မန်ယူအသင်းဟာ အာဆင်နယ် စိတ်ဝင်စားနေတဲ့ ခံစစ်မှူး အဲရစ်ဘိုင်လီအတွက် ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ခွင့် ပေးသွားဖို့ ကြံရွယ်နေပါတယ်။

ဘိုင်လီဟာ ၂၀၁၆ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဗီလာရီးရဲအသင်းကနေ မော်ရင်ဟိုရဲ့ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ရောက်ရှိလာ ခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ခြေစွမ်းပြန်လည်ရရှိဖို့ ရုန်းကန်နေရတဲ့ ဘိုင်လီဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပုံမှန် ပွဲထွက်လူစာရင်းအတွက် ရွေးချယ်မှုမှာ နောက်ရောက်သွားခဲ့ပြီး ဘိုင်လီက အိုးထရက်ဖို့ဒ်က ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မရေရာ ဖြစ်လာခဲ့တာပါ။

ဆိုးလ်ရှားဟာ မန်ယူ နည်းပြအဖြစ် စတင် တာဝန်ယူကတည်းက ဗဟိုခံစစ်အတွက် တွဲဖက်ညီတဲ့ကစားသမား ၂ ဦးကို အခြေတကျထားဖို့ မအောင်မမြင်ဖြစ်ခဲ့ပြီး ဘိုင်လီရဲ့ ဒဏ်ရာပြဿနာက နောက်ခံကစားသမားတွေကို သတိပေးဖို့ ဆိုးလ်ရှားအတွက် ပိုမိုခက်ခဲစေခဲ့ပါတယ်။
ဘိုင်လီဟာ ဗဟိုခံစစ်နေရာအတွက် ဆိုးလ်ရှားလိုချင်နေတဲ့ အဓိက ကစားသမားဖြစ်နေဆဲဖြစ်ပေမယ့် ၎င်းရဲ့ဒဏ်ရာပြဿနာမှတ်တမ်းက ဗဟိုခံစစ်ကစားဖော် လင်ဒီလော့ဖ်အတွက် အားကိုးနိုင်မယ့်ကစားဖော်မဟုတ်ကြောင်း ပြသနေတာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ဘိုင်လီအသင်းကနေ ထွက်ခွာမယ်ဆိုရင် တားဆီးမှာမဟုတ်ပါဘူး။ မန်ယူ အသင်းဘက်က ပြည်ပကိုသာ ပြောင်းရွှေ့ စေချင်ပေမယ့်လည်း ဆိုးလ်ရှားက ပြိုင်ဘက် အာဆင်နယ်အသင်းကို တိုက်ရိုက်ပြောင်းရွှေ့စေချင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယူရိုပါလိဂ်ဖလားရရှိပြီး လာမယ့်နှစ်ချန်ပီယံလိဂ်ပါ ဝင်ခွင့်ရရှိမှသာ ပေါင် ၂၅ သန်းဝန်းကျင်အထိ အပြောင်းအရွှေ့ဘတ်ဂျက်ကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ဘိုင်လီအတွက် ပေါင်သန်း ၃၀ ပေးချေမှသာ ရောင်းချသွားဖို့ ဆုံးဖြတ်ထား တယ်လို့ သိရပါတယ်။