လီဗာပူးအသင်းသား ဖြစ်လာခဲ့ပြီး အသင်းနဲ့ ကစားသမားဘဝ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်တဲ့ ဟာဗေး အီးလီးယော့ရဲ့ အင်တာဗျူးမှ ဖြေဆိုမှု အချို့ဖြစ်ပါတယ်။

မင်းက လီဗာပူးပရိသတ်တစ်ယောက်လဲ ဖြစ်နေတယ်။ ဒီတော့ ပရိသတ်တွေအတွက်၊ လီဗာပူးအတွက် ကစားပေးရတဲ့ ခံစားချက်နဲ့ ဒီမှာ ရှိနေရတာကို မင်းရဲ့ ဂုဏ်ယူမှုလေး ပြောပါဦး?

ရိုးရိုးသားသား ပြောရရင် ဂုဏ်ယူတယ်ဆိုတာထက် ပိုတယ်လို့ ပြောပရစေ။ အန်ဖီးကွင်းထဲကို ခြေချပြီး အာဆင်နယ်ကို ရင်ဆိုင်ကစားရချိန်မှာ ကျနော် အရမ်းကို ခံစားခဲ့ရပါတယ်။ ဒီကစားသမားတွေနဲ့အတူ ကစားရပြီး ဒီအသင်းအတွက် ကစားပေးရတာကိုက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာလို့ ထင်ပါတယ်။

ကွင်းထဲကို ခြေချချိန်မှာ ပရိသတ်တွေထံက You’ll Never Walk Alone သီချင်းကို ကြားရချိန်ကလည်း မျက်ရည်တောင် ဝဲခဲ့ရပါတယ်။ သူတို့အတွက် ကျနော် လုပ်နိုင်တာတွေကို ပြန်ပြီး လုပ်ပေးဖို့နဲ့ လုပ်ပြဖို့ မစောင့်နိုင်တော့ပါဘူး။

အသင်းနဲ့ လက်မှတ်ထိုးပြီးတဲ့နောက် မင်းစိတ်ထဲမှာ ဘယ်လို ပစ်မှတ်တွေ ရှိနေလဲ?

အားလုံးကို ယှဉ်ပြိုင်ပြီး အနိုင်ယူဖို့ ရည်မှန်းထားပါတယ်။ ကစားသမားတွေက သူတို့ ဆုဖလားတွေ အရယူနိုင်တယ်ဆိုတာကို ပြသထားပြီး ဒီရာသီမှာလည်း ဆုဖလား အနိုင်ယူထားပါတယ်။ လာမယ့် နှစ်တွေမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို အနိုင်ယူမယ့် အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်လိုပါတယ်။ ကြီးမားတဲ့ အစိတ်အပိုင်း အနေနဲ့ကို ပါဝင်လိုတာပါ။

လီဗာပူးအသင်း ကစားနိုင်တ့ အဆင့်အတန်းကို ရောက်လာမယ်လို့ ယုံကြည်လား?

အသေအချာပါပဲ။ အခွင့်အရေး ရလာခဲ့ရင် အသုံးချနိုင်ဖို့ လိုပါတယ်။ ကျနော် ပြောခဲ့သလိုပဲ ကျနေ်ာတို့ ခြေချခွင့်ရချိန်မှာ ကျနေ်ာတို့ရဲ့ ခြေစွမ်းတွေကို ပြနိုင်ဖို့ လိုပါတယ်။ လီဗာပူးအသင်းမှာ ထိပ်တန်းကစားသမားတွေနည်းတူ ကျနေ်ာတို့ကလည်း လုပ်နိုင်တယ်ဆိုတာ ပြသဖို့ လိုပါတယ်။ လူငယ်တွေအတွက်ကော စီနီယာတွေအတွက်ပါ ဒါက အားလုံး တိုက်ခိုက်ရမယ့် ကိစ္စကပါပဲ။ ကျနော်လည်း နေရာရဖို့ တိုက်ခိုက်သွားမှာပါ။

မေး – မင်းစိတ်ထဲမှာ မင်းအတွက် အခွင့်အရေးတွေ ရလာမယ်လို့ စပြီး ခံစားနေရလား?

