ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူ-၁၈ အဆင့်ပွဲမှာ လီဗာပူးလူငယ်လေး လေသန် စတီးဝပ်ဟာ ဘလက်ဘန်းဘက်ကို hat-trick သွင်းနိုင်တာကြောင့် ဒီရာသီမှာ သုံးပွဲကစား သွင်းဂိုး ၆ ဂိုးထိ ရလာခဲ့ပါပြီ။

စတီးဝပ်ဟာ မန်စီးတီးကို ၃-၁ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် လူငယ်အသင်းမှာတော့ ကျန် ၂ ပွဲအတွင်း hat-trick ၂ ကြိမ်တိုင် ရထားခဲ့ပြီဖြစ်တယ်။ ၁၈ နှစ်ပဲ ရှိသေးတဲ့ လီဗာပူးဇာတိဖွား စတီးဝပ်ဟာ အကယ်ဒမီရဲ့ အလားအလာ အကောင်းဆုံး ကစားသမားဖြစ်သလို သူဟာ ရော်ဘီဖော်လာ၊ မိုင်ကယ်အိုဝင်တို့နောက် စီနီယာအဆင့်ကို တက်မယ့် ပထမဆုံး လီဗာပူးသားအဖြစ်လည်း နာမည်ကြီးနေပါတယ်။

လီဗာပူးအသင်းဟာ စတားရစ်၊ ဒန်နီအင့်၊ ဆိုလန်ကီတို့ကို လက်လွတ်ရတဲ့အပြင် ကလပ်ရဲ့ အကောင်းဆုံး ကြယ်ပွင့် တိုက်စစ်သမားတွေဖြစ်တဲ့ ဘော်ဘီ ဒွန်းကန့်၊ ဘရူးစတားတို့ကိုလည်း ထပ်မံ လက်လွတ်ခဲ့ရတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက ယူ-၁၈ မှာ သွင်းဂိုး ၂၉ ဂိုး သွင်းခဲ့တဲ့ ပေါလ် ဂလက်ဇယ်ကလည်း ဒဏ်ရာက တိုးတက်လာဖို့ ကြိုးစားနေဆဲပါ။

စတီးဝပ်ဟာ လက်ရှိ လီဗာပူး လူငယ်မျိုးဆက်ထဲမှာ အကောင်းဆုံး တိုက်စစ်သမား ဖြစ်နေပြီး သူ့ရဲ့ ပုံစံကို ထိန်းသိမ်းနိုင်ရင် လာမယ့် ၂ နှစ်အတွင်း စီနီယာအသင်းရဲ့ ခေါ်ယူခြင်းကို ခံယူရဖွယ်ရှိတယ်။ ဒီရာသီ တိုးတက်မှုက လာမယ့်နှစ် ရာသီကြိုမှာ လီဗာပူးစီနီယာနဲ့ ရာသီကြို ပြင်ဆင်ခွင့် ရနိုင်ဖွယ်လည်း ရှိနေပါတယ်။

လီဗာပူးအကယ်ဒမီက ဒီနှစ်ပိုင်းမှာ တိုက်စစ်အတွက် သိပ်တော့ ကံမကောင်းခဲ့ပါဘူး။ အင့်ကို အများကြီး မျှော်လင့်ခဲ့ပေမယ့် ၂ ရာသီ ဆက်တိုက် ဒူးဒဏ်ရာ ရင်ဆိုင်ခဲ့ရတယ်။ ဂလက်ဇယ်ကလည်း တူညီတဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ရာသီ တစ်ခုလုံး ဒဏ်ရာရခဲ့သလို ဘရူးစတားတုန်းကလည်း ဒူးဒဏ်ရာဟာ ကာလရှည် ဖြစ်ခဲ့ပါတယ်။

ဖာနန်ဒို တောရက်စ်နဲ့ ကစားပေါက် ဆင်တူတယ်လို့ နာမည်ကြီးနေတဲ့ စတီးဝပ်ဟာ စွမ်းဆောင်ရည်တင် မဟုတ်ဘဲ ကြံ့ခိုင်မှုမှာလည်း ကောင်းမွန်ဖို့ လိုမှာဖြစ်ပြီး လက်တလောမှာတော့ သူက စီနီယာအဆင့်ကို ရောက်မယ့် အကောင်းဆုံး အကယ်ဒမီထုတ်ကုန်အဖြစ် နာမည်ထွက်လာနေခဲ့ပါပြီ။

ZAWGYI

ညက ယွဥ္ျပိဳင္ခဲ့တဲ့ ယူ-၁၈ အဆင့္ပြဲမွာ လီဗာပူးလူငယ္ေလး ေလသန္ စတီးဝပ္ဟာ ဘလက္ဘန္းဘက္ကို hat-trick သြင္းႏုိင္တာေၾကာင့္ ဒီရာသီမွာ သံုးပြဲကစား သြင္းဂိုး ၆ ဂိုးထိ ရလာခဲ့ပါျပီ။

