လီဗာပူးအသင်းက အာဆင်နယ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို မတက်နိုင်ခဲ့ဘဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

လူငယ်ကစားသမား အများအပြားကို ဝါရင့်တွေနဲ့ တွဲဘက်ပေးရာမှာ ပထမပွဲက ခြေစွမ်းပြနိုင်ခဲ့တဲ့ အသင်းသားတွေက တူညီတဲ့ ခြေစွမ်းကောင်းတွေ မရခဲ့ပါဘူး။ ဒါပေမယ့်လို့ ဗဟိုခံစစ်မှူး ရိုင့်စ် ဝီလီယမ်နဲ့ ကွင်းလယ်လူ ဂရုဂျစ်တို့ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ အသင်းပရိသတ်တွေကြား အမှတ်ကောင်းတွေ ရခဲ့ကြတယ်။

ရိုင့်စ် ဝီလီယမ်ဟာ အက်ဖ်အေလူငယ်ဖလား အနိုင်ရ လီဗာပူးအသင်းသားလည်း ဖြစ်တယ်။ ကာရာဘောင်းပွဲ ၂ ပွဲကတော့ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံး ပွဲထွက်ကစားရတဲ့ ပွဲ ၂ ပွဲဖြစ်ပါတယ်။ ယာဂင်ဟာ ဗဟိုခံစစ်မှူးနေရာအတွက် သူ့စိတ်ကြိုက် ကစားသမားတွေ့ဖို့ မွေးထုတ်လိုနေတဲ့ သဘောဖြစ်ပြီး ကိုမတ်တီယို၊ ဗန်ဒန်ဘယ်ရာတို့နောက် ရိုင့်စ်ကို ပွဲထုတ်ခဲ့ပါတယ်။

ညကပွဲမှာတော့ သူ့ကို ဗန်ဒိုက်၊ မီလ်နာတို့ရဲ့ ကြားမှာ ထားပေးခဲ့ပြီး အတော်လေး တည်တည်ငြိမ်ငြိမ် ကစားပြနိုင်ခဲ့ပါတယ်။ အမြင့်ဘော ကောင်းခဲ့သလို ဘောလုံးရှင်းမှုနဲ့ ပေးမှုတွေကလည်း မဆိုးပါဘူး။ ပထမဆုံး ကာရာဘောင်းပွဲတုန်းက သူလုပ်တဲ့ သွေးပူတဲ့ ရှင်းထုတ်မှုမျိုးအစား ပိုမို တည်ငြိမ်တဲ့ ရှင်းထုတ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။

ပရိသတ်တွေ အတော်လေး သဘောကျခဲ့ရသူကတော့ ဂရုဂျစ်ပါ။ ဆားဘီးယားသားကို ဒီနွေမှာ ရောင်းထုတ်ဖို့ လမ်းဖွင့်ထားပေမယ့် ကာရာဘောင်းပွဲတွေမှာ ဆက်တိုက် သုံးနေတာက သူ့ကို ကမ်းလှမ်းမယ့်ကလပ်က နည်းနေပြီး ပြောင်းရွှေ့ကြေးလည်း သဘောတူညီမှု မရခြင်းကြောင့်ဖြစ်တယ်။ ဒီအတိုင်းဆိုရင် အသင်းမှာ ဆက်ရှိနေမယ့် သဘောမှာလည်း ရှိနေတယ်။

ဂရုဂျစ်ဟာ ကွင်းလယ်ခံစစ်ကို အားသန်သူဖြစ်ပြီး ညကပွဲမှာတော့ တိုက်စစ်အားသန် ကွင်းလယ်လူတွေနဲ့ တွဲကစားရပေမယ့် ခံစစ်ကို အတော်လေး အားဖြည့်ပေးနိုင်ခဲ့ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှုပိုင်းတွေမှာလည်း သူက ပေးမှုလုပ်ဖို့ အမြင်ရှိတာတွေကို ပြသခဲ့ကာ ကန်သွင်းချက် အတော်များများလည်း လုပ်နိုင်ခဲ့တယ်။

TIA က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ပေးခဲ့ပြီး ဂရုဂျစ်ရဲ့ ခြေစွမ်းက စီနီယာအဆင့် ကွင်းလယ်တစ်နေရာမှာ ဖာဘင်ညိုနေရာကို ဖိအားပေးနိုင်ဖို့ထိ လုံလောက်တယ်ဆိုတဲ့ မှတ်ချက် ရခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းက အာဆင္နယ္ကို ပင္နယ္တီ အဆံုးအျဖတ္မွာ အေရးနိမ့္ခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကို မတက္ႏုိင္ခဲ့ဘဲ လွည့္ျပန္ခဲ့ရျပီျဖစ္ပါတယ္။

