လီဗာပူးတိုက်စစ်သမား မာနေးဟာ ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်ကာ လက်ရှိမှာတော့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း နေထိုင်နေတယ်လို့ သိရပါတယ်။

တနင်္လာနေ့က အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ မာနေးဟာ ကိုဗစ် လက္ခဏာတွေ စတင်ပြသလာမှုတွေ ရှိနေတယ်။ ဒါပေမယ့်လို့ ကျန်တဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေ အားလုံးက ကောင်းမွန်မှုရှိတယ်လို့ သိရတယ်။ သူဟာ တစ်ဦးတည်း သီးသန့်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မာနေးဟာလည်း ကွင်းလယ်လူ သီယာဂိုလိုပဲ ကိုဗစ်-၁၉ အတွက် အာဏာပိုင်တွေက သက်မှတ်ထားတဲ့ နည်းနာတွေအတိုင်း လိုက်လံ ဆောင်ရွက်သွားမှာဖြစ်တယ်။ မာနေးဟာ လိုအပ်တဲ့ အချိန်တစ်ခုထိ သီးသန့်နေမှုတွေ လုပ်ဆောင်ပါမယ်။

ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲပြီးရင်တော့ နိုင်ငံတကာ သီတင်းပတ်ကို ရောက်လာပြီဖြစ်တယ်။ အောက်တိုဘာလ ၁၇ ရက်မှာမှ ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်နဲ့ ပြန်လည် ယှဉ်ပြိုင်ရမှာဖြစ်ကာ အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ အေဂျက်အသင်းထံ သွားရောက်ပြီး ချန်ပီယံလိဂ် ယှဉ်ပြိုင်ရပါမယ်။

လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း ကလပ်ဘက်က တရားဝင် သတင်း ထုတ်ပြန်ပေးခဲ့ပြီး သူဟာ တစ်ဦးတည်း သီးသန့် အနေအထားအဖြင့် ၁၀ ရက် နေရမှာဖြစ်ပါတယ်။ ကျန်မာရေးပိုင်းမှာတော့ အခြေအနေ ကောင်းမွန်နေပါတယ်။

မာနေးကလည်း သက်မှတ်ရက်ထိ နေထိုင်ရမှာဖြစ်ကာ သူတို့ နှစ်ဦးဟာ အဲဗာတန်ပွဲမှာ ပြန်လည် ပါဝင်နိုင်မယ် မျှော်လင့်ရသလို မဟုတ်ရင်တော့ အေဂျက်နဲ့ ချန်ပီယံလိဂ်ပွဲမှ ပါဝင်နိုင်မှာဖြစ်တယ်။ နှစ်ဦးလုံးက နိုင်ငံတကာပွဲတွေကိုတော့ လွဲချော်မှာ ဖြစ်ပါတယယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးဟာ ကိုဗစ္ပိုး ေတြ႔ရွိမႈေၾကာင့္ ဒီအပတ္ အက္စတြန္ဗီလာနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ကာ လက္ရွိမွာေတာ့ က်န္းမာေရးဆိုင္ရာ လမ္းညႊန္ခ်က္ေတြအတိုင္း ေနထိုင္ေနတယ္လို႔ သိရပါတယ္။

တနလၤာေန႔က အာဆင္နယ္ကို ၃-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ဂိုးသြင္းခဲ့တဲ့ မာေနးဟာ ကိုဗစ္ လကၡဏာေတြ စတင္ျပသလာမႈေတြ ရွိေနတယ္။ ဒါေပမယ့္လို႔ က်န္တဲ့ က်န္းမာေရးဆုိင္ရာ အေျခအေနေတြ အားလံုးက ေကာင္းမြန္မႈရွိတယ္လို႔ သိရတယ္။ သူဟာ တစ္ဦးတည္း သီးသန္႔ေနတဲ့ အေျခအေနမွာ ရွိေနပါတယ္။

မာေနးဟာလည္း ကြင္းလယ္လူ သီယာဂိုလိုပဲ ကိုဗစ္-၁၉ အတြက္ အာဏာပိုင္ေတြက သက္မွတ္ထားတဲ့ နည္းနာေတြအတိုင္း လိုက္လံ ေဆာင္ရြက္သြားမွာျဖစ္တယ္။ မာေနးဟာ လိုအပ္တဲ့ အခ်ိန္တစ္ခုထိ သီးသန္႔ေနမႈေတြ လုပ္ေဆာင္ပါမယ္။

ဒီအပတ္ အက္စတြန္ဗီလာနဲ႔ပြဲျပီးရင္ေတာ့ ႏုိင္ငံတကာ သီတင္းပတ္ကို ေရာက္လာျပီျဖစ္တယ္။ ေအာက္တိုဘာလ ၁၇ ရက္မွာမွ ပရီးမီးယားလိဂ္ပြဲအျဖစ္ အဲဗာတန္နဲ႔ ျပန္လည္ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာေတာ့ ေအဂ်က္အသင္းထံ သြားေရာက္ျပီး ခ်န္ပီယံလိဂ္ ယွဥ္ျပိဳင္ရပါမယ္။

လီဗာပူးကြင္းလယ္လူ သီယာဂိုဟာ ကိုဗစ္-၁၉ ကူးစက္ခံေနရေၾကာင္း ကလပ္ဘက္က တရားဝင္ သတင္း ထုတ္ျပန္ေပးခဲ့ျပီး သူဟာ တစ္ဦးတည္း သီးသန္႔ အေနအထားအျဖင့္ ၁၀ ရက္ ေနရမွာျဖစ္ပါတယ္။ က်န္မာေရးပိုင္းမွာေတာ့ အေျခအေန ေကာင္းမြန္ေနပါတယ္။

မာေနးကလည္း သက္မွတ္ရက္ထိ ေနထိုင္ရမွာျဖစ္ကာ သူတို႔ ႏွစ္ဦးဟာ အဲဗာတန္ပြဲမွာ ျပန္လည္ ပါဝင္ႏုိင္မယ္ ေမွ်ာ္လင့္ရသလို မဟုတ္ရင္ေတာ့ ေအဂ်က္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွ ပါဝင္ႏုိင္မွာျဖစ္တယ္။ ႏွစ္ဦးလံုးက ႏုိင္ငံတကာပြဲေတြကိုေတာ့ လြဲေခ်ာ္မွာ ျဖစ္ပါတယယ္။