ကာဒစ်နဲ့ ပွဲက ဗလင်စီယာရဲ့ ယူနိုက်တက်နဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်ပြီး နှုတ်ဆက်မှုများ ပြုလုပ်မှာ ဖြစ်ကြောင်း ဆိုးရှားက ပွဲကြိုမှာ အတည်ပြုသွား ပါတယ်။ မန်ယူဟာ ဟာရဲရားကလပ်အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ အတည်ပြုသတင်းကို ထုတ်ပြန်ပေးခဲ့ပြီဖြစ်ပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာက အသင်းတစ်သင်းလုံးသာ အတူ ကောင်းမွန်စွာ ကစားရင် မန်ေနဂျာရင် နည်းဗျူဟာ အစီအမံပေါ် လိုက်ပြီး ဘယ်လို မဆို လိုက်လျောညီထွေ ဖြစ်အောင် ကစားပေးနိုင်ကြောင်း လတ်တေလာ အင်တာဗျူးမှာ ဖြေကြားလိုက်ပါတယ်။

မန်ယူအနေနဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ဝိန်းရွန်းနီတို့ လုပ်ခဲ့သလိုမျိုး အိုးလ်ထရက်ဖို့ဒ်မှာ နှစ်များစွာ တည်တံ့နိုင်တဲ့ လူငယ် ကစားသမား တွေကို ခေါ်ယူဖို့ နည်းပြ ဆိုးရှားက အလိုရှိနေပါတယ်။ မကြာသေးမီက နှစ်တွေမှာ မန်ယူဟာ အလားအလာ ရှိတဲ့ လူငယ် ကစားသမားတွေကို ခေါ်ယူတဲ့ သူတို့ရဲ့ အပြောင်းအရွှေ့ ပေါ်လစီကို စွန့်ပယ်ခဲ့ပြီး အဲ့ဒီ့အစား နာမည်ကြီး ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားလာတဲ့ ဒိုင်ဘားလားကို ဂျူဗင်တပ်က ရောင်းချမှာ ဖြစ်ပြီး ရောင်းဈေး ယူရို သန်း ၁၀၀ ၀န်းကျင်လို့ သတ်မှတ် လိုက်ပါတယ်။

မန်ယူ နည်းစနစ်ဒါရိုက်တာ ရာထူးအတွက် သတင်းထွက်နေတဲ့ မိုက်ဖီလန်က ဆိုးရှားရဲ့ လက်ထောက်နည်းပြ အဖြစ်ပဲ ဆက်လက် တာဝန်ယူမယ်လို့ အသင်းက အတည်ပြုသွားပါတယ်။ ၄င်းဟာ ဒီဇင်ဘာလတည်းက ဆိုးရှားရဲ့ နည်းပြအဖွဲ့ထဲမှာ ပါဝင်ကူညီနေသူပါ။

မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာရဲ့ စပို့တင်းလစ္စဘွန်း တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ် အပေါ် စိတ်ဝင်စားမှုက သွေးအေးလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူကတော့ စိတ်ဝင်စားဆဲဖြစ်ပြီး ကွင်းလယ်မှာ အားဖြည့်ဖို့ ခေါ်ယူလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပါပြီ။ အသက် ၂၁ နှစ်အရွယ် ဝေးစ်လက်ရွေးစင် ကစားသမားကို ကလပ်အသင်းကလည်း ပရီးမီးယားလိဂ်ထံ ကစားခွင့်ရဖို့ ခွင့်ပြုဖွယ် ရှိနေပါတယ်။

မန်ယူဟာ လာမယ့်ဘောလုံးရာသီမှာ ရက်ဖို့ဒ်ကိုသာ အဓိက တိုက်စစ်မှူးအဖြစ် သုံးပါက အခြားတိုက်စစ်မှူး ၀ယ်ယူဖို့ သုံးရမယ့် ပေါင်သန်းပေါင်းများစွာ ချွေတာနိုင်မယ်လို့ ဂယ်ရီနဗီးလ်က အကြံပြုလိုက်ပါတယ်။

ပေါ့ဘာနဲ့ လက်တွဲထားတဲ့ နာမည်ကျော် အေးဂျင့် ရွိုင်းအိုလာဟာ အပြောင်းအရွှေ့ များမှာ ခလောက်ဆန်မှုကြောင့် အီတလီဘောလုံး အဖွဲ့ချုပ်က အီတလီမှာ အပြောင်းအရွှေ့ ကိစ္စများ လုပ်ကိုင်ခြင်းမှ ၃ လ ပိတ်ပင်ခဲ့ပြီးနောက် ဖီဖာကပါ အလားတူကာလအတွက် ကမ္ဘာတ၀ှမ်း အပြောင်းအရွှေ့များမှာ မပါဝင်ဖို့ ပိတ်ပင်လိုက်ပါတယ်။