စတီးဝပ္ဟာ မန္စီးတီးကို ၃-၁ နဲ႔ အေရးနိမ့္တဲ့ပြဲမွာ ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ လူငယ္အသင္းမွာေတာ့ က်န္ ၂ ပြဲအတြင္း hat-trick ၂ ၾကိမ္တိုင္ ရထားခဲ့ျပီျဖစ္တယ္။ ၁၈ ႏွစ္ပဲ ရွိေသးတဲ့ လီဗာပူးဇာတိဖြား စတီးဝပ္ဟာ အကယ္ဒမီရဲ႕ အလားအလာ အေကာင္းဆံုး ကစားသမားျဖစ္သလို သူဟာ ေရာ္ဘီေဖာ္လာ၊ မုိင္ကယ္အိုဝင္တို႔ေနာက္ စီနီယာအဆင့္ကို တက္မယ့္ ပထမဆံုး လီဗာပူးသားအျဖစ္လည္း နာမည္ၾကီးေနပါတယ္။

လီဗာပူးအသင္းဟာ စတားရစ္၊ ဒန္နီအင့္၊ ဆိုလန္ကီတို႔ကို လက္လြတ္ရတဲ့အျပင္ ကလပ္ရဲ႕ အေကာင္းဆံုး ၾကယ္ပြင့္ တိုက္စစ္သမားေတြျဖစ္တဲ့ ေဘာ္ဘီ ဒြန္းကန္႔၊ ဘရူးစတားတို႔ကိုလည္း ထပ္မံ လက္လြတ္ခဲ့ရတယ္။ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီက ယူ-၁၈ မွာ သြင္းဂိုး ၂၉ ဂိုး သြင္းခဲ့တဲ့ ေပါလ္ ဂလက္ဇယ္ကလည္း ဒဏ္ရာက တိုးတက္လာဖို႔ ၾကိဳးစားေနဆဲပါ။

စတီးဝပ္ဟာ လက္ရွိ လီဗာပူး လူငယ္မ်ိဳးဆက္ထဲမွာ အေကာင္းဆံုး တိုက္စစ္သမား ျဖစ္ေနျပီး သူ႔ရဲ႕ ပံုစံကို ထိန္းသိမ္းႏုိင္ရင္ လာမယ့္ ၂ ႏွစ္အတြင္း စီနီယာအသင္းရဲ႕ ေခၚယူျခင္းကို ခံယူရဖြယ္ရွိတယ္။ ဒီရာသီ တိုးတက္မႈက လာမယ့္ႏွစ္ ရာသီၾကိဳမွာ လီဗာပူးစီနီယာနဲ႔ ရာသီၾကိဳ ျပင္ဆင္ခြင့္ ရႏုိင္ဖြယ္လည္း ရွိေနပါတယ္။

လီဗာပူးအကယ္ဒမီက ဒီႏွစ္ပိုင္းမွာ တိုက္စစ္အတြက္ သိပ္ေတာ့ ကံမေကာင္းခဲ့ပါဘူး။ အင့္ကို အမ်ားၾကီး ေမွ်ာ္လင့္ခဲ့ေပမယ့္ ၂ ရာသီ ဆက္တိုက္ ဒူးဒဏ္ရာ ရင္ဆိုင္ခဲ့ရတယ္။ ဂလက္ဇယ္ကလည္း တူညီတဲ့ ျပင္းထန္တဲ့ ဒဏ္ရာေၾကာင့္ ျပီးခဲ့တဲ့ ရာသီ တစ္ခုလံုး ဒဏ္ရာရခဲ့သလို ဘရူးစတားတုန္းကလည္း ဒူးဒဏ္ရာဟာ ကာလရွည္ ျဖစ္ခဲ့ပါတယ္။

ဖာနန္ဒို ေတာရက္စ္နဲ႔ ကစားေပါက္ ဆင္တူတယ္လို႔ နာမည္ၾကီးေနတဲ့ စတီးဝပ္ဟာ စြမ္းေဆာင္ရည္တင္ မဟုတ္ဘဲ ၾကံ႕ခိုင္မႈမွာလည္း ေကာင္းမြန္ဖို႔ လိုမွာျဖစ္ျပီး လက္တေလာမွာေတာ့ သူက စီနီယာအဆင့္ကို ေရာက္မယ့္ အေကာင္းဆံုး အကယ္ဒမီထုတ္ကုန္အျဖစ္ နာမည္ထြက္လာေနခဲ့ပါျပီ။