ကလော့ပ်ဟာ ပွဲကြို အင်တာဗျူးတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူ့ကို ပထမဆုံး မေးခွန်းထုတ်တာကတော့ ဘရူးစတားရဲ့ အပြောင်းအရွှေ့ကိစ္စ အတည်ပြုပေးဖို့ဖြစ်တယ်။

ယာဂင်ကလော့ပ် ” အခုချိန်ထိ အတည်ပြု ကြေညာတာတွေ မရှိသေးဘူးဆိုတော့ ဒီ အပြောင်းအရွှေ့အကြောင်းကို ပြောလို့ မရနိုင်သေးပါဘူး။ အဲ့သတင်းကို ပြောပေးဖို့ရာ အခုလုပ်တဲ့ ပွဲကြို အင်တာဗျူးက နည်းနည်းပိုစောနေခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ” လို့ ဆိုခဲ့တယ်။ ဘရူးစတားရဲ့ အပြောင်းအရွှေ့က နာရီ အနည်းငယ် ကြာရမယ် ပြီးမြောက်မယ့် သဘော ဖြစ်ပါတယ်။

မန်နေဂျာက အသင်းသားအချို့က လီဗာပူးကနေ ထွက်ခွာလိုနေတာကြောင့် ပုဂ္ဂိုလ်ရေး စကားပြောမှုတွေ လုပ်နေရတာကိုလည်း အရိပ်အမြွက် ထုတ်ပြောခဲ့တယ်။ ဒါပေမယ့် အသင်းသား ဘယ်နှစ်ဦး ထွက်ခွာလိုတယ်ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။

ကလော့ပ်ကပဲ ” ကစားသမား ဘယ်နှစ်ယောက်လောက် ထွက်သွားမလဲ? ဘယ်နှစ်ယောက်ရယ်တော့ မသိသေးပါဘူး။ အပြောင်းအရွှေ့ဈေးကွက်မှာ ပရိသတ်နဲ့ မီဒီယာတွေကတော့ ဘယ်သူ့ကို ခေါ်ယူ၊ ဘယ်သူကို ရောင်းထုတ်ဆိုတဲ့ အမြင်တွေ ရှိတာပေါ့။ ဒါပေမယ့် ဘောလုံးအသင်းမှာ အရေးကြီးဆုံးက လူစာရင်းပဲ ဖြစ်ပါတယ်။

အသင်းက ကောင်လေးတွေက မင်းတို့ကို လီဗာပူးက လိုအပ်နေတယ်၊ မင်းတို့က နေရာမှန်မှာ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကို ပေးဖို့ လိုပါတယ်။ ကစားသမားတွေရဲ့ ပုဂ္ဂိုလ်ရေး အခြေအနေတွေကိုလည်း အဖြေရှာဖို့က လိုပါတယ်။ တစ်ခါတစ်လေမှာ အငှားချပေးပြီး တစ်ခါတစ်လေတော့ သူတို့ကို ထွက်ခွင့်ပေးလိုက်တာပေါ့။

အသင်းသား ၂၄ ဦး၊ ၂၅ ဦးလောက်နဲ့ ဘောလုံးရာသီရှည်ကို ကျော်ဖြတ်ဖို့က ကျနော်အတွက် အဆင်ပြေပါတယ်။ ပြဿနာမရှိဘူး။ အကယ်လို့ ကစားသမားတစ်ယောက်က အသင်းမှာ ဆက်နေဖို့ သက်သောင့်သက်သာ မရှိဘူးဆိုရင် ကျနေ်ာတို့ စကားပြောရပါမယ်။ ဒါက အခု ကျနေ်ာတို့ လုပ်နေတဲ့ ကိစ္စဖြစ်ပါတယ် ” လို့ ဆိုသွားပါတယ်။

ZAWGYI

ကေလာ့ပ္ဟာ ပြဲၾကိဳ အင္တာဗ်ဴးေတြကို စတင္ လုပ္ေဆာင္ေနျပီ ျဖစ္ပါတယ္။ သူ႔ကို ပထမဆံုး ေမးခြန္းထုတ္တာကေတာ့ ဘရူးစတားရဲ႕ အေျပာင္းအေရႊ႔ကိစၥ အတည္ျပဳေပးဖို႔ျဖစ္တယ္။

