ပရီးမီးယားလိဂ်က လာမယ့်ရာသီအတွက် ကစားသမား အရောင်းအဝယ် ပြုလုပ်ဖို့ နွေဈေးကွက်ကို ဒီလ ဇူလိုင်လက ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့ထိ ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။

ဝက်ကွမ်ဘီအသင်းမှ အသက် ၃၈ နှစ်အရွယ် နိုင်ဂျီးရီးယား တိုက်စစ်သမား အဒီဘာယိုကို အသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလား အောင်မြင်မှုအတွက် အောင်ပွဲခံချိန်မှာ အတူပါဝင်ဖို့ လီဗာပူးအသင်းက တရားဝင် ဖိတ်ခေါ်လိုက်ပြီဖြစ်ပါတယ်။

မန်စီးတီးကို ဥရောပကနေ နှစ်ရာသီ ပွဲပယ်ဖို့ ကိစ္စအား အရေးယူဖို့ လုပ်ဆောင်ရာမှာ မအောင်မြင်ခဲ့တာက ဘောလုံးကမ္ဘာအတွက် မကောင်းတဲ့ ကိစ္စလို့ မန်နေဂျာယာဂင်ကလော့ပ်က ပေါ်တင် ထုတ်ပြောလိုက်ပါတယ်။

ဘန်လေကို သရေကျတဲ့ပွဲမှာ ဖာမင်နိုက သွင်းဂိုး မရယူနိုင်ခဲ့ပေမယ့် တစ်သင်းလုံးမှာ ဖန်တီးမှု အမြင့်ဆုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီး ဖာမင်နိုကို လူစာရင်းကနေ ဖယ်ထုတ်ကာ သူ့ရဲ့ နည်းစနစ်ပိုင်း ပံ့ပို့မှုနေရာအတွက် အစားထိုးဖို့ မလွယ်လှသေးပါဘူး။

ယူအီးအက်ဖ်အေက မန်စီးတီးထံကရတဲ့ ဒဏ်ကြေး ယူရို ၁၀ သန်းကို အခြားသော ဥရောပ ပြိုင်ပွဲတွေ ဝင်ခွင့်ရ အသင်းတွေကို ခွဲဝေပေးသွားဖို့ ရှိနေပါတယ်။

လီဗာပူး လူငယ်ကစားသမား အဒမ်လူးဝစ်ဟာ ကလပ်နဲ့ ကာလရှည် သက်တမ်းတိုးလိုက်ပြီဖြစ်ပြီး နွေမှာတော့ အငှား ထွက်ကစားဖွယ် ရှိနေပါတယ်။

ကွင်းလယ်လူ လယ်လာနာက ပွဲနေ့တွေမှာ ပါဝင်သွားဖို့ မရှိပေမယ့် သူနောက်ဆုံး လေ့ကျင့်ခွင့်ရနေတဲ့ လေ့ကျင့်ရေး အစီအစဉ်တိုင်းကို ပျော်ရွှင်စွာ ပါဝင်နေပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ကွင်းလယ်လူ ဂျိမ်းမီလ်နာဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်နေပေမယ့်လည်း အာဆင်နယ်နဲ့ ခရီးကို လိုက်ပါသွားဖွယ် မရှိကာ ချယ်ဆီးနဲ့ပွဲမှ ပြန်လည် ပါဝင်ဖွယ် ရှိပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပွဲတွေမှာ ကွင်းထဲ ပရိသတ်တွေ ဘယ်လောက် ဝင်ခွင့်ပေးမလဲဆိုတာကို တွက်ချက်မှုတွေ စတင်နေပြီး အန်ဖီးကွင်းကတော့ ပွဲနေ့တွေမှာ ပရိသတ် ၂၁၆၂၉ ဦး ဝင်ခွင့်ပေးမယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ပွဲမှာ အာဆင်နယ်ကစားသမား ၆ ဦးလောက်က ဒဏ်ရာကြောင့် ပါမှာ မဟုတ်သလို အိုဇေးကိုလည်း လူစာရင်းထဲ ထည့်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္က လာမယ့္ရာသီအတြက္ ကစားသမား အေရာင္းအဝယ္ ျပဳလုပ္ဖို႔ ေႏြေစ်းကြက္ကို ဒီလ ဇူလိုင္လက ၂၇ ရက္ေန႔ကေန ေအာက္တိုဘာလ ၅ ရက္ေန႔ထိ ဖြင့္လွစ္သြားဖို႔ ရွိေနပါတယ္။

