားသမားတိုင္း ဒီလိုပဲလို႔ ထင္ပါတယ္။ ယံုၾကည္မႈရွိၾကသလို ေဘာလံုးကို ကိုင္ကစားဖို႔လည္း ရဲရင့္ၾကတယ္။ အဲ့အတိုင္း က်ေနာ္ ၾကိဳးစားပါတယ္။

ၾကီးျပင္းလာတဲ့ အရြယ္မွာ က်ေနာ္က အျမဲတမ္း လီဗာပူးပြဲေတြ ၾကည့္ခဲ့ျပီး စတီဗင္ဂ်ရတ္က က်ေနာ္ရဲ႕ စံျပေတြထဲ ပါဝင္ပါတယ္။ သူပါဝင္တဲ့ အသင္းက ကစားတာ သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ က်ေနာ္ၾကည့္ခဲ့တဲ့ အေကာင္းဆံုးပြဲေတြထက္ အသင္းအတြက္ ကိုယ္တိုင္ ပါဝင္ရတာက အေကာင္းဆံုးပဲလို႔ ခံစားရပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအကယ္ဒမီ နည္းျပေတြကေတာ့ ကားတစ္ဂ်ံဳးဟာ ထရန္႔လို ခပ္ေအးေအး ကစားသမား မဟုတ္ဘဲ ကစားသမားတစ္ဦးမွာ ရွိရမယ့္ ဂုဏ္ရွိန္နဲ႔ ယံုၾကည္မႈရွိသူလို႔ ေျပာဆိုထားတယ္။ အနာဂတ္မွာေတာ့ လီဗာပူးရဲ႕ ေနာက္ထပ္ စတီဗင္ဂ်ရတ္လို အထင္ကရ ကစားသမား ျဖစ္လာဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနပါတယ္။