လာမယ့်ရာသီ အစမှာတည်းက ပရီးမီးယားလိဂ်ကို တိုက်ရိုက်ထုတ်လွှင့်ခွင့် ရယူထားတဲ့ ရုပ်သံတွေဟာ ပရိသတ်တွေအတွက် ဘောလုံးပွဲစဉ် ၃၈၀ လုံးကို တိုက်ရိုက် လွှင့်ပေးမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။

တစ်ရာသီလုံးမှာ ယှဉ်ပြိင်ရတဲ့ ပွဲတွေရဲ့ ၆၀% ဖြစ်တဲ့ ပွဲပေါင်း ၂၂၀ ကိုပဲ တိုက်ရိုက် ကြည့်ခွင့်ရမှာဖြစ်တယ်။ ကိုရိုနာကပ်ဘေးကြောင့် ပရိသတ်တွေကို ကွင်းထဲ ဝင်ခွင့် မပေးထားပေမယ့် အခုလို ပွဲအားလုံး တိုက်ရိုက် မပြသခြင်းကလည်း ဗြိတိန်အစိုးရရဲ့ ပေါ်လစီပိုင်း ချမှတ်မှုကြောင့် ဖြစ်တယ်။

ရုပ်သံဌာနတွေက မပြသတဲ့ ပွဲတွေထဲမှာ ပါဝင်တဲ့ လီဗာပူးပွဲတွေကိုတော့ အသင်းဘက်က LFC TV ကနေ ပြသသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ၎င်း ပရိုဂရမ်ကို ကြည့်ဖို့ကတော့ လီဗာပူးအသင်းရဲ့ တီဗီထံ လစဉ်ကြေး သွင်းထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ ရှက်ဖီးယူနိုက်တက်တို့ရဲ့ ည ၁း၃၀ ပွဲကိုတော့ ရုပ်သံဌာနတွေက တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ပါဘူး။ အဆိုပါပွဲကို ကြည့်လိုရင် Sky Sports Box Office ဆိုတဲ့ ချန်နယ်မှာ တစ်ပွဲကို ၁၅ ပေါင် ပေးပြီး ကြည့်ရမှာပါ။

Sky နဲ့ BT Sport အားကစား ချန်နယ်တွေကနေ ထုတ်လွှင့်မှာ မဟုတ်တဲ့ ပရီးမီးယားလိဂ်ပွဲတွေတိုင်းကို တီဗီကနေ ကြည့်လိုတယ်ဆိုရင် အထက်ပါအတိုင်း တစ်ပွဲကို ၁၅ ပေါင်နှုန်း ပေးပြီး ကြည့်ရမှာဖြစ်ပါတယ်။

ZAWGYI

လာမယ့္ရာသီ အစမွာတည္းက ပရီးမီးယားလိဂ္ကို တိုက္ရိုက္ထုတ္လႊင့္ခြင့္ ရယူထားတဲ့ ရုပ္သံေတြဟာ ပရိသတ္ေတြအတြက္ ေဘာလံုးပြဲစဥ္ ၃၈၀ လံုးကို တိုက္ရိုက္ လႊင့္ေပးမွာ မဟုတ္ေၾကာင္း ေၾကညာထားပါတယ္။

တစ္ရာသီလံုးမွာ ယွဥ္ျပိင္ရတဲ့ ပြဲေတြရဲ႕ ၆၀% ျဖစ္တဲ့ ပြဲေပါင္း ၂၂၀ ကိုပဲ တိုက္ရိုက္ ၾကည့္ခြင့္ရမွာျဖစ္တယ္။ ကိုရိုနာကပ္ေဘးေၾကာင့္ ပရိသတ္ေတြကို ကြင္းထဲ ဝင္ခြင့္ မေပးထားေပမယ့္ အခုလို ပြဲအားလံုး တိုက္ရိုက္ မျပသျခင္းကလည္း ျဗိတိန္အစိုးရရဲ႕ ေပၚလစီပိုင္း ခ်မွတ္မႈေၾကာင့္ ျဖစ္တယ္။

ရုပ္သံဌာနေတြက မျပသတဲ့ ပြဲေတြထဲမွာ ပါဝင္တဲ့ လီဗာပူးပြဲေတြကိုေတာ့ အသင္းဘက္က LFC TV ကေန ျပသသြားမွာျဖစ္ပါတယ္။ ဒါေပမယ့္ ၄င္း ပရိုဂရမ္ကို ၾကည့္ဖို႔ကေတာ့ လီဗာပူးအသင္းရဲ႕ တီဗီထံ လစဥ္ေၾကး သြင္းထားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ လီဗာပူးနဲ႔ ရွက္ဖီးယူႏိုက္တက္တို႔ရဲ႕ ည ၁း၃၀ ပြဲကိုေတာ့ ရုပ္သံဌာနေတြက တိုက္ရိုက္ ထုတ္လႊင့္မွာ မဟုတ္ပါဘူး။ အဆိုပါပြဲကို ၾကည့္လိုရင္ Sky Sports Box Office ဆိုတဲ့ ခ်န္နယ္မွာ တစ္ပြဲကို ၁၅ ေပါင္ ေပးျပီး ၾကည့္ရမွာပါ။

Sky နဲ႔ BT Sport အားကစား ခ်န္နယ္ေတြကေန ထုတ္လႊင့္မွာ မဟုတ္တဲ့ ပရီးမီးယားလိဂ္ပြဲေတြတိုင္းကို တီဗီကေန ၾကည့္လိုတယ္ဆိုရင္ အထက္ပါအတိုင္း တစ္ပြဲကို ၁၅ ေပါင္ႏႈန္း ေပးျပီး ၾကည့္ရမွာျဖစ္ပါတယ္။