လန်ဒန်ကိုသွားမယ့် ခရီးစဉ်ကိုတော့ မီလ်နာ ပါဝင်သွားဖွယ် မရှိပါဘူး။ ကွင်းလယ်လူဟာ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်နေပေမယ့် အသေးစား ကြွက်သားဒဏ်ရာကနေ ပြန်သက်သာလာဖို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

မန်နေဂျာက “ မီလ်နာက ချယ်ဆီးပွဲအတွက် လူစာရင်းမှာ ယှဉ်ပြိုင်ပါလိမ့်မယ်။ အာဆင်နယ်ပွဲအတွက် သူအဆင်သင့်ဖြစ်ပြီလို့ ဘယ်သူကမှ မပြောသေးပါဘူး။ မနေ့က လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ ပါနိုင်မှာ သေချာပါတယ်။

အဲ့တာကလွဲရင် ဒဏ်ရာရ ကစားသမားစာရင်း အသစ် မရှိပါဘူး။ ဘန်လေနဲ့ပွဲ လူစာရင်းအတိုင်းပဲ ကျနေ်ာတို့ သုံးနိုင်ပါတယ် ” လို့ လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်တယ်။

ဒဏ်ရာစာရင်းမှာတော့ မီလ်နာအပြင် ဟန်ဒါဆန် (ဒူး)၊ မာတစ် (ခြေထောက်) ဒဏ်ရာတွေကြောင့် ရာသီကုန်ထိ ပွဲတွေကို လွဲမှာဖြစ်ပါတယ်။

တစ်ဘက်မှာလည်း အာဆင်နယ်မှာ ထူးထူးခြားခြား ဒဏ်ရာရစာရင်း တိုးသွားတာ မရှိပါဘူး။ ချမ်ဘာ (ဒူး)၊ လီနို (ဒူး)၊ မာရီ (ခြေကျငင်းဝတ်)၊ မာတင်နယ်လီ (ဒူး) ဒဏ်ရာတွေကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

အိုဇေး ကစားနိုင်ဖို့ ရှိပေမယ့် သူ့ကကို ထည့်သုံးမလား မသေချာသေးဘူး။ အန်ကတ်တီယားကတော့ လက်စတာနဲ့ပွဲ အနီကဒ်ကြောင့် လွဲမှာ ဖြစ်ပါတယ်။ အာဆင်နယ် မန်နေဂျာ အာတီတာကလည်း တစ်ပွဲချင်းပဲ အာရုံစိုက်ပြီး ဥရောပဝင်ခွင့်အတွက် တစ်နေရာကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားလိုတယ်လို့ ထုတ်ပြောထားပါတယ်။

ZAWGYI

လန္ဒန္ကိုသြားမယ့္ ခရီးစဥ္ကိုေတာ့ မီလ္နာ ပါဝင္သြားဖြယ္ မရွိပါဘူး။ ကြင္းလယ္လူဟာ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္ေနေပမယ့္ အေသးစား ၾကြက္သားဒဏ္ရာကေန ျပန္သက္သာလာဖို႔ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ရဦးမွာ ျဖစ္ပါတယ္။

မန္ေနဂ်ာက “ မီလ္နာက ခ်ယ္ဆီးပြဲအတြက္ လူစာရင္းမွာ ယွဥ္ျပိဳင္ပါလိမ့္မယ္။ အာဆင္နယ္ပြဲအတြက္ သူအဆင္သင့္ျဖစ္ျပီလို႔ ဘယ္သူကမွ မေျပာေသးပါဘူး။ မေန႔က ေလ့က်င့္ေရး မဆင္းႏုိင္ခဲ့ဘူး။ ဒါေပမယ့္ ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ ပါႏုိင္မွာ ေသခ်ာပါတယ္။

အဲ့တာကလြဲရင္ ဒဏ္ရာရ ကစားသမားစာရင္း အသစ္ မရွိပါဘူး။ ဘန္ေလနဲ႔ပြဲ လူစာရင္းအတိုင္းပဲ က်ေန္ာတို႔ သံုးႏုိင္ပါတယ္ ” လို႔ လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေန ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္တယ္။

ဒဏ္ရာစာရင္းမွာေတာ့ မီလ္နာအျပင္ ဟန္ဒါဆန္ (ဒူး)၊ မာတစ္ (ေျခေထာက္) ဒဏ္ရာေတြေၾကာင့္ ရာသီကုန္ထိ ပြဲေတြကို လြဲမွာျဖစ္ပါတယ္။

တစ္ဘက္မွာလည္း အာဆင္နယ္မွာ ထူးထူးျခားျခား ဒဏ္ရာရစာရင္း တိုးသြားတာ မရွိပါဘူး။ ခ်မ္ဘာ (ဒူး)၊ လီႏို (ဒူး)၊ မာရီ (ေျခက်ငင္းဝတ္)၊ မာတင္နယ္လီ (ဒူး) ဒဏ္ရာေတြေၾကာင့္ ပါဝင္ကစားႏုိင္မွာ မဟုတ္ပါဘူး။

အိုေဇး ကစားႏုိင္ဖို႔ ရွိေပမယ့္ သူ႔ကကို ထည့္သံုးမလား မေသခ်ာေသးဘူး။ အန္ကတ္တီယားကေတာ့ လက္စတာနဲ႔ပြဲ အနီကဒ္ေၾကာင့္ လြဲမွာ ျဖစ္ပါတယ္။ အာဆင္နယ္ မန္ေနဂ်ာ အာတီတာကလည္း တစ္ပြဲခ်င္းပဲ အာရံုစိုက္ျပီး ဥေရာပဝင္ခြင့္အတြက္ တစ္ေနရာကို ဆုပ္ကိုင္ႏုိင္ဖို႔ ၾကိဳးစားလိုတယ္လို႔ ထုတ္ေျပာထားပါတယ္။