ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ အသင်းသမိုင်းမှာ သမိုင်းဝင် အခမ်းအနားဖြစ်လာမယ့် ဆုပေးပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ။

လာမယ့် အပတ်မှာတော့ လီဗာပူးဟာ အန်ဖီးကွင်းမှာ တရားဝင် ဆုပေးပွဲနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်ခံရရှိမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ နောက်ဆုံးသော အိမ်ကွင်းပွဲမှာ ဆုရလေ့ရှိတဲ့ အစဉ်အလာအတိုင်းပဲ လီဗာပူးကလည်း အိမ်ကွင်း နောက်ဆုံးပွဲမှာ ချန်ပီယံဆု ကိုင်မြှောက်ခွင့်ရမှာဖြစ်တယ်။

အာဆင်နယ်ပွဲအပြီး ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲက လီဗာပူးအတွက် နောက်ဆုံး အိမ်ကွင်းဖြစ်လာပါမယ်။ လောလောဆယ်တော့ the Kop ပွဲကြည့်စင် အနောက်ဘက်မှာ တည်ဆောက်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဆုပေးပွဲ အခမ်းအနားကို ချယ်ဆီးပွဲအပြီး အဆိုပါ ပွဲကြည့်စင်မှာ ပေးသွားမှာဖြစ်တယ်။

ဆုပေးချိန်မှာ ကွင်းတစ်ခုလုံးကို အမှောင်ချပြီး ပွဲကြည့်စင် လေးဖက်လေးတန်က အမိုးတိုင်းကနေ မီးရှုးမီးပန်းတွေ ပစ်ဖောက်မှုတွေ လုပ်ကာ သမိုင်းဝင် အခမ်းအနားကို ဂုဏ်ပြုမယ်လို့ သိရတယ်။ ဒီပွဲမှာတော့ ကလပ်ရဲ့ အရေးကြီး ပုဂ္ဂိုလ်အချို့ တက်ရောက်ဖွယ်ရှိပြီး အသင်းပိုင်ရှင် အဖွဲ့ လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။

အိမ်ကွင်း နောက်ဆုံးပွဲမှာလည်း ပရိသတ်တွေကို အန်ဖီးကွင်းအနား မလာစေဘဲ သီးသန့် အစီအစဉ်တွေဖြင့် ဆုပေးပွဲ အခမ်းအနားကို လုပ်ဆောင်မှာဖြစ်ပေမယ့် မြို့တွင်း လှည့်လည်တဲ့ အောင်ပွဲခံမှုကိုတော့ အာဏာပိုင်တွေက ခွင့်ပြုမိန့် ပေးချိန်မှာ သီးသန့် အစီအစဉ်နဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းဟာ အသင္းသမိုင္းမွာ သမိုင္းဝင္ အခမ္းအနားျဖစ္လာမယ့္ ဆုေပးပြဲအတြက္ ၾကိဳတင္ ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနပါျပီ။

လာမယ့္ အပတ္မွာေတာ့ လီဗာပူးဟာ အန္ဖီးကြင္းမွာ တရားဝင္ ဆုေပးပြဲနဲ႔အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို လက္ခံရရွိမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ ေနာက္ဆံုးေသာ အိမ္ကြင္းပြဲမွာ ဆုရေလ့ရွိတဲ့ အစဥ္အလာအတိုင္းပဲ လီဗာပူးကလည္း အိမ္ကြင္း ေနာက္ဆံုးပြဲမွာ ခ်န္ပီယံဆု ကိုင္ေျမွာက္ခြင့္ရမွာျဖစ္တယ္။

အာဆင္နယ္ပြဲအျပီး ခ်ယ္ဆီးနဲ႔ ရင္ဆိုင္ရမယ့္ပြဲက လီဗာပူးအတြက္ ေနာက္ဆံုး အိမ္ကြင္းျဖစ္လာပါမယ္။ ေလာေလာဆယ္ေတာ့ the Kop ပြဲၾကည့္စင္ အေနာက္ဘက္မွာ တည္ေဆာက္မႈေတြ စတင္ေနျပီျဖစ္ပါတယ္။ ဆုေပးပြဲ အခမ္းအနားကို ခ်ယ္ဆီးပြဲအျပီး အဆိုပါ ပြဲၾကည့္စင္မွာ ေပးသြားမွာျဖစ္တယ္။

ဆုေပးခ်ိန္မွာ ကြင္းတစ္ခုလံုးကို အေမွာင္ခ်ျပီး ပြဲၾကည့္စင္ ေလးဖက္ေလးတန္က အမိုးတိုင္းကေန မီးရႈးမီးပန္းေတြ ပစ္ေဖာက္မႈေတြ လုပ္ကာ သမိုင္းဝင္ အခမ္းအနားကို ဂုဏ္ျပဳမယ္လို႔ သိရတယ္။ ဒီပြဲမွာေတာ့ ကလပ္ရဲ႕ အေရးၾကီး ပုဂၢိဳလ္အခ်ိဳ႔ တက္ေရာက္ဖြယ္ရွိျပီး အသင္းပိုင္ရွင္ အဖြဲ႔ လာေရာက္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အိမ္ကြင္း ေနာက္ဆံုးပြဲမွာလည္း ပရိသတ္ေတြကို အန္ဖီးကြင္းအနား မလာေစဘဲ သီးသန္႔ အစီအစဥ္ေတြျဖင့္ ဆုေပးပြဲ အခမ္းအနားကို လုပ္ေဆာင္မွာျဖစ္ေပမယ့္ ျမိဳ႕တြင္း လွည့္လည္တဲ့ ေအာင္ပြဲခံမႈကိုေတာ့ အာဏာပိုင္ေတြက ခြင့္ျပဳမိန္႔ ေပးခ်ိန္မွာ သီးသန္႔ အစီအစဥ္နဲ႔ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။