ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာတော့ အက်သလက်တီကိုက လီဗာပူးကို ရင်ဆိုင် ကျော်ဖြတ်ပြီး ကွာတားအဆင့်မှာ လိုက်ဇစ်နဲ့ တွေ့ဆုံပါတယ်။

ချန်ပီယံအသင်းကို အနိုင်ရခဲ့တာက တီကိုအတွက် စိတ်ဓါတ် တက်ကြွစရာ ဖြစ်ခဲ့ပေမယ့် လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကပ်ဘေး အခြေအနေတွေကြောင့် တူညီတဲ့ အားတက်မှုတွေ ရှိမနေတော့ပါဘူးလို့ ဆီမြွန်နီက ပြောပါတယ်။

ဆီမြွန်နီက ” အဲ့သည် နိုင်ပွဲက သက်ရောက်တော့မှာလည်း မဟုတ်ပါဘူး။ လတောင် အတော်လေး ကြာခဲ့ပြီဖြစ်သလို ကွာရန်တင်း ဝင်ရတဲ့ အချိန်တွေမှာ စိတ်ဓါတ် တက်ကြွမှုတွေကလည်း သေဆုံးခဲ့ပါပြီ။ လီဗာပူးကို အနိုင်ရတာက အက်သလက်တီကို မက်ဒရစ်ရဲ့ သမိုင်းမှာ အရေးကြီးတဲ့ နေရာက ဆက်ရှိနေမှာပါ။ ဒါပေမယ့် မနက်ဖြန်မှာတော့ နောက်ထပ် သမိုင်းသစ် စတင်မှာဖြစ်ပါတယ် ” လို့ ပြောပါတယ်။

လိုက်ဇစ်ကိုတော့ လူငယ်မန်နေဂျာဖြစ်သူ နေဂလ်စမန်းက ဦးဆောင်နေတာပါ။ သူကတော့ နည်းပြလိုင်းမှာ ဆီမြွန်နီနဲ့ ပြဿနာဖြစ်ရေးတွေကို ရှောင်ရှားသွားမယ်လို့ ပြောဆိုခဲ့တယ်။ ဒါ့အတွက် ဆီမြွန်နီက မှတ်ချက် ထပ်ပေးပါတယ်။

တီကို မန်နေဂျာက ” ပြိုင်ဘက်တွေရဲ့ အမြင်နဲ့ ပက်သက်ပြီး ကျနော် တုန့်ပြန်မှာ မဟုတ်ဘူး။ မှတ်ချက်ပေးစရာလည်း မရှိဘူး။ မနက်ဖြန်ပွဲက အရေးကြီးတဲ့ပွဲဖြစ်တယ်။ အလုပ်ကို ကောင်းကောင်းလုပ်ထားနိုင်တဲ့ လူငယ်နည်းပြနဲ့ ရင်ဆိုင်ရမယ်။ လိုက်ဇစ်ကို ကျနော် လေးစားမှုရှိပါတယ်။ နိုင်ပွဲက အရေးကြီးဆုံး မဟုတ်ပေမယ့် တစ်ခုတည်းသော ရရမယ့် ရလဒ်ဆိုတာကို ကျနော် နားလည်ပါတယ် ” လို့ ဆက်ပြောခဲ့ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာေတာ့ အက္သလက္တီကိုက လီဗာပူးကို ရင္ဆိုင္ ေက်ာ္ျဖတ္ျပီး ကြာတားအဆင့္မွာ လိုက္ဇစ္နဲ႔ ေတြ႔ဆံုပါတယ္။

ခ်န္ပီယံအသင္းကို အႏုိင္ရခဲ့တာက တီကိုအတြက္ စိတ္ဓါတ္ တက္ၾကြစရာ ျဖစ္ခဲ့ေပမယ့္ လေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ျပီ ျဖစ္သလို ကပ္ေဘး အေျခအေနေတြေၾကာင့္ တူညီတဲ့ အားတက္မႈေတြ ရွိမေနေတာ့ပါဘူးလို႔ ဆီျမြန္နီက ေျပာပါတယ္။

ဆီျမြန္နီက ” အဲ့သည္ ႏုိင္ပြဲက သက္ေရာက္ေတာ့မွာလည္း မဟုတ္ပါဘူး။ လေတာင္ အေတာ္ေလး ၾကာခဲ့ျပီျဖစ္သလို ကြာရန္တင္း ဝင္ရတဲ့ အခ်ိန္ေတြမွာ စိတ္ဓါတ္ တက္ၾကြမႈေတြကလည္း ေသဆံုးခဲ့ပါျပီ။ လီဗာပူးကို အႏုိင္ရတာက အက္သလက္တီကို မက္ဒရစ္ရဲ႕ သမိုင္းမွာ အေရးၾကီးတဲ့ ေနရာက ဆက္ရွိေနမွာပါ။ ဒါေပမယ့္ မနက္ျဖန္မွာေတာ့ ေနာက္ထပ္ သမိုင္းသစ္ စတင္မွာျဖစ္ပါတယ္ ” လို႔ ေျပာပါတယ္။

လိုက္ဇစ္ကိုေတာ့ လူငယ္မန္ေနဂ်ာျဖစ္သူ ေနဂလ္စမန္းက ဦးေဆာင္ေနတာပါ။ သူကေတာ့ နည္းျပလိုင္းမွာ ဆီျမြန္နီနဲ႔ ျပႆနာျဖစ္ေရးေတြကို ေရွာင္ရွားသြားမယ္လို႔ ေျပာဆိုခဲ့တယ္။ ဒါ့အတြက္ ဆီျမြန္နီက မွတ္ခ်က္ ထပ္ေပးပါတယ္။

တီကို မန္ေနဂ်ာက ” ျပိဳင္ဘက္ေတြရဲ႕ အျမင္နဲ႔ ပက္သက္ျပီး က်ေနာ္ တုန္႔ျပန္မွာ မဟုတ္ဘူး။ မွတ္ခ်က္ေပးစရာလည္း မရွိဘူး။ မနက္ျဖန္ပြဲက အေရးၾကီးတဲ့ပြဲျဖစ္တယ္။ အလုပ္ကို ေကာင္းေကာင္းလုပ္ထားႏုိင္တဲ့ လူငယ္နည္းျပနဲ႔ ရင္ဆိုင္ရမယ္။ လိုက္ဇစ္ကို က်ေနာ္ ေလးစားမႈရွိပါတယ္။ ႏိုင္ပြဲက အေရးၾကီးဆံုး မဟုတ္ေပမယ့္ တစ္ခုတည္းေသာ ရရမယ့္ ရလဒ္ဆိုတာကို က်ေနာ္ နားလည္ပါတယ္ ” လို႔ ဆက္ေျပာခဲ့ပါတယ္။