မန်ယူအသင်းဟာ ဆွမ်ဆီး အသင်းရဲ့တောင်ပံကစားသမားလေး ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူဖို့ အတော်လေးကို နီးစပ်သွားခဲ့ပြီဖြစ်ပြီး မကြာခင်မှာ အတည်ပြုသတင်းတွေ ကြေညာနိုင်ပါတယ်။

တောင်ပံ ကစားသမားလေးဟာ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရိုင်ယန်ဂစ် လက်သစ်အဖြစ် သတ်မှတ်ခြင်း ခံနေရပြီး ဆွမ်ဆီး အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ မန်ယူ အသင်းက အဆိုပါ ဆွမ်ဆီး တောင်ပံ ကစားသမားလေး ဂျိမ်းစ်ကို ခေါ်နိုင်ဖို့ လီဗာပူး အသင်းကို အသာရအောင် ကြိုးစားခဲ့ရတာပါ။

ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက လိဒ်အသင်းထံ ပေါင် ၈.၅ သန်းနဲ့ ပြောင်းဖို့ နီးစပ်ခဲ့သေးပေမယ့် ဆွမ်းဆီးဘက်က ပယ်ချခဲ့ပြီး အသင်းမပြောင်းဖြစ်ခဲ့ပါဘူး။ နွေမှာတော့ ယူနိုက်တက်ကို ပေါင် ၁၅ သန်းနဲ့ရောက်ဖို့ အတော်လေး နီးစပ်သွားပါပြီ။

ဒန်နီယယ်ဟာ တောင်ပံတိုက်စစ်မှာသာမက ကွင်းလယ်တိုက်စစ်မှာပါ ကစားနိုင်သူဖြစ်ပြီး မန်ယူဂန္တဝင် တောင်ပံကစားသမားဟောင်းနဲ့ လက်ရှိ လက်ရွေးစင်အသင်းနည်းပြ ရိုင်ယန်ဂစ် နဲ့ ကစားပုံဆင်တူတယ်လို့ ချီးကျူးခြင်းခံထားရသူဖြစ်တယ်။

ဂျိမ်းစ်ဟာ ပြေးအားနဲ့ တစ်ဦးချင်းစွမ်းရည်မှာ ကောင်းမွန်ပြီး အကောင်းဆုံး နေရာယူမှုတွေ နဲ့ အဆုံးသတ် စွမ်းရည်တွေဟာ အတော်လေးကောင်းတယ်လို့ သိရပါတယ်။