မန်နေဂျာယာဂင်ကလော့ပ်က အက်စတွန်ဗီလာနဲ့ပွဲဟာ ဖြစ်ကို မဖြစ်သင့်တဲ့ အရံှူးရလဒ်အဖြစ် ဝန်ခံပြောဆိုခဲ့ပါတယ်။

ကလော့ပ်ကတော့ ရလဒ်က မပြောင်းလဲတော့မှာဖြစ်သလို အသင်းအတွက် အရေးကြီးဆုံးကတော့ ဒီအခြေအနေကနေ ရုန်းထဖို့နဲ့ အကောင်းဆုံး တုန့်ပြန်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ လီဗာပူးရဲ့ အနေအထားဟာ ဦးကျိုးသွားနိုင်တဲ့ အခြေအနေဖြစ်ပြီး ဒီရလဒ်ကို ပြန်အဖတ်မဆယ်နိုင်ရင် အသင်းဟာ ထိခိုက်မှုကြီးမယ်ဆိုတာကို ယာဂင် နားလည်တယ်။

ယာဂင်ကလော့ပ်က ” ငါ ဘာပြောပြော ရလဒ် ပြောင်းလဲသွားမှာ မဟုတ်တော့ဘူး။ အခုချိန်မှာ ဘာလုပ်သင့်လဲ? အရမ်းကို နာကြည်းရတာလား? အဲ့လိုပဲ ပြောရပါမယ်။ ဒီညမှာ ဘာကိုမှ သက်သေမပြနိုင်ခဲ့ဘူး။

လူတွေ အရမ်းကြားချင်တယ်ဆိုရင် ဒီပွဲက ပြီးသွားပြီလို့ ငါပြောပါမယ်။ ဒီအခြေအနေမှာ လာမယ့် သီတင်းပတ် နှစ်ပတ်လောက်မှာ၊ လာမယ့်လမှာ ယှဉ်ပြိုင်ရမယ့် ပွဲတွေမှာပဲ သက်သေပြရပါတော့မယ်။ ဒီညလို ရလဒ်က ဖြစ်ကိုမဖြစ်လာခဲ့သင့်တာပါ။ လီဗာပူးကို ငါရောက်လာပြီးကတည်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး။

အသင်း အရမ်းကြီး ရလဒ်ဆိုးခဲ့တာကို တကယ်ကို မမှတ်မိတာပါ။ ဒါက ပုဂ္ဂိုလ်ရေးအရ အရေးနိမ့်မှု မဟုတ်ဘူး။ ဒါက ကြီးမားတဲ့ အရေးနိမ့်မှုပါပဲ။ အားလုံးက ဆန္ဒရှိတာတွေ ပြောတာတွေ ဆိုတာတွေ လုပ်နိုင်တယ်။ ဒါပေမယ့် ငါ့အတွက်ကတော့ တစ်ခုတည်းသော အရေးကြီးက ဘယ်လို တုန့်ပြန်မလဲပဲဖြစ်တယ်။

တစ်ခုတည်းသော ပြဿနာက ဗီလာကို ရံှူးခဲ့တဲ့ ရလဒ်ကို ချက်ခြင်းကြီး တုန့်ပြန်တာတွေ မလုပ်နိုင်ဘူး။ မနက်ဖြန်လည်း မဟုတ်ဘူး။ ဒါကို နောက်ထပ် နှစ်ပတ်မှ ငါတို့ တုန့်ပြန်နိုင်တော့မှာဖြစ်တယ်။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ အခြေအနေက အဲ့အချိန်မှပဲ ယှဉ်ပြိုင်ရမှာကိုး။

ကောင်လေးတွေက ကိုယ်ဘာသာ အပြစ်တင်နေကြတယ်။ သူတို့တွေက ထိုင်ပြီး ဟို့လူ လက်ညိုးထိုး၊ ဒီလူ့ လက်ညိုးထိုး လုပ်နေကြတာမဟုတ်ဘူး။ ကောင်လေးတွေက ကိုယ်ဘာသာ အရမ်း အပြစ်တင်နေတယ်။ အသင်းသားတိုင်းက ဒီရလဒ်အတွက် အပြစ်ရှိသူအဖြစ် ကိုယ်ဘာသာ လက်ညိုးပြန်ထိုး နေကြတယ်။

ဒါကို ငါတို့ ဖြေရှင်းနိုင်ဖို့လိုတယ်။ ငါတို့ ဖြေရှင်းကြရမယ်။ ဒါက မကောင်းပါဘူး။ ဒါပေမယ့် ဘောလုံးနဲ့ ဘဝမှာ ဒါတွေကို ငါတို့ ဖြေရှင်းဖို့ လိုအပ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီကြားထဲမှာတော့ နိုင်ငံတကာ သီတင်းပတ် ရောက်လာခဲ့ပြီဖြစ်ကာ နောက်ထပ် နှစ်ပတ် အကြာမှမှ လီဗာပူးဟာ အဲဗာတန်နဲ့ မာဆေးဆိုဒ် ဒါဘီအဖြစ် ထိပ်တိုက် တွေ့ဆုံမှာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အက္စတြန္ဗီလာနဲ႔ပြဲဟာ ျဖစ္ကို မျဖစ္သင့္တဲ့ အရံွဴးရလဒ္အျဖစ္ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ကေတာ့ ရလဒ္က မေျပာင္းလဲေတာ့မွာျဖစ္သလို အသင္းအတြက္ အေရးၾကီးဆံုးကေတာ့ ဒီအေျခအေနကေန ရုန္းထဖို႔နဲ႔ အေကာင္းဆံုး တုန္႔ျပန္ဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ လက္ရွိ လီဗာပူးရဲ႕ အေနအထားဟာ ဦးက်ိဳးသြားႏုိင္တဲ့ အေျခအေနျဖစ္ျပီး ဒီရလဒ္ကို ျပန္အဖတ္မဆယ္ႏုိင္ရင္ အသင္းဟာ ထိခိုက္မႈၾကီးမယ္ဆိုတာကို ယာဂင္ နားလည္တယ္။

