လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ကစားသမား အရောင်းအဝယ် အချို့ကို လုပ်ခဲ့ပြီး ကလပ်ရဲ့ ရောင်းထုတ်မှုထဲမှာ ကီဂျာနာ ဟိုဗာနဲ့ ဘရူးစတားလို ကစားသမားတွေ ပါဝင်သွားခဲ့ပါတယ်။

The Athletic ရဲ့ သတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ဖော်လာရာမှာတော့ ဟိုဗာအတွက် ပေါင် ၁၃.၅ သန်း ရနိုင်တဲ့ ပြောင်းရွှေ့မှု၊ ဘရူးစတားအတွက် ပေါင် ၂၃.၅ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့မှုတွေ ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းရင်းက ကစားသမားတွေ ကိုယ်တိုင်က ထွက်ခွာလိုကြောင်း တောင်းဆိုမှုကြောင့်လို့ သိရပါတယ်။

ကစားသမားတွေက သူတို့ရဲ့ ပွဲထွက်ကစားခွင့်နဲ့ ပက်သက်လို့ ဒီနွေမှာ ရလာတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံလိုခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ မန်နေဂျာကလော့ပ်နဲ့ စကားပြောမှုပါ လုပ်ခဲ့ကြပြီး ကစားသမားတွေရဲ့ ဆန္ဒအရ မန်နေဂျာက ထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ပေးခဲ့ကာ အပြောင်းအရွှေ့ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။

ဟိုဗာက ထရန့်ရဲ့ အရန်အဖြစ် ဝီလီယမ်နဲ့ အပြိုင်လုရမှာဖြစ်ကာ နယ်သာလန်သားက ဝုဗ်ကို ပြောင်းလိုက်ခြင်းကပဲ ပထမအသင်းမှာ နေရာရဖို့ ပိုကောင်းတဲ့ အခွင့်အရေးလို့ ယုံကြည်ခဲ့တယ်။ ဘရူးစတားကတော့ တိုက်စစ် သုံးယောက်တွဲမှာ အထောင်တိုက်စစ်နေရာအတွက် ဖာမင်နိုနဲ့ မီနာမီနိုကို ကျော်ပြီး နေရာရမယ်လို့ မယုံကြည်ရာက ထွက်ခွာလိုခဲ့ခြင်း ဖြစ်ပါတယ်။

ကလော့ပ်ကိုယ်တိုင်ကတော့ ဘရူးစတားကို ထွက်ခွင့်ပေးရမှာကို မနှစ်သက်ပါဘူး။ ဒါပေမယ့် အင်္ဂလန်တိုက်စစ်သမားက ကာလရှည် ဒဏ်ရာကနေ သက်သာလာခဲ့ပြီး ပွဲကစားခွင့်ရဖို့လည်း လိုအပ်နေတာကို နားလည်တာကြောင့် ကစားသမား ဆန္ဒအတိုင်း လုပ်ပေးဖို့ မီးစိမ်းပြခဲ့တာဖြစ်တယ်။

မန်နေဂျာကလော့ပ် မျှော်လင့်ခဲ့တာက ရှာကွီရီ၊ ဝဲလ်ဆန်နဲ့ ဂရုဂျစ်တို့ကို အသင်းက ရောင်းထုတ်ဖို့ဖြစ်ပြီး ဟိုဗာနဲ့ ဘရူးစတားကို ဂျုံးနည်းတူ ပွဲတွေနဲ့ မိတ်ဆက်ပေးဖို့ ဖြစ်ပေမယ့် ပြောင်းလဲသွားတဲ့ အခြေအနေကိုလည်း သူလက်ခံပေးခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့မှာ မမျှော်လင့်တဲ့ အရောင်းအဝယ်တွေ လုပ်ခဲ့ရပေမယ့် ကလော့ပ်ဟာ နောက်ထပ် လူငယ်နှစ်ဦးကို သဘောတွေ့ခြင်းကြောင့် စီနီယာအသင်းနဲ့ လေ့ကျင့်စေဖို့ စင်တင်လာခဲ့တယ်။ သူတို့ကတော့ ရိုင်စ် ဝီလီယမ်နဲ့ ဘီလီ ကိုမတ်တီယိုတို့ ဖြစ်ကြပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား အေရာင္းအဝယ္ အခ်ိဳ႔ကို လုပ္ခဲ့ျပီး ကလပ္ရဲ႕ ေရာင္းထုတ္မႈထဲမွာ ကီဂ်ာနာ ဟိုဗာနဲ႔ ဘရူးစတားလို ကစားသမားေတြ ပါဝင္သြားခဲ့ပါတယ္။

