မနက်ဖြန် ညနက် ကြာသပတေးနေ့ နံနက် ၁း၄၅ နာရီ မှာတော့ အမ်းမရိတ်ကွင်းကို သွားပြီး လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီပွဲက လီဗာပူးအတွက် အရေးမပါတဲ့ ပွဲတစ်ပွဲလို့ ဆိုနိုင်ပေမယ့် အာဆင်နယ်အတွက်တော့ ဥရောပဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်တယ်။ လက်ကျန်ပွဲတွေမှာ လီဗာပူးအသင်းဟာ အိမ်ဖြည့်အဖြစ် လိုက်ကစားနေရပြီး မီဒီယာတွေကလည်း စံချိန်တွေ ဆက်ယူဖို့ဆိုတဲ့ တွန်းအားတွေနဲ့ လီဗာပူးကို ပြိုင်ပွဲမှာ အေးအေးဆေးဆေး ဖြစ်မနေဖို့ လုံ့ဆော်မှုတွေ လုပ်နေပါတယ်။

မိုက်ကယ်အိုဝင်က ” အာဆင်နယ်က ယူရိုပါလိဂ် ဝင်ခွင့်အတွက် ကောင်းမွန်စွာ ကြိုးစားနေပေမယ့်လည်း အိမ်ကွင်းမှာ လက်စတာကို သရေကျပြီး မြောက်လန်ဒန်ဒါဘီမှာ စပါးကို အရေးနိမ့်ခဲ့တာကြောင့် သံသယဝင်စရာ အနေအထားကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးက အိမ်ကွင်းမှာ ဘန်လေကို သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အိမ်ကွင်းအားလုံး အနိုင်ရတဲ့ ပထမဆုံးအသင်း ဖြစ်ဖို့ဆိုတဲ့ မျှော်လင့်ချက်က ပျက်ပြယ်ခ့ရပြီ ဖြစ်ပါတယ်။ အခြားသော စံချိန်ကောင်း တစ်ခု၊ နှစ်လောက်ကို လီဗာပူးက ချိုးဖျက်နိုင်ဖို့ ရှိနေသေးပြီး ဒီပွဲမှာတော့ လီဗာပူးကပဲ အသာရကာ ၂-၁ ဆိုတဲ့ ရလဒ် ထွက်ပေါ်လာပါလိမ့်မယ်။ ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ပွဲနဲ့ပက်သက်ပြီး အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၁-၂ လီဗာပူး လို့ ဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္ ညနက္ ၾကာသပေတးေန႔ နံနက္ ၁း၄၅ နာရီ မွာေတာ့ အမ္းမရိတ္ကြင္းကို သြားျပီး လီဗာပူးက ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၆ ကို ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ဒီပြဲက လီဗာပူးအတြက္ အေရးမပါတဲ့ ပြဲတစ္ပြဲလို႔ ဆိုႏုိင္ေပမယ့္ အာဆင္နယ္အတြက္ေတာ့ ဥေရာပဝင္ခြင့္အတြက္ အေရးပါတဲ့ ပြဲတစ္ပြဲျဖစ္တယ္။ လက္က်န္ပြဲေတြမွာ လီဗာပူးအသင္းဟာ အိမ္ျဖည့္အျဖစ္ လုိက္ကစားေနရျပီး မီဒီယာေတြကလည္း စံခ်ိန္ေတြ ဆက္ယူဖို႔ဆိုတဲ့ တြန္းအားေတြနဲ႔ လီဗာပူးကို ျပိဳင္ပြဲမွာ ေအးေအးေဆးေဆး ျဖစ္မေနဖို႔ လံု႔ေဆာ္မႈေတြ လုပ္ေနပါတယ္။

မိုက္ကယ္အိုဝင္က ” အာဆင္နယ္က ယူရိုပါလိဂ္ ဝင္ခြင့္အတြက္ ေကာင္းမြန္စြာ ၾကိဳးစားေနေပမယ့္လည္း အိမ္ကြင္းမွာ လက္စတာကို သေရက်ျပီး ေျမာက္လန္ဒန္ဒါဘီမွာ စပါးကို အေရးနိမ့္ခဲ့တာေၾကာင့္ သံသယဝင္စရာ အေနအထားကို ပိုင္ဆိုင္လာခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးက အိမ္ကြင္းမွာ ဘန္ေလကို သေရက်ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းမွာ အိမ္ကြင္းအားလံုး အႏုိင္ရတဲ့ ပထမဆံုးအသင္း ျဖစ္ဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္က ပ်က္ျပယ္ခ့ရျပီ ျဖစ္ပါတယ္။ အျခားေသာ စံခ်ိန္ေကာင္း တစ္ခု၊ ႏွစ္ေလာက္ကို လီဗာပူးက ခ်ိဳးဖ်က္ႏုိင္ဖို႔ ရွိေနေသးျပီး ဒီပြဲမွာေတာ့ လီဗာပူးကပဲ အသာရကာ ၂-၁ ဆိုတဲ့ ရလဒ္ ထြက္ေပၚလာပါလိမ့္မယ္။ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ပြဲနဲ႔ပက္သက္ျပီး အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ အာဆင္နယ္ ၁-၂ လီဗာပူး လို႔ ျဖစ္ပါတယ္။