လူငယ္ကစားသမား အမ်ားအျပားကို ဝါရင့္ေတြနဲ႔ တြဲဘက္ေပးရာမွာ ပထမပြဲက ေျခစြမ္းျပႏုိင္ခဲ့တဲ့ အသင္းသားေတြက တူညီတဲ့ ေျခစြမ္းေကာင္းေတြ မရခဲ့ပါဘူး။ ဒါေပမယ့္လို႔ ဗဟိုခံစစ္မွဴး ရိုင့္စ္ ဝီလီယမ္နဲ႔ ကြင္းလယ္လူ ဂရုဂ်စ္တို႔ပဲ ျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးဟာ အသင္းပရိသတ္ေတြၾကား အမွတ္ေကာင္းေတြ ရခဲ့ၾကတယ္။

ရိုင့္စ္ ဝီလီယမ္ဟာ အက္ဖ္ေအလူငယ္ဖလား အႏုိင္ရ လီဗာပူးအသင္းသားလည္း ျဖစ္တယ္။ ကာရာေဘာင္းပြဲ ၂ ပြဲကေတာ့ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုး ပြဲထြက္ကစားရတဲ့ ပြဲ ၂ ပြဲျဖစ္ပါတယ္။ ယာဂင္ဟာ ဗဟိုခံစစ္မွဴးေနရာအတြက္ သူ႔စိတ္ၾကိဳက္ ကစားသမားေတြ႔ဖို႔ ေမြးထုတ္လိုေနတဲ့ သေဘာျဖစ္ျပီး ကိုမတ္တီယို၊ ဗန္ဒန္ဘယ္ရာတို႔ေနာက္ ရိုင့္စ္ကို ပြဲထုတ္ခဲ့ပါတယ္။

ညကပြဲမွာေတာ့ သူ႔ကို ဗန္ဒိုက္၊ မီလ္နာတို႔ရဲ႕ ၾကားမွာ ထားေပးခဲ့ျပီး အေတာ္ေလး တည္တည္ျငိမ္ျငိမ္ ကစားျပနုိင္ခဲ့ပါတယ္။ အျမင့္ေဘာ ေကာင္းခဲ့သလို ေဘာလံုးရွင္းမႈနဲ႔ ေပးမႈေတြကလည္း မဆိုးပါဘူး။ ပထမဆံုး ကာရာေဘာင္းပြဲတုန္းက သူလုပ္တဲ့ ေသြးပူတဲ့ ရွင္းထုတ္မႈမ်ိဳးအစား ပိုမို တည္ျငိမ္တဲ့ ရွင္းထုတ္မႈေတြ လုပ္ႏုိင္ခဲ့ပါတယ္။

ပရိသတ္ေတြ အေတာ္ေလး သေဘာက်ခဲ့ရသူကေတာ့ ဂရုဂ်စ္ပါ။ ဆားဘီးယားသားကို ဒီေႏြမွာ ေရာင္းထုတ္ဖို႔ လမ္းဖြင့္ထားေပမယ့္ ကာရာေဘာင္းပြဲေတြမွာ ဆက္တိုက္ သံုးေနတာက သူ႔ကို ကမ္းလွမ္းမယ့္ကလပ္က နည္းေနျပီး ေျပာင္းေရႊ႔ေၾကးလည္း သေဘာတူညီမႈ မရျခင္းေၾကာင့္ျဖစ္တယ္။ ဒီအတိုင္းဆိုရင္ အသင္းမွာ ဆက္ရွိေနမယ့္ သေဘာမွာလည္း ရွိေနတယ္။

ဂရုဂ်စ္ဟာ ကြင္းလယ္ခံစစ္ကို အားသန္သူျဖစ္ျပီး ညကပြဲမွာေတာ့ တိုက္စစ္အားသန္ ကြင္းလယ္လူေတြနဲ႔ တြဲကစားရေပမယ့္ ခံစစ္ကို အေတာ္ေလး အားျဖည့္ေပးႏုိင္ခ့ဲပါတယ္။ ေဘာလံုး ပိုင္ဆိုင္မႈပိုင္းေတြမွာလည္း သူက ေပးမႈလုပ္ဖို႔ အျမင္ရွိတာေတြကို ျပသခဲ့ကာ ကန္သြင္းခ်က္ အေတာ္မ်ားမ်ားလည္း လုပ္ႏုိင္ခဲ့တယ္။

TIA က ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ေပးခဲ့ျပီး ဂရုဂ်စ္ရဲ႕ ေျခစြမ္းက စီနီယာအဆင့္ ကြင္းလယ္တစ္ေနရာမွာ ဖာဘင္ညိဳေနရာကို ဖိအားေပးႏုိင္ဖို႔ထိ လံုေလာက္တယ္ဆိုတဲ့ မွတ္ခ်က္ ရခဲ့ပါတယ္။