ဘရူးစတားကို ထွက်ခွင့်ပေးခြင်းကို ကလော့ပ်က “ ကျနော်က တစ်ကိုယ်ကောင်းဆန်သူဆိုရင် ဒီအပြောင်းအရွှေ့ ဘယ်တော့မှ မဖြစ်ပါဘူး။ မှန်ကန်တဲ့ အချိန်၊ မှန်ကန်တဲ့နေရာအတွက် ကစားသမားတွေ လိုပါတယ်။ ဘရူးစတားက တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ” လို့ ထုတ်ပြောခဲ့တယ်။

လီဗာပူးတိုက်စစ်သမား မာနေးက ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်ပေမယ့် ပိုမိုသန်မာတဲ့ အနေအထားအဖြစ် ပြန်လာခဲ့ပါမယ်လို့ အသင်းပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။

ဂရုဂျစ်ကို ခေါ်ယူဖို့ ဝက်ဟမ်းနဲ့ ဆောက်သမ်တန်တို့က ဝင်ရောက်လိုနေပေမယ့် ဈေးကွက် နောက်ဆုံးမှာ သူတို့ရဲ့ ကမ်းလှမ်းမှုဟာ အငှားစာချုပ်ပဲ ဖြစ်မယ်လို့ သိရပါတယ်။ လီဗာပူးအသင်းက ဂရုဂျစ်ကို အငှား ထပ်မချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

လီဗာပူး ဂိုးသမားသစ် Marcelo Pitaluga ဟာ ဒီကနေ့ လေ့ကျင့်ရေးမှာ အသင်းနဲ့အတူ လေ့ကျင့်ခဲ့ပါတယ်။ သူဟာ မာဆေးဆိုဒ်ကို ရောက်လာခဲ့ပေမယ့် ကျန်းမာရေးဆိုင်ရည စည်းကမ်းအရ ကွာရန်တင်း ဝင်နေရတာကြောင့် အသင်းနဲ့ အခုမှ ပူးပေါင်းနိုင်တာပါ။

လီဗာပူးအသင်းရဲ့ ဒီရာသီ ပထမဆုံး ဥရောပပွဲဖြစ်တဲ့ အေဂျက်နဲ့ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မှာ ကစားရမယ်လို့ အတည်ပြုလိုက်ပါပြီ။ တစ်ဆက်တည်းမှာပဲ အဲဗာတန်နဲ့ပွဲကိုလည်း အောက်တိုဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ကစားဖို့ အတည်ပြုလိုက်ပါပြီ။

လီဗာပူးက ဆန်ချိုကို ခေါ်ယူဖို့ ချဉ်းကပ်မယ်ဆိုရင် တိုက်စစ်ပိုင်းက မာနေး၊ ဆာလက်တို့လို ကစားသမားတွေထဲက တစ်ဦးရဲ့ နေရာမှာ အစားထိုးရမယ့် အခြေအနေမှပါလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ဖွင့်ပြောလိုက်ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပက်သက်လို့ စူပါကွန်ပြူတာကနေ ပြီး ဘယ်အသင်းက ချန်ပီယံဖြစ်မလဲအတွက် စစ်ထုတ်မှု တစ်ခု ပြူလုပ်ခဲ့ပြီး လီဗာပူးအသင်းက ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးနောက် ချန်ပီယံဖြစ်ဖို့ ရာနှုန်း အများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

မန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ပေးဖို့ တောင်းဆိုပေမယ့် မအောင်မြင်ခဲ့ကြောင်းနဲ့ ဒါဟာ လိဂ်ရဲ့ ကစားသမား အားလုံးအတွက် ရည်ရွယ်ခဲ့တဲ့ တောင်းဆိုမှုပါလို့ ထုတ်ပြောလိုက်ပါတယ်။

ZAWGYI

ဘရူးစတားကို ထြက္ခြင့္ေပးျခင္းကို ကေလာ့ပ္က “ က်ေနာ္က တစ္ကိုယ္ေကာင္းဆန္သူဆိုရင္ ဒီအေျပာင္းအေရႊ႔ ဘယ္ေတာ့မွ မျဖစ္ပါဘူး။ မွန္ကန္တဲ့ အခ်ိန္၊ မွန္ကန္တဲ့ေနရာအတြက္ ကစားသမားေတြ လိုပါတယ္။ ဘရူးစတားက တိုက္ခိုက္ဖို႔ အဆင္သင့္ ျဖစ္ေနပါျပီ။ ” လို႔ ထုတ္ေျပာခဲ့တယ္။

