မန်နေဂျာယာဂင်ကလော့ပ် အက်စတွန်ဗီလာနဲ့ပွဲမှ ကွင်းလယ်လူ နာဘီကီတာရဲ့ ကစားဟန်ကို ကျေနပ်ကြောင်း ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။

နာဘီဟာ ထိချက်နဲ့ ဘောလုံး လက်ခံယူပုံတွေ ကောင်းခဲ့ပြီး သူ့ရဲ့ ဘောလုံးအမြင် ကောင်းမှုကို ပြသနိုင်ခဲ့တယ်။ အရမ်းကောင်းတဲ့ တွဲလုံးတွေကို မလုပ်ခဲ့နိုင်ပေမယ့်လည်း သူ့ထံက မြင်ရတဲ့ အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းက လီဗာပူးအတွက် လိုအပ်နေတဲ့ ကွင်းလယ်ပုံစံအဖြစ် ကလော့ပ်က မြင်ပါတယ်။

မန်နေဂျာက ” နာဘီက အရမ်းကောင်းတဲ့ ထူးချွန် ကစားသမားတစ်ဦးပါ။ ဒီနေ့ပွဲက ခက်ခဲခဲ့ပေမယ့် သူကတော့ ခြေစွမ်းကောင်းခဲ့ပြီး အသင်းကို အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။ ဂိုးထောက်ပံံ့မှုတင် မဟုတ်ပါဘူး။ သူ့ထံကနေ ဘောလုံးပေးမှုတွေ အမြဲတမ်း ထွက်ပါတယ်။ သူက အမြဲတမ်း ဘောလုံးကို တောင်းခံနေပြီး စမတ်ကျတဲ့ နေရာတွေမှာ အမြဲ ရှိနေခဲ့တယ်။

ဒီနေ့ပွဲကို အတော်လည်း သဘောကျပါတယ်။ နာဘီက ဘယ်လို ကောင်းတဲ့ ကစားသမားလဲ ဆိုတာအတွက် ဥပမာကောင်းလည်း ဖြစ်ခဲ့တယ်။ ဒီပွဲက သူ့ရဲ့ အကောင်းဆုံးတွေကို မြင်ရတဲ့ ပွဲတေ့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ပုံစံကောင်း၊ ကြံ့ခိုင်မှုကောင်းနဲ့ မြင်ရတဲ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ ကျနေ်ာတို့က နောက်ထပ် သုံးရက်တိုင်းမှာ ဘောလုံးပွဲတွေ ကစားရဦးမှာပါ။ ဒါက ခက်ခဲပါတယ်။

သုံးရက်နဲ့ လေးရက်တွေမှာ ပွဲတွေ ဆက်တိုက် ကစားရမယ်ဆိုတာက အားလုံးအတွက်လည်း ခက်ခဲတဲ့ ကိစ္စပါ။ ကျနေ်ာတို့ ခြားနားတဲ့ အခြေအနေတိုင်းအတွက် ဖြေရှင်းဖို့ နည်းလမ်း လိုပါတယ်။ ဒီကနေ့မှာတော့ နာဘီက စူပါ ဖြေရှင်းစရာ နည်းလမ်းကောင်း ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ပရီးမီးယားလိဂ် ပြန်လည် စတင်ကတည်းက နာဘီဟာ ပွဲပေါင်း ၂၂ ပွဲ ကစားကာ ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္ အက္စတြန္ဗီလာနဲ႔ပြဲမွ ကြင္းလယ္လူ နာဘီကီတာရဲ႕ ကစားဟန္ကို ေက်နပ္ေၾကာင္း ပြဲအျပီးမွာ ေျပာဆိုသြားပါတယ္။

နာဘီဟာ ထိခ်က္နဲ႔ ေဘာလံုး လက္ခံယူပံုေတြ ေကာင္းခဲ့ျပီး သူ႔ရဲ႕ ေဘာလံုးအျမင္ ေကာင္းမႈကို ျပသႏုိင္ခဲ့တယ္။ အရမ္းေကာင္းတဲ့ တြဲလံုးေတြကို မလုပ္ခဲ့ႏုိင္ေပမယ့္လည္း သူ႔ထံက ျမင္ရတဲ့ အသင္းနဲ႔ ပူးေပါင္းလုပ္ေဆာင္ႏုိင္စြမ္းက လီဗာပူးအတြက္ လိုအပ္ေနတဲ့ ကြင္းလယ္ပံုစံအျဖစ္ ကေလာ့ပ္က ျမင္ပါတယ္။

မန္ေနဂ်ာက ” နာဘီက အရမ္းေကာင္းတဲ့ ထူးခၽြန္ ကစားသမားတစ္ဦးပါ။ ဒီေန႔ပြဲက ခက္ခဲခဲ့ေပမယ့္ သူကေတာ့ ေျခစြမ္းေကာင္းခဲ့ျပီး အသင္းကို အမ်ားၾကီး ကူညီေပးႏုိင္ခဲ့ပါတယ္။ ဂိုးေထာက္ပံံ့မႈတင္ မဟုတ္ပါဘူး။ သူ႔ထံကေန ေဘာလံုးေပးမႈေတြ အျမဲတမ္း ထြက္ပါတယ္။ သူက အျမဲတမ္း ေဘာလံုးကို ေတာင္းခံေနျပီး စမတ္က်တဲ့ ေနရာေတြမွာ အျမဲ ရွိေနခဲ့တယ္။

ဒီေန႔ပြဲကို အေတာ္လည္း သေဘာက်ပါတယ္။ နာဘီက ဘယ္လို ေကာင္းတဲ့ ကစားသမားလဲ ဆိုတာအတြက္ ဥပမာေကာင္းလည္း ျဖစ္ခဲ့တယ္။ ဒီပြဲက သူ႔ရဲ႕ အေကာင္းဆံုးေတြကို ျမင္ရတဲ့ ပြဲေတ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔ကို ပံုစံေကာင္း၊ ၾကံ႕ခိုင္မႈေကာင္းနဲ႔ ျမင္ရတဲ့အတြက္ က်ေနာ္ ေပ်ာ္ရႊင္မိပါတယ္။ က်ေန္ာတုိ႔က ေနာက္ထပ္ သံုးရက္တိုင္းမွာ ေဘာလံုးပြဲေတြ ကစားရဦးမွာပါ။ ဒါက ခက္ခဲပါတယ္။

သံုးရက္နဲ႔ ေလးရက္ေတြမွာ ပြဲေတြ ဆက္တိုက္ ကစားရမယ္ဆိုတာက အားလံုးအတြက္လည္း ခက္ခဲတ့ဲ ကိစၥပါ။ က်ေန္ာတုိ႔ ျခားနားတဲ့ အေျခအေနတိုင္းအတြက္ ေျဖရွင္းဖို႔ နည္းလမ္း လိုပါတယ္။ ဒီကေန႔မွာေတာ့ နာဘီက စူပါ ေျဖရွင္းစရာ နည္းလမ္းေကာင္း ျဖစ္ပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။

ပရီးမီးယားလိဂ္ ျပန္လည္ စတင္ကတည္းက နာဘီဟာ ပြဲေပါင္း ၂၂ ပြဲ ကစားကာ ကိုယ္တိုင္ ၃ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ လုပ္ထားႏုိင္တာ ျဖစ္ပါတယ္။