ကျနော် အသေအချာကို ယုံကြည်နေတာပါ။

ZAWGYI

လီဗာပူးအသင္းသား ျဖစ္လာခ့ဲျပီး အသင္းနဲ႔ ကစားသမားဘဝ ပထမဆံုး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီျဖစ္တဲ့ ဟာေဗး အီးလီးေယာ့ရဲ႕ အင္တာဗ်ဴးမွ ေျဖဆိုမႈ အခ်ိဳ႔ျဖစ္ပါတယ္။

မင္းက လီဗာပူးပရိသတ္တစ္ေယာက္လဲ ျဖစ္ေနတယ္။ ဒီေတာ့ ပရိသတ္ေတြအတြက္၊ လီဗာပူးအတြက္ ကစားေပးရတဲ့ ခံစားခ်က္နဲ႔ ဒီမွာ ရွိေနရတာကို မင္းရဲ႕ ဂုဏ္ယူမႈေလး ေျပာပါဦး?

ရိုးရိုးသားသား ေျပာရရင္ ဂုဏ္ယူတယ္ဆိုတာထက္ ပိုတယ္လို႔ ေျပာပရေစ။ အန္ဖီးကြင္းထဲကို ေျခခ်ျပီး အာဆင္နယ္ကို ရင္ဆိုင္ကစားရခ်ိန္မွာ က်ေနာ္ အရမ္းကို ခံစားခဲ့ရပါတယ္။ ဒီကစားသမားေတြနဲ႔အတူ ကစားရျပီး ဒီအသင္းအတြက္ ကစားေပးရတာကိုက အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာတာလို႔ ထင္ပါတယ္။

ကြင္းထဲကို ေျခခ်ခ်ိန္မွာ ပရိသတ္ေတြထံက You’ll Never Walk Alone သီခ်င္းကို ၾကားရခ်ိန္ကလည္း မ်က္ရည္ေတာင္ ဝဲခဲ့ရပါတယ္။ သူတို႔အတြက္ က်ေနာ္ လုပ္ႏုိင္တာေတြကို ျပန္ျပီး လုပ္ေပးဖို႔နဲ႔ လုပ္ျပဖို႔ မေစာင့္ႏုိင္ေတာ့ပါဘူး။

အသင္းနဲ႔ လက္မွတ္ထိုးျပီးတဲ့ေနာက္ မင္းစိတ္ထဲမွာ ဘယ္လို ပစ္မွတ္ေတြ ရွိေနလဲ?

အားလံုးကို ယွဥ္ျပိဳင္ျပီး အႏုိင္ယူဖို႔ ရည္မွန္းထားပါတယ္။ ကစားသမားေတြက သူတို႔ ဆုဖလားေတြ အရယူႏုိင္တယ္ဆိုတာကို ျပသထားျပီး ဒီရာသီမွာလည္း ဆုဖလား အႏုိင္ယူထားပါတယ္။ လာမယ့္ ႏွစ္ေတြမွာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားေတြကို အႏုိင္ယူမယ့္ အသင္းရဲ႕ အစိတ္အပိုင္းအျဖစ္ ပါဝင္လိုပါတယ္။ ၾကီးမားတဲ့ အစိတ္အပိုင္း အေနနဲ႔ကို ပါဝင္လိုတာပါ။

လီဗာပူးအသင္း ကစားႏုိုင္တ့ အဆင့္အတန္းကို ေရာက္လာမယ္လို႔ ယံုၾကည္လား?

အေသအခ်ာပါပဲ။ အခြင့္အေရး ရလာခဲ့ရင္ အသံုးခ်ႏုိင္ဖို႔ လိုပါတယ္။ က်ေနာ္ ေျပာခဲ့သလိုပဲ က်ေန္ာတုိ႔ ေျခခ်ခြင့္ရခ်ိန္မွာ က်ေန္ာတို႔ရဲ႕ ေျခစြမ္းေတြကို ျပႏုိင္ဖို႔ လိုပါတယ္။ လီဗာပူးအသင္းမွာ ထိပ္တန္းကစားသမားေတြနည္းတူ က်ေန္ာတို႔ကလည္း လုပ္ႏုိင္တယ္ဆိုတာ ျပသဖို႔ လိုပါတယ္။ လူငယ္ေတြအတြက္ေကာ စီနီယာေတြအတြက္ပါ ဒါက အားလံုး တိုက္ခိုက္ရမယ့္ ကိစၥကပါပဲ။ က်ေနာ္လည္း ေနရာရဖို႔ တိုက္ခိုက္သြားမွာပါ။

ေမး – မင္းစိတ္ထဲမွာ မင္းအတြက္ အခြင့္အေရးေတြ ရလာမယ္လို႔ စျပီး ခံစားေနရလား?

က်ေနာ္ အေသအခ်ာကို ယံုၾကည္ေနတာပါ။