The Athletic ရဲ႕ သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ထုတ္ေဖာ္လာရာမွာေတာ့ ဟိုဗာအတြက္ ေပါင္ ၁၃.၅ သန္း ရႏုိင္တဲ့ ေျပာင္းေရႊ႔မႈ၊ ဘရူးစတားအတြက္ ေပါင္ ၂၃.၅ သန္းထိ ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔မႈေတြ ျဖစ္လာရျခင္းရဲ႕ အဓိက အေၾကာင္းရင္းက ကစားသမားေတြ ကိုယ္တိုင္က ထြက္ခြာလိုေၾကာင္း ေတာင္းဆိုမႈေၾကာင့္လို႔ သိရပါတယ္။

ကစားသမားေတြက သူတို႔ရဲ႕ ပြဲထြက္ကစားခြင့္နဲ႔ ပက္သက္လို႔ ဒီေႏြမွာ ရလာတဲ့ ကမ္းလွမ္းမႈေတြကို လက္ခံလိုခဲ့ၾကတယ္။ သူတို႔ႏွစ္ဦးဟာ မန္ေနဂ်ာကေလာ့ပ္နဲ႔ စကားေျပာမႈပါ လုပ္ခဲ့ၾကျပီး ကစားသမားေတြရဲ႕ ဆႏၵအရ မန္ေနဂ်ာက ထြက္ခြင့္ေပးဖို႔ ဆံုးျဖတ္ေပးခဲ့ကာ အေျပာင္းအေရႊ႔ ကိစၥေတြ ျဖစ္လာခဲ့ပါတယ္။

ဟိုဗာက ထရန္႔ရဲ႕ အရန္အျဖစ္ ဝီလီယမ္နဲ႔ အျပိဳင္လုရမွာျဖစ္ကာ နယ္သာလန္သားက ဝုဗ္ကို ေျပာင္းလိုက္ျခင္းကပဲ ပထမအသင္းမွာ ေနရာရဖို႔ ပိုေကာင္းတဲ့ အခြင့္အေရးလို႔ ယံုၾကည္ခဲ့တယ္။ ဘရူးစတားကေတာ့ တိုက္စစ္ သံုးေယာက္တြဲမွာ အေထာင္တိုက္စစ္ေနရာအတြက္ ဖာမင္ႏိုနဲ႔ မီနာမီႏိုကို ေက်ာ္ျပီး ေနရာရမယ္လို႔ မယံုၾကည္ရာက ထြက္ခြာလိုခဲ့ျခင္း ျဖစ္ပါတယ္။

ကေလာ့ပ္ကိုယ္တိုင္ကေတာ့ ဘရူးစတားကို ထြက္ခြင့္ေပးရမွာကို မႏွစ္သက္ပါဘူး။ ဒါေပမယ့္ အဂၤလန္တိုက္စစ္သမားက ကာလရွည္ ဒဏ္ရာကေန သက္သာလာခဲ့ျပီး ပြဲကစားခြင့္ရဖို႔လည္း လိုအပ္ေနတာကို နားလည္တာေၾကာင့္ ကစားသမား ဆႏၵအတိုင္း လုပ္ေပးဖို႔ မီးစိမ္းျပခဲ့တာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္ ေမွ်ာ္လင့္ခ့ဲတာက ရွာကီြရီ၊ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္တို႔ကို အသင္းက ေရာင္းထုတ္ဖို႔ျဖစ္ျပီး ဟိုဗာနဲ႔ ဘရူးစတားကို ဂ်ံဳးနည္းတူ ပြဲေတြနဲ႔ မိတ္ဆက္ေပးဖို႔ ျဖစ္ေပမယ့္ ေျပာင္းလဲသြားတဲ့ အေျခအေနကိုလည္း သူလက္ခံေပးခဲ့တယ္လို႔ သိရပါတယ္။

အေျပာင္းအေရႊ႔မွာ မေမွ်ာ္လင့္တဲ့ အေရာင္းအဝယ္ေတြ လုပ္ခဲ့ရေပမယ့္ ကေလာ့ပ္ဟာ ေနာက္ထပ္ လူငယ္ႏွစ္ဦးကို သေဘာေတြ႔ျခင္းေၾကာင့္ စီနီယာအသင္းနဲ႔ ေလ့က်င့္ေစဖို႔ စင္တင္လာခဲ့တယ္။ သူတို႔ကေတာ့ ရိုင္စ္ ဝီလီယမ္နဲ႔ ဘီလီ ကိုမတ္တီယိုတို႔ ျဖစ္ၾကပါတယ္။