မနက်က ယှဉ်ပြိုင်ကစားတဲ့ ဘရာဇီးနဲ့ ဘိုလီဗီးယားပွဲမှာတော့ ဖာမင်နိုဟာ အထောင်တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး ပွဲအပြီးမှာ ၅-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဆော်ပေါ်လိုမှာ ကစားတဲ့ အဆိုပါ ခြေစစ်ပွဲမှာတော့ ဖာမင်နိုက ဒုတိယနဲ့ တတိယ ဦးဆောင်ဂိုးတွေကို သွင်းယူသွားခဲ့တာဖြစ်ပြီး သူဟာ hat-trick ရနိုင်တဲ့ အခွင့်အရေးကိုပဲ ရခဲ့သေးတာပါ။ ဒီနိုင်ပွဲကြောင့် ဘရာဇီးဟာ ကမ္ဘာဖလား ခြေစစ်ပွဲမှာ အိမ်ကွင်း လုံးဝ ရံှူးပွဲမရှိတဲ့ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့တယ်။

လီဗာပူးအသင်းမှာ ဂိုးမသွင်းနိုင်လို့ ဝေဖန်ခံနေရတဲ့ ဖာမင်နိုဟာ ဘရာဇီးအသင်းမှာလည်း သူ့ရဲ့ ပုံစံအတိုင်းပဲ တွဲဘက် အသင်းဖော်တွေ နေရာလွတ်ရဖို့ကိုပဲ အဓိက ကစားပေးခဲ့တာပါ။ ပွဲချိန် ၁၈ မိနစ်နဲ့ ၄၉ မိနစ်တွေမှာ အသင်းဖော်တွေဖြစ်တဲ့ လိုဒီ၊ အဲဗာတန်တို့ရဲ့ ပေးမှုတွေကို အကောင်းဆုံး ပိတ်သွင်းမှုကြောင့် သွင်းဂိုး ၂ ဂိုးရခဲ့တာဖြစ်တယ်။

ဖာမင်နိုက ကိုယ်တိုင်ထက် နေမာ၊ ကော်တင်ညိုတို့လို ကစားသမားတွေ တိုက်စစ်မှာ မွှေကစားနိုင်ဖို့ နေရာယူ ပြေးထွက်မှုတွေ၊ ဧရိယာထဲ အနာခံ ဝင်တိုးမှုတွေ ကစားခဲ့တယ်။ ဒီနောက်ပိုင်းတွေမှာ ဘရာဇီးမန်နေဂျာဟာ တိုက်စစ်အတွက် ဖာမင်နိုကို ဦးစားပေး သုံးလာတဲ့ အနေအထားဖြစ်ပါတယ်။

ကွင်းလယ်လူ ဖာဘင်ညိုကတေ့ာ့ ပွဲကစားခွင့်မရခဲ့ဘဲ လာမယ့် အင်္ဂါနေ့မှာတော့ ဘရာဇီးအသင်းဟာ ပီရူးကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဖာမင်နိုနဲ့ ဖာဘင်ညိုဟာ သောကြာနေ့ ညနက်လောက်မှ လီဗာပူးကို ပြန်ရောက်မှာဖြစ်ကာ ကိုဗစ် စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်လို့ စနေနေ့ နေ့ခင်းမှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ပွဲကို ပါဝင်ဖို့က မသေချာသေးတာ ဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ဘရာဇီးနဲ႔ ဘိုလီဗီးယားပြဲမွာေတာ့ ဖာမင္ႏိုဟာ အေထာင္တုိက္စစ္ကို ဦးေဆာင္ကစားခဲ့ျပီး ပြဲအျပီးမွာ ၅-၀ ဆိုတဲ့ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ေဆာ္ေပၚလိုမွာ ကစားတဲ့ အဆိုပါ ေျခစစ္ပြဲမွာေတာ့ ဖာမင္ႏိုက ဒုတိယနဲ႔ တတိယ ဦးေဆာင္ဂိုးေတြကို သြင္းယူသြားခဲ့တာျဖစ္ျပီး သူဟာ hat-trick ရႏုိင္တဲ့ အခြင့္အေရးကိုပဲ ရခဲ့ေသးတာပါ။ ဒီႏိုင္ပြဲေၾကာင့္ ဘရာဇီးဟာ ကမၻာဖလား ေျခစစ္ပြဲမွာ အိမ္ကြင္း လံုးဝ ရံွဴးပြဲမရွိတဲ့ မွတ္တမ္းကို ဆက္လက္ ထိန္းသိမ္းသြားႏုိင္ခဲ့တယ္။

လီဗာပူးအသင္းမွာ ဂိုးမသြင္းႏုိင္လို႔ ေဝဖန္ခံေနရတဲ့ ဖာမင္ႏိုဟာ ဘရာဇီးအသင္းမွာလည္း သူ႔ရဲ႕ ပံုစံအတိုင္းပဲ တြဲဘက္ အသင္းေဖာ္ေတြ ေနရာလြတ္ရဖို႔ကိုပဲ အဓိက ကစားေပးခဲ့တာပါ။ ပြဲခ်ိန္ ၁၈ မိနစ္နဲ႔ ၄၉ မိနစ္ေတြမွာ အသင္းေဖာ္ေတြျဖစ္တဲ့ လိုဒီ၊ အဲဗာတန္တို႔ရဲ႕ ေပးမႈေတြကို အေကာင္းဆံုး ပိတ္သြင္းမႈေၾကာင့္ သြင္းဂိုး ၂ ဂိုးရခဲ့တာျဖစ္တယ္။

ဖာမင္ႏိုက ကိုယ္တိုင္ထက္ ေနမာ၊ ေကာ္တင္ညိဳတို႔လို ကစားသမားေတြ တိုက္စစ္မွာ ေမႊကစားႏုိင္ဖို႔ ေနရာယူ ေျပးထြက္မႈေတြ၊ ဧရိယာထဲ အနာခံ ဝင္တိုးမႈေတြ ကစားခဲ့တယ္။ ဒီေနာက္ပိုင္းေတြမွာ ဘရာဇီးမန္ေနဂ်ာဟာ တိုက္စစ္အတြက္ ဖာမင္ႏိုကို ဦးစားေပး သံုးလာတဲ့ အေနအထားျဖစ္ပါတယ္။

ကြင္းလယ္လူ ဖာဘင္ညိဳကေတ့ာ့ ပြဲကစားခြင့္မရခဲ့ဘဲ လာမယ့္ အဂၤါေန႔မွာေတာ့ ဘရာဇီးအသင္းဟာ ပီရူးကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳဟာ ေသာၾကာေန႔ ညနက္ေလာက္မွ လီဗာပူးကို ျပန္ေရာက္မွာျဖစ္ကာ ကိုဗစ္ စစ္ေဆးမႈေတြ လုပ္ရမွာျဖစ္လို႔ စေနေန႔ ေန႔ခင္းမွာ ယွဥ္ျပိဳင္ရမယ့္ အဲဗာတန္နဲ႔ပြဲကို ပါဝင္ဖို႔က မေသခ်ာေသးတာ ျဖစ္ပါတယ္။