ဒီကြားရက် ကြာသပတေးနေ့ မနက် ၁း၄၅ နာရီမှာတော့ ဘရိုက်တန် အိမ်ကွင်းထံသွားပြီး လီဗာပူးအသင်း သွားရောက် ယှဉ်ပြိုင်မှာဖြစ်တယ်။

ဘရိုက်တန်ဟာ တန်းဆင်းဇုန် ရုန်းအားကနေ စတင် ကင်းလွှတ်နေတဲ့ အသင်းဖြစ်ပြီး လီဗာပူးကလည်း ချန်ပီယံဖြစ်ခဲ့ပြီး အသင်းဖြစ်တယ်။ ဒီပွဲကတော့ လီဗာပူးအတွက် ရမှတ်ဆိုတာထက် စံချိန်တွေချိုးဖို့ အနိုင်သုံးမှတ် ရယူမယ့် ပွဲတစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။

အိုဝင်က ” ဘရိုက်တန်က ဒီရာသီ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်လာတဲ့ အနေအထားဖြစ်ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ နော်ဝစ်နဲ့ အဝေးကွင်းပွဲကို ၁-၀ နဲ့ အနိုင်ရထားတာက သူတို့ကို အကူအညီကြီး ဖြစ်စေခဲ့တယ်။ သူတို့အသင်းက နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲအတွင်း ၁ ပွဲကိုပဲ အရေးနိမ့်ခဲ့ပါတယ်။

လီဗာပူးကတော့ အန်ဖီးကွင်းမှာ အက်စတွန်ဗီလာကို ရင်ဆိုင်ကစားပြီး ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘန်လေနဲ့ ချယ်ဆီးပဲ ကျန်တော့တဲ့ အိမ်ကွင်းပွဲ ၁၇ ပွဲလုံးကို အားလုံး အနိုင်ရအောင် ကစားထားတယ်။ လက်ကျန် အိမ်ကွင်းပွဲ ၂ ပွဲကို အနိုင်ရရင် လွန်ခဲ့တဲ့ ၁၂၈ နှစ်က တစ်ရာသီလုံး အိမ်ကွင်းပွဲ အားလုံး အနိုင်ရထားတဲ့ ဆန်းဒါးလန်းရဲ့ စံချိန်ကို လိုက်မှီပါမယ်။

လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပေမယ့် စံချိန်သစ်တွေ တင်ဖို့အတွက် ကိုးစားလိုစိတ် ရှိနေဆဲပါ။ အိမ်ရှင် ဘရိုက်တန်က လီဗာပူးနဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ထားတဲ့ ၅ ကြိမ်မှာ တိုက်စစ်က ၂ ဂိုးပဲ ရယူထားပေမယ့် ခံစစ်က ၁၃ ဂိုး ပေးထားရပြီး တစ်ပွဲမှလည်း မနိုင်ထားပါဘူး။ ဘရိုက်တန်အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ ” လို့ သုံးသပ်ခဲ့ပါတယ်။

ဘရိုက်တန်နဲ့ လီဗာပူးပွဲအတွက် မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ ဘရိုက်တန် ၁-၂ လီဗာပူး ဖြစ်ပါတယ်။

ZAWGYI

ဒီၾကားရက္ ၾကာသပေတးေန႔ မနက္ ၁း၄၅ နာရီမွာေတာ့ ဘရိုက္တန္ အိမ္ကြင္းထံသြားျပီး လီဗာပူးအသင္း သြားေရာက္ ယွဥ္ျပိဳင္မွာျဖစ္တယ္။

ဘရိုက္တန္ဟာ တန္းဆင္းဇုန္ ရုန္းအားကေန စတင္ ကင္းလႊတ္ေနတဲ့ အသင္းျဖစ္ျပီး လီဗာပူးကလည္း ခ်န္ပီယံျဖစ္ခဲ့ျပီး အသင္းျဖစ္တယ္။ ဒီပြဲကေတာ့ လီဗာပူးအတြက္ ရမွတ္ဆိုတာထက္ စံခ်ိန္ေတြခ်ိဳးဖို႔ အႏုိင္သံုးမွတ္ ရယူမယ့္ ပြဲတစ္ပြဲ ျဖစ္သြားႏုိင္ပါတယ္။

အိုဝင္က ” ဘရိုက္တန္က ဒီရာသီ တန္းဆင္းဇုန္ကေန ရုန္းထြက္ႏုိင္လာတဲ့ အေနအထားျဖစ္ပါတယ္။ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ေနာ္ဝစ္နဲ႔ အေဝးကြင္းပြဲကို ၁-၀ နဲ႔ အႏုိင္ရထားတာက သူတို႔ကို အကူအညီၾကီး ျဖစ္ေစခဲ့တယ္။ သူတို႔အသင္းက ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပရီးမီးယားလိဂ္ပြဲ ၅ ပြဲအတြင္း ၁ ပြဲကိုပဲ အေရးနိမ့္ခဲ့ပါတယ္။

လီဗာပူးကေတာ့ အန္ဖီးကြင္းမွာ အက္စတြန္ဗီလာကို ရင္ဆိုင္ကစားျပီး ၂-၀ နဲ႔ အႏုိင္ရခဲ့ပါတယ္။ ဒါေၾကာင့္ ဘန္ေလနဲ႔ ခ်ယ္ဆီးပဲ က်န္ေတာ့တဲ့ အိမ္ကြင္းပြဲ ၁၇ ပြဲလံုးကို အားလံုး အႏုိင္ရေအာင္ ကစားထားတယ္။ လက္က်န္ အိမ္ကြင္းပြဲ ၂ ပြဲကို အႏုိင္ရရင္ လြန္ခဲ့တဲ့ ၁၂၈ ႏွစ္က တစ္ရာသီလံုး အိမ္ကြင္းပြဲ အားလံုး အႏုိင္ရထားတဲ့ ဆန္းဒါးလန္းရဲ႕ စံခ်ိန္ကို လိုက္မွီပါမယ္။

လီဗာပူးက ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္လာေပမယ့္ စံခ်ိန္သစ္ေတြ တင္ဖို႔အတြက္ ကိဳးစားလိုစိတ္ ရွိေနဆဲပါ။ အိမ္ရွင္ ဘရိုက္တန္က လီဗာပူးနဲ႔ ေနာက္ဆံုး ထိပ္တိုက္ေတြ႔ထားတဲ့ ၅ ၾကိမ္မွာ တိုက္စစ္က ၂ ဂိုးပဲ ရယူထားေပမယ့္ ခံစစ္က ၁၃ ဂိုး ေပးထားရျပီး တစ္ပြဲမွလည္း မႏုိင္ထားပါဘူး။ ဘရိုက္တန္အတြက္ ခက္ခဲတဲ့ ေန႔တစ္ေန႔ ျဖစ္လာမွာပါ ” လို႔ သံုးသပ္ခဲ့ပါတယ္။

ဘရိုက္တန္နဲ႔ လီဗာပူးပြဲအတြက္ မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ကေတာ့ ဘရိုက္တန္ ၁-၂ လီဗာပူး ျဖစ္ပါတယ္။