ယူနိုက်တက် တိုက်စစ်သမား ရပ်ဖိုဒ့်ဟာ ကလေးသူငယ်တွေအတွက် အစားအသောက် အခမဲ့ရမှုမှာ ကြိုးစားပေးခဲ့တာကြောင့် လူငယ်တွေကို စံနမူနာဖြစ်လာစေသူ တစ်ဦးပါ။

လီဗာပူးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အန်ဖီးကွင်းဟာ ရပ်ဖိုဒ့်ရဲ့ အပြုအမှုအတွက် မတ်တပ်ရပ်ပြီး လက်ခုပ်တီးပေးကြပါလိမ့်မယ်လို့ ရော်ဘတ်ဆန်က ချီးကျူးခဲ့သလို လီဗာပူးအသိုင်းအဝိုင်းကလည်း ရပ်ဖိုဒ့်ရဲ့ လုပ်ရပ်ကို အားပေး ထောက်ခံကြောင်းတွေ ပြသထားခဲ့တယ်။

အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်နိုင်တဲ့ထိ လုပ်ဆောင်နိုင်ခဲ့တာအတွက်ကော မှန်ကန်တဲ့ ကြိုးစားနိုင်မှုအတွက်ပါ အင်္ဂလန်ဘုရင်မကြီးက သူ့ရဲ့ မွေးနေ့မှာ MBE ဘွဲ့ပေးမယ့် သူတွေထက် ရပ်ဖိုဒ့်ကို ထည့်သွင်းခဲ့တယ်။ ဒီကိစ္စအတွက်လည်း လီဗာပူးကစားသမားဟောင်းတွေ လီဗာပူးအသင်းသားတွေက ရပ်ဖိုဒ့်ကို ချီးကျူးခဲ့ကြပါတယ်။

လီဗာပူးပရိသတ် တစ်ဦးကဆိုရင် ” မင်းရေးချယ်ခဲ့တဲ့ မင်းရဲ့ ပုံရိပ်တွေကြောင့်ပဲ ငါ့ရဲ့ သားဖြစ်သူက မင်းကို သိပ်အထင်ကြီးနေပါတယ်။ ငါတို့က လီဗာပူးအသင်းကို အမာခံအားပေးတဲ့သူတွေဖြစ်လို့ ဒါက ဘယ်လောက်ထိ အဓိပ္ပာယ်ရှိတဲ့ ကိစ္စလည်းဆိုတာ မင်းနားလည်မှာပါ။ အရမ်းကောင်းကောင်းလုပ်ခဲ့ပါတယ် YNWA” လို့ တွစ်တာကနေ ချီးကျူးခဲ့တယ်။

ရပ်ဖိုဒ့်ကလည်း ” ဘုရားသခင် ကောင်းချီးပေးပါစေတယ်။ ကောင်လေးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး ” လို့ တုန့်ပြန်ခဲ့တယ်။

လီဗာပူးနဲ့ ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် မဟာပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့်လို့ မှန်ကန်တဲ့ ကိစ္စတွေကို လုပ်ဆောင်သူက ပြိုင်ဘက်အသင်းက ဆိုရင်တောင် လေးစားမှုပြဖို့ ဝန်မလေးကြောင်း လီဗာပူးအသိုင်းအဝိုင်းက ပြသခဲ့တာဖြစ်ပြီး ဒီစိတ်ဓါတ်အတွက် ရပ်ဖိုဒ့်ကလည်း လေးစားမှု ပြန်လည် ပြသခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ တိုက္စစ္သမား ရပ္ဖိုဒ့္ဟာ ကေလးသူငယ္ေတြအတြက္ အစားအေသာက္ အခမဲ့ရမႈမွာ ၾကိဳးစားေပးခဲ့တာေၾကာင့္ လူငယ္ေတြကို စံနမူနာျဖစ္လာေစသူ တစ္ဦးပါ။

လီဗာပူးအသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ အန္ဖီးကြင္းဟာ ရပ္ဖိုဒ့္ရဲ႕ အျပဳအမႈအတြက္ မတ္တပ္ရပ္ျပီး လက္ခုပ္တီးေပးၾကပါလိမ့္မယ္လို႔ ေရာ္ဘတ္ဆန္က ခ်ီးက်ဴးခဲ့သလို လီဗာပူးအသိုင္းအဝုိင္းကလည္း ရပ္ဖိုဒ့္ရဲ႕ လုပ္ရပ္ကို အားေပး ေထာက္ခံေၾကာင္းေတြ ျပသထားခဲ့တယ္။

အစိုးရရဲ႕ ဆံုးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္ႏုိင္တဲ့ထိ လုပ္ေဆာင္ႏုိင္ခဲ့တာအတြက္ေကာ မွန္ကန္တဲ့ ၾကိဳးစားႏုိင္မႈအတြက္ပါ အဂၤလန္ဘုရင္မၾကီးက သူ႔ရဲ႕ ေမြးေန႔မွာ MBE ဘြဲ႔ေပးမယ့္ သူေတြထက္ ရပ္ဖိုဒ့္ကို ထည့္သြင္းခဲ့တယ္။ ဒီကိစၥအတြက္လည္း လီဗာပူးကစားသမားေဟာင္းေတြ လီဗာပူးအသင္းသားေတြက ရပ္ဖိုဒ့္ကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

လီဗာပူးပရိသတ္ တစ္ဦးကဆိုရင္ ” မင္းေရးခ်ယ္ခဲ့တဲ့ မင္းရဲ႕ ပံုရိပ္ေတြေၾကာင့္ပဲ ငါ့ရဲ႕ သားျဖစ္သူက မင္းကို သိပ္အထင္ၾကီးေနပါတယ္။ ငါတို႔က လီဗာပူးအသင္းကို အမာခံအားေပးတဲ့သူေတြျဖစ္လို႔ ဒါက ဘယ္ေလာက္ထိ အဓိပၸာယ္ရွိတဲ့ ကိစၥလည္းဆိုတာ မင္းနားလည္မွာပါ။ အရမ္းေကာင္းေကာင္းလုပ္ခဲ့ပါတယ္ YNWA” လို႔ တြစ္တာကေန ခ်ီးက်ဴးခဲ့တယ္။

ရပ္ဖိုဒ့္ကလည္း ” ဘုရားသခင္ ေကာင္းခ်ီးေပးပါေစတယ္။ ေကာင္ေလးကိုလည္း ေက်းဇူးတင္တယ္လို႔ ေျပာေပးပါဦး ” လို႔ တုန္႔ျပန္ခဲ့တယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ဟာ သမုိင္းတစ္ေလွ်ာက္ မဟာျပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကတာပါ။ ဒါေပမယ့္လို႔ မွန္ကန္တဲ့ ကိစၥေတြကို လုပ္ေဆာင္သူက ျပိဳင္ဘက္အသင္းက ဆိုရင္ေတာင္ ေလးစားမႈျပဖို႔ ဝန္မေလးေၾကာင္း လီဗာပူးအသိုင္းအဝုိင္းက ျပသခဲ့တာျဖစ္ျပီး ဒီစိတ္ဓါတ္အတြက္ ရပ္ဖိုဒ့္ကလည္း ေလးစားမႈ ျပန္လည္ ျပသခဲ့တာ ျဖစ္ပါတယ္။