Sky နဲ့ BT Sport ကနေ ထုတ်လွှင့်မှာ မဟုတ်တဲ့ ပရီးမီးယားလိဂ်ပွဲတွေကို တီဗီကနေ ကြည့်လိုတယ်ဆိုရင် တစ်ပွဲကို ၁၅ ပေါင်နှုန်း ပေးပြီး ကြည့်ရမှာဖြစ်ပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲတွေကို အကန့်အသတ်နဲ့ပဲ ပြမှာဖြစ်ပြီး ယခင်လို ပွဲစဉ် အားလုံးကို တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ပါဘူး။

လာဇီယို ကွင်းလယ်လူ လူးကပ်လေဗာက သူအသင်းကနေ ထွက်သွားခဲ့ချိန်မှာ အသင်းက အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာတော့မယ်ဆိုတာကို သိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။


သီယာဂိုဟာ လီဗာပူးအတွက် သိပ်ကောင်းတဲ့ ပေါင်းစပ်မှုဖြစ်ပြီး ယခင် နှစ်တွေထဲက စပိန်ကစားသမားကို အထင်ကြီးခဲ့တာပါလို့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဆိုပါတယ်။

The Times ရဲ့ ဘောလုံးအကြီးအကဲ Henry Winter က လီဗာပူးကို သံသယဝင်သူတိုင်းကို ယာဂင်နဲ့ လီဗာပူးအသင်းသားတွေက တုန့်ပြန်ပြမှာဖြစ်ကာ ကလော့ပ်ရဲ့ ပေါက်ကွဲလိုမှုကို လိုက်နာကြိုးစားဖို့ အသင်းသားတွေဘက်က အသင့်ရှိတယ်လို့ သတိပေးလိုက်ပါတယ်။

လီဗာပူးခံစစ်ကြောင်းမှာ ဗန်ဒိုက်နဲ့ တွဲဘက်ပေးဖို့ နောက်ထပ် ခံစစ်မှူးအဖြစ် ပရိသတ်တွေကြား ရေပန်းစားမှု အမြင့်ဆုံး ဖြစ်လာသူကတော့ အင်္ဂလန်နောက်ခံလူ ကော်နာ ကုတ်ဒီဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ပထမအသင်း တိုးတက်မှုဆိုင်ရာ နည်းပြဖြစ်သူ ပေါ်တူဂီသား နည်းပြ မာတိုစ့်က ကွင်းလယ်လူ မာကို ဂရုဂျစ်ကို ပေါ်တိုအသင်းထံ အငှားချရခြင်းက ဂရုဂျစ် တိုးတက်လာဖို့နဲ့ ပိုကောင်းတဲ့ အခွင့်အရေးတွေအတွက်လို့ ပြောပါတယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အထူးချီးကျူးမှု လုပ်ခဲ့ပြီး အသင်းအဝတ်လဲခန်းကို ဦးဆောင်သူအဖြစ် ဂုဏ်တင်သွားပါတယ်။

လီဗာပူးသတင်းထောက် David Lynch ကတော့ ဝဲလ်ဆန်ကို ချန်ပီယံရှစ်ကလပ်တွေထံ အငှားချဖို့ကိစ္စကို ကလပ်က စကားပြောမှာဖြစ်ကာ ပြည်တွင်းဈေးကွက် မပိတ်ခင် အပြီးသတ်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ဆိုတယ်။

လီဗာပူဂန္တဝင်ကြီး ဂျွန်ဘမ်းက အသင်းရဲ့ ခံစစ်ပိုင်းမှာ အမှားတွေ ရှိနေတယ်ဆိုတဲ့ သတိပေးမှုတွေကို လက်ခံပေမယ့် ကလပ်အနေနဲ့ နည်းစနစ်ပိုင်းနဲ့ ပက်သက်လို့ သူတို့သွားနေတဲ့ ပုံစံနဲအပေါ် ဘယ်သူ့ကိုမှ လိုက်ရှင်းပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်နေပါတယ်။

ZAWGYI



အနီရောင် အသင်းခေါင်းဆောင်ဟောင်းကြီး ဖီးသွမ်ပဆန်က လူငယ်တိုက်စစ်သမားလေး ဘရူးစတားကို ရောင်းချခဲ့ခြင်းကို စိတ်ပျက်မိကြောင်းနဲ့ သူဆန္ဒအရဆိုရင် အိုရီဂီကို ရောင်းထုတ်လိုက်တာကိုပဲ မြင်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။