ယာဂင္ကေလာ့ပ္က ” ငါ ဘာေျပာေျပာ ရလဒ္ ေျပာင္းလဲသြားမွာ မဟုတ္ေတာ့ဘူး။ အခုခ်ိန္မွာ ဘာလုပ္သင့္လဲ? အရမ္းကို နာၾကည္းရတာလား? အဲ့လိုပဲ ေျပာရပါမယ္။ ဒီညမွာ ဘာကိုမွ သက္ေသမျပႏုိင္ခ့ဲဘူး။

လူေတြ အရမ္းၾကားခ်င္တယ္ဆိုရင္ ဒီပြဲက ျပီးသြားျပီလို႔ ငါေျပာပါမယ္။ ဒီအေျခအေနမွာ လာမယ့္ သီတင္းပတ္ ႏွစ္ပတ္ေလာက္မွာ၊ လာမယ့္လမွာ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြမွာပဲ သက္ေသျပရပါေတာ့မယ္။ ဒီညလို ရလဒ္က ျဖစ္ကိုမျဖစ္လာခဲ့သင့္တာပါ။ လီဗာပူးကို ငါေရာက္လာျပီးကတည္းက ဒီလိုမ်ိဳး တစ္ခါမွ မျဖစ္ဖူးပါဘူး။

အသင္း အရမ္းၾကီး ရလဒ္ဆိုးခဲ့တာကို တကယ္ကို မမွတ္မိတာပါ။ ဒါက ပုဂၢိဳလ္ေရးအရ အေရးနိမ့္မႈ မဟုတ္ဘူး။ ဒါက ၾကီးမားတဲ့ အေရးနိမ့္မႈပါပဲ။ အားလံုးက ဆႏၵရွိတာေတြ ေျပာတာေတြ ဆိုတာေတြ လုပ္ႏုိင္တယ္။ ဒါေပမယ့္ ငါ့အတြက္ကေတာ့ တစ္ခုတည္းေသာ အေရးၾကီးက ဘယ္လို တုန္႔ျပန္မလဲပဲျဖစ္တယ္။

တစ္ခုတည္းေသာ ျပႆနာက ဗီလာကို ရံွဴးခဲ့တဲ့ ရလဒ္ကို ခ်က္ျခင္းၾကီး တုန္႔ျပန္တာေတြ မလုပ္ႏုိင္ဘူး။ မနက္ျဖန္လည္း မဟုတ္ဘူး။ ဒါကို ေနာက္ထပ္ ႏွစ္ပတ္မွ ငါတို႔ တုန္႔ျပန္ႏုိင္ေတာ့မွာျဖစ္တယ္။ ဒါေပမယ့္လည္း အဆင္ေျပပါတယ္။ အေျခအေနက အဲ့အခ်ိန္မွပဲ ယွဥ္ျပိဳင္ရမွာကိုး။

ေကာင္ေလးေတြက ကိုယ္ဘာသာ အျပစ္တင္ေနၾကတယ္။ သူတို႔ေတြက ထိုင္ျပီး ဟို႔လူ လက္ညိဳးထိုး၊ ဒီလူ႔ လက္ညိဳးထိုး လုပ္ေနၾကတာမဟုတ္ဘူး။ ေကာင္ေလးေတြက ကိုယ္ဘာသာ အရမ္း အျပစ္တင္ေနတယ္။ အသင္းသားတိုင္းက ဒီရလဒ္အတြက္ အျပစ္ရွိသူအျဖစ္ ကိုယ္ဘာသာ လက္ညိဳးျပန္ထိုး ေနၾကတယ္။

ဒါကို ငါတို႔ ေျဖရွင္းႏုိင္ဖို႔လိုတယ္။ ငါတုိ႔ ေျဖရွင္းၾကရမယ္။ ဒါက မေကာင္းပါဘူး။ ဒါေပမယ့္ ေဘာလံုးနဲ႔ ဘဝမွာ ဒါေတြကို ငါတို႔ ေျဖရွင္းဖို႔ လိုအပ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီၾကားထဲမွာေတာ့ ႏုိင္ငံတကာ သီတင္းပတ္ ေရာက္လာခဲ့ျပီျဖစ္ကာ ေနာက္ထပ္ ႏွစ္ပတ္ အၾကာမွမွ လီဗာပူးဟာ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ ဒါဘီအျဖစ္ ထိပ္တုိက္ ေတြ႔ဆံုမွာျဖစ္ပါတယ္။