လီဗာပူးကွင်းလယ်လူ ကိတ်တာဟာ လက်ရွေးစင်တာဝန် ထမ်းဆောင်စဉ်မှာ ကိုဗစ် ကူးစက်ခံထားရတာကြောင့် လူစာရင်းကနေ ထွက်ထားပြီး သီးသန့်နေထိုင်မှု စတင်ပြီဖြစ်ပါတယ်။

ညာအစွန်လူ ထရန့်တစ်ယောက် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းစဉ်မှာ တစ်ကိုယ်တော်စကေးပြပြီး ဂိုးသွင်တဲ့ ဗီဒီယိုက လူမှုကွန်ယက်မှာ အတော်လေး ရေပန်းစားနေပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ အမြင့်ဆုံးအဆင့်မှာ တတ်နိုင်သလောက် အချိန်အကြာကြီး ဆက်ကစားဖို့ မျှော်လင့်နေသလို အသက် ၃၅ နှစ်လောက်ထိ ကစားနိုင်အောင် ကြံ့ခိုင်မှုပိုင်းမှာ အကောင်းဆုံး အနေအထား ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ကြီး ၆ ကြီး ကလပ်တွေ နောက်ခံထားမှုနဲ့အတူ လိဂ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် “Project Big Picture” လို့ ခေါ်တဲ့ မဟာစီမံကိန်းတစ်ခုကို စတင် ကြိုးစားနေပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

လက်ကျန် ပြည်တွင်းဈေးကွက်မှာ လီဗာပူးအသင်းက စတုတ်အသင်းမှ ဂိုးသမား ဂျက် ဘတ်လန်းမှ မဟုတ်ဘဲ မည့်သည့် ဂိုးသမားသစ် ခေါ်ယူဖို့ကိုမှ ညိနှိုင်မှု လုပ်မှာ မဟုတ်ကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက အတည်ပြုပါတယ်။

ဂရုဂျစ်၊ ဝဲလ်ဆန်နဲ့ ရှာကွီရီတို့အတွက် ရတဲ့ဈေးနဲ့ ရောင်းထုတ်ခြင်းအစား တစ်ရာသီ ဆက်ထိန်းဖို့ ရွေးချယ်ခဲ့ခြင်းက လီဗာပူးအသင်းဟာ ပေါင် သန်း ၆၀ တန်ကြေးရှိတဲ့ အလောင်းအစားကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

တစ်နိုင်ငံတည်း ကလပ်ဖြစ်တဲ့ အေဂျက်ကို ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့်အပေါ် ဝိုက်နယ်ဒမ်က “ အေဂျက်ကစားသမား အများကြီးနဲ့ ကျွန်တော်သိပါတယ်၊ နိုင်ငံအသင်းမှာ အဲ့က လူတွေနဲ့ တွဲကစားရတယ်လေ၊ ချန်ပီယံလိဂ်မှာ သူတို့နဲ့ ရင်ဆိုင်ရတာ ကောင်းမှာပါ၊ သူတို့ရဲ့ကစားပုံက လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ” လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး ဂျွန်ဘမ်းက အသင်းဟာ ပွဲတွေကို အနိုင်ရလိုပြီး ဂိုးတွေ သွင်းလိုတာကြောင့် ခံစစ်သမားတွေကအစ တိုက်စစ်ကို လိုက်ပါနေတာကို နားလည်ပေမယ့် အနည်းငယ် လျော့ချပြီး ခံစစ်ကို ပြန်လည် အားပြုဖို့ တိုက်တွန်းစကား ပြောဆိုပါတယ်။

ဒီမနက်မှာတော့ သီယာဂိုဟာ ရောဂါ ပျောက်ကင်းခဲ့ပြီဖြစ်ကာ လီဗာပူးမြို့ထဲကို လမ်းလျှောက်ပြီး လေ့လာရေး ဆင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ZAWGYI