ဒီအပတ်မှာတော့ လီဗာပူးက ဘရိုက်တန် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် အရင်ပွဲတွေလိုပဲ လီဗာပူးက နိုင်ပွဲ ရယူသွားမယ်လို့ လော်ရိုးက သုံးသပ်သွားပါတယ်။

လီဗာပူးဟာ မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် အက်စတွန်ဗီလာကို အနိုင်ယူထားပြီး ဒီအပတ် ဘရိုက်တန်ပွဲမှာတော့ လူငယ် ကစားသမားတွေ ထည့်သုံးမယ်လို့ ယူဆရသလို ကီတာအပြင် မီနာမီနိုတို့ကိုလည်း ထည့်သုံးဖွယ် ရှိပါတယ်။

လော်ရိုးက ပြောရာမှာ ” အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူးက သူတို့ရဲ့ ခြေစွမ်းကို အချိန်တိုလောက် ပြသခဲ့ပါသေးတယ်။ မန်နေဂျာယာဂင်ကလော့ပ်က သူ့အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး လီဗာပူးအသင်းရဲ့ ဘောလုံးပေးမှုတွေက အရမ်းတော့ မကောင်းပါဘူး။

ဗီလာပွဲရဲ့ ပွဲချိန် တစ်နာရီလောက်မှာတော့ မန်နေဂျာကလော့ပ်က လူစားလဲမှု သုံးခုလောက်ကို လုပ်ခဲ့ပြီး သူတို့ ကစားပုံ ပိုကောင်းလာခဲ့တယ်။ ဘရိုက်တန်က တန်းဆင်းဇုန်း အန္တရာယ်ကနေ ကင်းလွှတ်လာပြီဖြစ်ပေမယ့် လီဗာပူးကို ခက်ခဲအောင် လုပ်မယ်လို့ ကျနော် ယူဆပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်းကပဲ ဘရိုက်တန်ကို အနိုင်ယူမှာပါ။ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်းအသင်းထံ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်တိုင်း လီဗာပူးက အနိုင်ရထားတယ်။ ဒီပွဲကလည်း လီဗာပူးအသင်း နောက်ထပ် နိုင်ပွဲရမယ့် ပွဲတစ်ပွဲ ဖြစ်လာပါမယ်။ ” လို့ သုံးသပ်သွားခဲ့တယ်။

ဘရိုက်တန်နဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ရလဒ်ခန့်မှန်းက ဘရိုက်တန် ဝ-၂ လီဗာပူး ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးက ဘရိုက္တန္ အိမ္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ေပမယ့္ အရင္ပြဲေတြလိုပဲ လီဗာပူးက ႏုိင္ပြဲ ရယူသြားမယ္လို႔ ေလာ္ရိုးက သုံးသပ္သြားပါတယ္။

လီဗာပူးဟာ မန္စီးတီးကို အေရးနိမ့္ခဲ့ေပမယ့္ အက္စတြန္ဗီလာကို အႏုိင္ယူထားျပီး ဒီအပတ္ ဘရိုက္တန္ပြဲမွာေတာ့ လူငယ္ ကစားသမားေတြ ထည့္သံုးမယ္လို႔ ယူဆရသလို ကီတာအျပင္ မီနာမီႏိုတို႔ကိုလည္း ထည့္သံုးဖြယ္ ရွိပါတယ္။

ေလာ္ရိုးက ေျပာရာမွာ ” အက္စတြန္ဗီလာနဲ႔ပြဲမွာ လီဗာပူးက သူတို႔ရဲ႕ ေျခစြမ္းကို အခ်ိန္တိုေလာက္ ျပသခဲ့ပါေသးတယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္က သူ႔အသင္းကို အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ျပီး လီဗာပူးအသင္းရဲ႕ ေဘာလံုးေပးမႈေတြက အရမ္းေတာ့ မေကာင္းပါဘူး။

ဗီလာပြဲရဲ႕ ပြဲခ်ိန္ တစ္နာရီေလာက္မွာေတာ့ မန္ေနဂ်ာကေလာ့ပ္က လူစားလဲမႈ သံုးခုေလာက္ကို လုပ္ခဲ့ျပီး သူတို႔ ကစားပံု ပိုေကာင္းလာခဲ့တယ္။ ဘရိုက္တန္က တန္းဆင္းဇုန္း အႏၱရာယ္ကေန ကင္းလႊတ္လာျပီျဖစ္ေပမယ့္ လီဗာပူးကို ခက္ခဲေအာင္ လုပ္မယ္လို႔ က်ေနာ္ ယူဆပါတယ္။

ဒီပြဲမွာ လီဗာပူးအသင္းကပဲ ဘရိုက္တန္ကို အႏုိင္ယူမွာပါ။ ပရီးမီးယားလိဂ္မွာ ဘရိုက္တန္းအသင္းထံ အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္တိုင္း လီဗာပူးက အႏုိင္ရထားတယ္။ ဒီပြဲကလည္း လီဗာပူးအသင္း ေနာက္ထပ္ ႏုိင္ပြဲရမယ့္ ပြဲတစ္ပြဲ ျဖစ္လာပါမယ္။ ” လို႔ သံုးသပ္သြားခဲ့တယ္။

ဘရိုက္တန္နဲ႔ လီဗာပူးပြဲအတြက္ ေလာ္႐ိုးရဲ႕ ရလဒ္ခန႔္မွန္းက ဘ႐ိုက္တန္ ဝ-၂ လီဗာပူး ျဖစ္ပါတယ္။