လီဗာပူးနဲ့ သီယေဂို အယ်ကန်တာရာကြား အပြောင်းအရွှေ့ သတင်းတွေ ထွက်လာတဲ့နောက် အက်စတွန်ဗီလာကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ သတင်းသမားတွေက သီယေဂိုကိစ္စ မေးမြန်းခဲ့ကြတယ်။

ကလော့ပ်ကတော့ အရင်တုန်းကလည်း အပြောင်းအရွှေ့ ကိစ္စတွေကို မသေချာတဲ့ အနေအထားကလွဲရင် အဖြေမပေးတတ်သလို ဒီတစ်ကြိမ်မှာလည်း အဖြေ မပေးပါဘူး။ ကလော့ပ်က သူဟာ သီယေဂိုကို အတော်လေး အထင်ကြီးပါတယ်လို့တော့ ပြန်ဖြေပေးခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က ” ဒီမေးခွန်းကို မဖြေပေးဘူးဆိုရင် ခင်ဗျားတို့ အားလုံး အံ့အားသင့်ကြမလား? အပြောင်းအရွှေ့ မေးခွန်းတွေကို ငါ ဘယ်တုန်းက ဖြေပေးခဲ့လို့တုန်း။ သီယေဂိုက သိပ်ကို ကောင်းတဲ့ ကစားသမားကောင်းပါ။ အခြားသော ကစားသမားကောင်းတွေလို့ပေါ့။ သူ့ကို ငါ အတော်လေး သဘောကျပါတယ်။ ဒီလောက်ပဲ ပြောပြနိုင်ပါတယ် ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။

ဘိုင်ယန်စီအီးအို ရူမန်နီဂီက သီယေဂိုကို စာချုပ်သစ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ထုတ်ဖော် ပြောဆိုသလို စပိန်ကစားသမားက နယ်မြေသစ်တွေကို ပြောင်းရွှေ့လိုနေတယ်လို့ ဝန်ခံခြင်းက လီဗာပူးနဲ့ သတင်းထွက်နေတဲ့ သီယေဂိုရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ပိုမို သတင်းကြီးလာစေခဲ့ပါတယ်။

မန်နေဂျာဖိလစ်ကတော့ သီယေဂိုကို လက်မလွတ်ရဖို့ သူလုပ်နိုင်တဲ့ ဆွဲဆောင်မှုတွေ အားလုံးကို ဆက်လက် လုပ်သွားမယ်လို့ ပြောဆိုထားလို့ ဘိုင်ယန်ဟာ ကစားသမားကို ဆက်ထိန်းဖို့တော့ လက်မလျော့သေးဘဲ ဆက်ကြိုးစားမယ်လို့ ယူဆရပါတယ်။

ZAWGYI

လီဗာပူးနဲ႔ သီေယဂို အယ္ကန္တာရာၾကား အေျပာင္းအေရႊ႔ သတင္းေတြ ထြက္လာတဲ့ေနာက္ အက္စတြန္ဗီလာကို ၂-၀ နဲ႔ အႏုိင္ရတဲ့ ပြဲအျပီးမွာ သတင္းသမားေတြက သီေယဂိုကိစၥ ေမးျမန္းခဲ့ၾကတယ္။

ကေလာ့ပ္ကေတာ့ အရင္တုန္းကလည္း အေျပာင္းအေရႊ႔ ကိစၥေတြကို မေသခ်ာတဲ့ အေနအထားကလြဲရင္ အေျဖမေပးတတ္သလို ဒီတစ္ၾကိမ္မွာလည္း အေျဖ မေပးပါဘူး။ ကေလာ့ပ္က သူဟာ သီေယဂိုကို အေတာ္ေလး အထင္ၾကီးပါတယ္လို႔ေတာ့ ျပန္ေျဖေပးခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ဒီေမးခြန္းကို မေျဖေပးဘူးဆိုရင္ ခင္ဗ်ားတို႔ အားလံုး အံ့အားသင့္ၾကမလား? အေျပာင္းအေရႊ႔ ေမးခြန္းေတြကို ငါ ဘယ္တုန္းက ေျဖေပးခဲ့လို႔တုန္း။ သီေယဂိုက သိပ္ကို ေကာင္းတဲ့ ကစားသမားေကာင္းပါ။ အျခားေသာ ကစားသမားေကာင္းေတြလို႔ေပါ့။ သူ႔ကို ငါ အေတာ္ေလး သေဘာက်ပါတယ္။ ဒီေလာက္ပဲ ေျပာျပႏုိင္ပါတယ္ ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္တယ္။

ဘိုင္ယန္စီအီးအို ရူမန္နီဂီက သီေယဂိုကို စာခ်ဳပ္သစ္ေပးဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုသလို စပိန္ကစားသမားက နယ္ေျမသစ္ေတြကို ေျပာင္းေရႊ႔လိုေနတယ္လို႔ ဝန္ခံျခင္းက လီဗာပူးနဲ႔ သတင္းထြက္ေနတဲ့ သီေယဂိုရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြကို ပိုမို သတင္းၾကီးလာေစခဲ့ပါတယ္။

မန္ေနဂ်ာဖိလစ္ကေတာ့ သီေယဂိုကို လက္မလြတ္ရဖို႔ သူလုပ္ႏုိင္တဲ့ ဆြဲေဆာင္မႈေတြ အားလံုးကို ဆက္လက္ လုပ္သြားမယ္လို႔ ေျပာဆိုထားလို႔ ဘိုင္ယန္ဟာ ကစားသမားကို ဆက္ထိန္းဖို႔ေတာ့ လက္မေလ်ာ့ေသးဘဲ ဆက္ၾကိဳးစားမယ္လို႔ ယူဆရပါတယ္။