မန်ယူမှ ထွက်ခွာပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဟာရဲရားက အိုလေဂန်နား ဆိုးရှားက မန်ချက်စတာယူနိုက်တက် အတွက် မှန်ကန်တဲ့ ဦးဆောင်သူ ဖြစ်တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

မန်ယူဝါရင့်ကွင်းလယ် မာတာက အိမ်ကွင်းမှာ ကာဒစ်ကို ၂-၀ နဲ့ ရှုံးပြီး ရာသီသိမ်းခဲ့ရတာက ခါးသီးတဲ့ အဆုံးသတ် ဖြစ်ကြောင်း ရှုံးပွဲ အပြီးမှာ ၀န်ခံခဲ့ပါတယ်။

မန်ချက်စတာယူနိုကတက် ခံစစ်မှူးဟောင်းက အသင်းဟာ အင်္ဂလန်မှာနဲ့ ဥရောပတခွင်မှာ အချိန်အတော်ကြာ လွှမ်းမိုးခဲ့ပေမယ့် အခုလို စိုးရိမ်စရာ အနေအထားရောက်လာတာ အတွက် ပူပန်နေပြီး အေစီမီလန်၊ လီဗာပူး၊ အာဆင်နယ်အသင်းတို့လို့ ကျဆင်းသွားကာ အောင်မြင်မှုနဲ့ နှစ်အတော်ကြာ ဝေးကွာသွားမှာ မလိုလားကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်ယူ ကစားသမားဟောင်း ဒါရင်းဖလက်ချာက လာမယ့်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်း အားကစားဒါရိုက်တာသစ် အဖြစ် တာဝန်ယူဖို့ ရေပန်းစားလာပါတယ်။

မန်ယူကဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး မအောင်မြင်ခဲ့မှုတွေအကြောင်း သတင်းတွေ ထွက်ပေါ်ထားခဲ့တယ်။ မန်ချက်စတာအခြေစိုက် သတင်းဌာနကတော့ နွေအတွက် ဦးစားပေးပစ်မှတ်အဖြစ် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကိုလီဘာလီကို ခေါ်ယူဖို့ သက်မှတ်ခဲ့ပြီလို့ သိရပါတယ်။

မန်စီးတီးတို့ ချန်ပီယံလိဂ်ပိတ်ခံရမှုက လာမယ့်ရာသီဖြစ်မလား၊ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီဖြစ်မလားက မသိရသေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေကတော့ လာမယ့် ဘောလုံးရာသီဖြစ်တယ်လို့ သိရတယ်။ အကယ်လို့ မန်စီးတီးတို့ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ခံရရင် အကျိုးထူးမယ့် ကလပ်တွေကတော့ အာဆင်နယ်နဲ့ မန်ယူတို့ ဖြစ်လာပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီမှာ နည်းပြနဲ့ကစားသမားတွေထဲက တောက်ပလာခဲ့တဲ့သူ ၅ ယောက်နဲ့ ကျရှုံးမှေးမှိန်သွားခဲ့သူ ၅ ယောက်ဆိုပြီး GMS ရွေးထုတ်ထားရာ ကျရှူံးခဲ့သူ ၅ဦးစာရင်းမှာတော့ မော်ရင်ညိုနဲ့ ဆန်းချက်တို့ ပါဝင်လာခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ အာဆင်နယ်က ချယ်ဆီးကို အနိုင်ရခဲ့ပြီး မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ခံရမယ်ဆိုရင် အဆင့်ခြောက်နေရာက မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲပြောင်းရသွားဖို့ ရှိနေပါတယ်။