ဝက္ကြမ္ဘီအသင္းမွ အသက္ ၃၈ ႏွစ္အရြယ္ ႏုိင္ဂ်ီးရီးယား တိုက္စစ္သမား အဒီဘာယိုကို အသင္းရဲ႕ ပရီးမီးယားလိဂ္ ဆုဖလား ေအာင္ျမင္မႈအတြက္ ေအာင္ပြဲခံခ်ိန္မွာ အတူပါဝင္ဖို႔ လီဗာပူးအသင္းက တရားဝင္ ဖိတ္ေခၚလိုက္ျပီျဖစ္ပါတယ္။

မန္စီးတီးကို ဥေရာပကေန ႏွစ္ရာသီ ပြဲပယ္ဖို႔ ကိစၥအား အေရးယူဖို႔ လုပ္ေဆာင္ရာမွာ မေအာင္ျမင္ခဲ့တာက ေဘာလံုးကမၻာအတြက္ မေကာင္းတဲ့ ကိစၥလို႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေပၚတင္ ထုတ္ေျပာလိုက္ပါတယ္။

ဘန္ေလကို သေရက်တဲ့ပြဲမွာ ဖာမင္ႏိုက သြင္းဂိုး မရယူႏုိင္ခဲ့ေပမယ့္ တစ္သင္းလံုးမွာ ဖန္တီးမႈ အျမင့္ဆံုး မွတ္တမ္းကို ပိုင္ဆိုင္ခဲ့ျပီး ဖာမင္ႏိုကို လူစာရင္းကေန ဖယ္ထုတ္ကာ သူ႔ရဲ႕ နည္းစနစ္ပိုင္း ပံ့ပို႔မႈေနရာအတြက္ အစားထိုးဖို႔ မလြယ္လွေသးပါဘူး။

ယူအီးအက္ဖ္ေအက မန္စီးတီးထံကရတဲ့ ဒဏ္ေၾကး ယူ၇ို ၁၀ သန္းကို အျခားေသာ ဥေရာပ ျပိဳင္ပြဲေတြ ဝင္ခြင့္ရ အသင္းေတြကို ခြဲေဝေပးသြားဖို႔ ရွိေနပါတယ္။

လီဗာပူး လူငယ္ကစားသမား အဒမ္လူးဝစ္ဟာ ကလပ္နဲ႔ ကာလရွည္ သက္တမ္းတိုးလိုက္ျပီျဖစ္ျပီး ေႏြမွာေတာ့ အငွား ထြက္ကစားဖြယ္ ရွိေနပါတယ္။

ကြင္းလယ္လူ လယ္လာနာက ပြဲေန႔ေတြမွာ ပါဝင္သြားဖို႔ မရွိေပမယ့္ သူေနာက္ဆံုး ေလ့က်င့္ခြင့္ရေနတဲ့ ေလ့က်င့္ေရး အစီအစဥ္တိုင္းကို ေပ်ာ္ရႊင္စြာ ပါဝင္ေနပါတယ္လုိ႔ ထုတ္ေျပာလိုက္ပါတယ္။

ကြင္းလယ္လူ ဂ်ိမ္းမီလ္နာဟာ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ ပါဝင္ေနေပမယ့္လည္း အာဆင္နယ္နဲ႔ ခရီးကို လိုက္ပါသြားဖြယ္ မရွိကာ ခ်ယ္ဆီးနဲ႔ပြဲမွ ျပန္လည္ ပါဝင္ဖြယ္ ရွိပါတယ္။

လာမယ့္ရာသီ ပရီးမီးယားလိဂ္ပြဲေတြမွာ ကြင္းထဲ ပရိသတ္ေတြ ဘယ္ေလာက္ ဝင္ခြင့္ေပးမလဲဆိုတာကို တြက္ခ်က္မႈေတြ စတင္ေနျပီး အန္ဖီးကြင္းကေတာ့ ပြဲေန႔ေတြမွာ ပရိသတ္ ၂၁၆၂၉ ဦး ဝင္ခြင့္ေပးမယ္လို႔ သိရပါတယ္။

လီဗာပူးနဲ႔ပြဲမွာ အာဆင္နယ္ကစားသမား ၆ ဦးေလာက္က ဒဏ္ရာေၾကာင့္ ပါမွာ မဟုတ္သလို အိုေဇးကိုလည္း လူစာရင္းထဲ ထည့္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။