လီဗာပူးအသင်းဟာ တိုက်စစ်မှူး တီမိုဝါနာ ကို ခေါ်ယူဖို့ ကြိုးစားလျက် ရှိနေသေးကြောင်း လိုက်ပ်ဇစ် အသင်း အမှုဆောင်ချုပ် အိုလီဗာ မစ်ပ်ဇလင်ပ် က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဂျာမန်သား တိုက်စစ်မှူး ကလည်း လိုက်ပ်ဇစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး နောက်ရာသီအကုန်မှာ အသင်းနဲ့ စာချူပ် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လိုက်ပ်ဇစ် အသင်းအနေနဲ့ တီမိုဝါနာကို အလွတ်ပြောင်းရွေ့ကြေးနဲ့ အဆုံးရှုံး မခံရအောင် ဒီနှစ်နွေရာသီ အပြောင်းအရွေ့မှာကတည်းက ရောင်းချဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

လီဗာပူးအသင်းက တီမိုဝါနာ ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ကတည်းကဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းကလည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ မစ်ပ်ဇလင်ပ် ကတော့ တီမိုဝါနာ ကို ခေါ်ယူလိုနေတဲ့ လီဗာပူးအသင်နဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ် လို့ ပြောကြားလိုက်ပါတယ်။

“ ကျွန်တော်အနေနဲ့ မေးခွန်းတွေကို အပြည့်အစုံ မဖြေနိုင်သေးပါဘူး သူအနေနဲ့လည်း စာချူပ်သက်တမ်းတိုးချဲတိုးနိုင်ပါသေးတယ် ၊ လက်ရှိအချိန်မှာတော့ ဘိုင်ယန် နဲ့ စကားမပြောဖြစ်သေးပါဘူး။ အခြေအနေအနေတွေကတော့ အရင်လိုပါပဲ။ ၀ါနာ အနေနဲ့ အသင်းမှာ စာချူပ်သက်တမ်း ကျန်နေသေးပါတယ် ဒါပေမဲ့ ဒါဟာ အပြောင်းအလဲတွေ ရှိလာနိုင်ပါသေးတယ်။ ”

” သူအနေနဲ့ ဘိုင်ယန်အသင်းကို ပြောင်းရွေ့ချင်တဲ့ ဆန္ဒ မရှိဘူး ဆိုရင်တော့ သူအနေနဲ့ အခြား ရွေးချယ်စရာ ပီအက်စ်ဂျီ ၊ ယာဂင်ရဲ့ လီဗာပူး ၊ ဒါမှမဟုတ် ဒေါ့မွန် တစ်သင်းသင်း ကို ပြောင်းရွေ့ဖို့ဖြစ်လာနိုင်ပါတယ်” လို့ စကိုင်း နဲ့အင်တာဗျူး မှာပြောဆိုသွားခဲ့ပါတယ်။

လိုက်ပ်ဇစ် တိုက်စစ်မှူး တီမီဝါနာ အနေနဲ့ လက်ရှိအချိန်မှာတော့ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး လက်ရှိရာသီ အသင်းအတွက် ဘွန်ဒက်လီဂါပွဲပေါင်း ၃၀ ကစားပေးထားကာ ၁၆ ဂိုးသွင်းယူပေးထားပါတယ်။ လီဗာပူးအသင်းသို့သာ တီမိုဝါနာ ပြောင်းလာမယ်ဆိုရင် ယခင်အသင်းဖော်ဟောင်း နာဘေကိတ်တာလည်း ရှိနေမှာပါ။