လီဗာပူးတိုက္စစ္သမား မာေနးက ကိုဗစ္ပိုး ေတြ႔ရွိမႈေၾကာင့္ ဒီအပတ္ အက္စတြန္ဗီလာနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ ပိုမိုသန္မာတဲ့ အေနအထားအျဖစ္ ျပန္လာခဲ့ပါမယ္လို႔ အသင္းပရိသတ္ေတြကို ကတိေပးလိုက္ပါတယ္။

ဂရုဂ်စ္ကို ေခၚယူဖို႔ ဝက္ဟမ္းနဲ႔ ေဆာက္သမ္တန္တို႔က ဝင္ေရာက္လိုေနေပမယ့္ ေစ်းကြက္ ေနာက္ဆံုးမွာ သူတို႔ရဲ႕ ကမ္းလွမ္းမႈဟာ အငွားစာခ်ဳပ္ပဲ ျဖစ္မယ္လို႔ သိရပါတယ္။ လီဗာပူးအသင္းက ဂရုဂ်စ္ကို အငွား ထပ္မခ်ဖို႔ ဆံုးျဖတ္ထားတာ ျဖစ္ပါတယ္။

လီဗာပူး ဂိုးသမားသစ္ Marcelo Pitaluga ဟာ ဒီကေန႔ ေလ့က်င့္ေရးမွာ အသင္းနဲ႔အတူ ေလ့က်င့္ခဲ့ပါတယ္။ သူဟာ မာေဆးဆိုဒ္ကို ေရာက္လာခဲ့ေပမယ့္ က်န္းမာေရးဆိုင္ရည စည္းကမ္းအရ ကြာရန္တင္း ဝင္ေနရတာေၾကာင့္ အသင္းနဲ႔ အခုမွ ပူးေပါင္းႏုိင္တာပါ။

လီဗာပူးအသင္းရဲ႕ ဒီရာသီ ပထမဆံုး ဥေရာပပြဲျဖစ္တဲ့ ေအဂ်က္နဲ႔ပြဲကို ေအာက္တိုဘာလ ၂၁ ရက္ေန႔ မွာ ကစားရမယ္လို႔ အတည္ျပဳလိုက္ပါျပီ။ တစ္ဆက္တည္းမွာပဲ အဲဗာတန္နဲ႔ပြဲကိုလည္း ေအာက္တိုဘာလ ၁၇ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီမွာ ကစားဖို႔ အတည္ျပဳလိုက္ပါျပီ။

လီဗာပူးက ဆန္ခ်ိဳကို ေခၚယူဖို႔ ခ်ဥ္းကပ္မယ္ဆိုရင္ တိုက္စစ္ပိုင္းက မာေနး၊ ဆာလက္တို႔လို ကစားသမားေတြထဲက တစ္ဦးရဲ႕ ေနရာမွာ အစားထိုးရမယ့္ အေျခအေနမွပါလို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ဖြင့္ေျပာလိုက္ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲနဲ႔ ပက္သက္လို႔ စူပါကြန္ျပဴတာကေန ျပီး ဘယ္အသင္းက ခ်န္ပီယံျဖစ္မလဲအတြက္ စစ္ထုတ္မႈ တစ္ခု ျပဴလုပ္ခဲ့ျပီး လီဗာပူးအသင္းက ဘိုင္ယန္ျမဴးနစ္နဲ႔ မန္စီးတီးေနာက္ ခ်န္ပီယံျဖစ္ဖို႔ ရာႏႈန္း အမ်ားဆံုးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီ ပရီးမီးယားလိဂ္မွာ လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ေပးဖို႔ ေတာင္းဆိုေပမယ့္ မေအာင္ျမင္ခဲ့ေၾကာင္းနဲ႔ ဒါဟာ လိဂ္ရဲ႕ ကစားသမား အားလံုးအတြက္ ရည္ရြယ္ခဲ့တဲ့ ေတာင္းဆိုမႈပါလို႔ ထုတ္ေျပာလိုက္ပါတယ္။