ယာဂင္ကေလာ့ပ္ ” အခုခ်ိန္ထိ အတည္ျပဳ ေၾကညာတာေတြ မရွိေသးဘူးဆိုေတာ့ ဒီ အေျပာင္းအေရႊ႔အေၾကာင္းကို ေျပာလို႔ မရႏုိင္ေသးပါဘူး။ အဲ့သတင္းကို ေျပာေပးဖို႔ရာ အခုလုပ္တဲ့ ပြဲၾကိဳ အင္တာဗ်ဴးက နည္းနည္းပိုေစာေနခဲ့တာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တယ္။ ဘရူးစတားရဲ႕ အေျပာင္းအေရႊ႔က နာရီ အနည္းငယ္ ၾကာရမယ္ ျပီးေျမာက္မယ့္ သေဘာ ျဖစ္ပါတယ္။

မန္ေနဂ်ာက အသင္းသားအခ်ိဳ႔က လီဗာပူးကေန ထြက္ခြာလိုေနတာေၾကာင့္ ပုဂၢိဳလ္ေရး စကားေျပာမႈေတြ လုပ္ေနရတာကိုလည္း အရိပ္အျမြက္ ထုတ္ေျပာခဲ့တယ္။ ဒါေပမယ့္ အသင္းသား ဘယ္ႏွစ္ဦး ထြက္ခြာလိုတယ္ဆိုတာကိုေတာ့ အတိအက် မေျပာခဲ့ပါဘူး။

ကေလာ့ပ္ကပဲ ” ကစားသမား ဘယ္ႏွစ္ေယာက္ေလာက္ ထြက္သြားမလဲ? ဘယ္ႏွစ္ေယာက္ရယ္ေတာ့ မသိေသးပါဘူး။ အေျပာင္းအေရႊ႔ေစ်းကြက္မွာ ပရိသတ္နဲ႔ မီဒီယာေတြကေတာ့ ဘယ္သူ႔ကို ေခၚယူ၊ ဘယ္သူကို ေရာင္းထုတ္ဆိုတဲ့ အျမင္ေတြ ရွိတာေပါ့။ ဒါေပမယ့္ ေဘာလံုးအသင္းမွာ အေရးၾကီးဆံုးက လူစာရင္းပဲ ျဖစ္ပါတယ္။

အသင္းက ေကာင္ေလးေတြက မင္းတို႔ကို လီဗာပူးက လိုအပ္ေနတယ္၊ မင္းတို႔က ေနရာမွန္မွာ ရွိေနတယ္ဆိုတဲ့ ခံစားခ်က္ကို ေပးဖို႔ လိုပါတယ္။ ကစားသမားေတြရဲ႕ ပုဂၢိဳလ္ေရး အေျခအေနေတြကိုလည္း အေျဖရွာဖို႔က လိုပါတယ္။ တစ္ခါတစ္ေလမွာ အငွားခ်ေပးျပီး တစ္ခါတစ္ေလေတာ့ သူတို႔ကို ထြက္ခြင့္ေပးလိုက္တာေပါ့။

အသင္းသား ၂၄ ဦး၊ ၂၅ ဦးေလာက္နဲ႔ ေဘာလံုးရာသီရွည္ကို ေက်ာ္ျဖတ္ဖို႔က က်ေနာ္အတြက္ အဆင္ေျပပါတယ္။ ျပႆနာမရွိဘူး။ အကယ္လို႔ ကစားသမားတစ္ေယာက္က အသင္းမွာ ဆက္ေနဖို႔ သက္ေသာင့္သက္သာ မရွိဘူးဆိုရင္ က်ေန္ာတို႔ စကားေျပာရပါမယ္။ ဒါက အခု က်ေန္ာတို႔ လုပ္ေနတဲ့ ကိစၥျဖစ္ပါတယ္ ” လို႔ ဆိုသြားပါတယ္။