မန်ချက်စတာစီးတီးအနေနဲ့ ပြည်တွင်းဖလားသုံးလုံးစလုံး ရရှိအောင် စွမ်းဆောင်နိုင်ပါက ကစားသမားတွေဟာ စုစုပေါင်း ပေါင်သန်း(၂၀) အပိုဆုကြေးရရှိသွားမယ်လို့ သိရပါပါတယ်။

မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ကာရာဘောင်းဖလားကို ရရှိထားပြီးဖြစ်တဲ့အပြင် အက်ဖ်အေ ဖလားဖိုင်နယ်ကိုလည်း ရောက်ရှိထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ကာကွယ်နိုင်ဖို့လည်း လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ အပြီးမှာ မန်စီးတီးအသင်းနဲ့ အတူ ဗိုလ်စွဲခဲ့မယ်ဆိုရင် နည်းပြအဖြစ် ဆုဖလားပေါင်း ၂၆ ခု ရှိသွားမှာ ဖြစ်ကာ မော်ရင်ညိုကို ကျော်တက်သွားမှာပါ။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဘရိုက်တန်ပွဲကြိုမှာ ပရီးမီးယားလိဂ် နောက်ဆုံးနေ့ အဆုံးအဖြတ်ခံယူရမယ့်ပွဲကို ရင်ဆိုင်သွားဖို့ရာ ကြောက်ရွံ့နေတဲ့ ခံစားချက်များ ရှိသလားလို့ မေးခွန်းထုတ်ခံခဲ့ရပြီး သူကတော့ အဲ့သည်လို့ ခံစားချက် မရှိပါဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

” မန်စီးတီးမှာ ကမ္ဘာအဆင့် ကစားသမားတွေရှိပါတယ်။ ဖိအားတွေကို ကိုင်တွယ်နိုင်စွမ်းလည်းရှိတယ်။ ရာသီစက မန်စီးတီးကို ဘရိုက်တန်ကို အနိုင်ယူရင် အမှတ်ပေးဖလားကို အနိုင်ရမယ်ဆိုတဲ့ အခွင့်အရေးများ ပေးခဲ့မယ်ဆိုရင် မန်စီးတီးက ကျနော်တို့ကို အနိုင်ကန်မှာပါပဲ။ ဒါပေမယ့် ကျနော်တို့ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို အနိုင်ရချင်ပါတယ်။ ဒါက ကျနော်တို့အတွက် တကယ်ကို ကြီးမားတဲ့ အချက်ပေးမှုလည်း ဖြစ်ပါတယ် ” လို့ ဘရိုက်တန် ခံစစ်မှူး ဒူဖီက ပြောကြားလိုက်ပါတယ်။

စီးတီးလူငယ်ကစားသမား ဖိုဒန်က မနက်မိုးလင်းတိုင်းမှာ သူ့ရဲ့ကစားသမား ဘ၀ တိုးတက်လာတာ လျင်မြန်လွန်းတယ်လို့ တွေးမိကြောင်း၊ လေ့ကျင့်ရေးမှာ ဆေးလ်ဗား၊ ဒီဘရိုင်းတို့နဲ့ အတူ လေ့ကျင့်နေရပေမယ့် သူတို့ရဲ့ ပရိသတ် ဖြစ်နေဆဲ ခံစားမိကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက တနင်္ဂနွေနေ့မှာသာ ပရီးမီးယားလိဂ်ဖလား ယူဖို့ စီးတီး ပျက်ကွက်ခဲ့ရင် အသင်းဟာ အခြေပျက်သွားမယ်လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

အင်္ဂလန်တောင်ပံသမား စတာလင်ကတော့ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဘွဲ့ကို ကာကွယ်ဖို့တင် မဟုတ်ပဲ နောက်လာမယ့် ရာသီမှာလည်း အမှတ်ပေးဖလားကို ထပ်မံ အနိုင်ယူပြီး သုံးနှစ်ဆက် ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားကြောင်း ထုတ်ပြောလာပါတယ်။