ဒီနွေမှာ လီဗာပူးအသင်းက ကစားသမားသစ် လေးဦးကို ခေါ်ယူခဲ့တာဖြစ်ပြီး စီနီယာအဆင့်အတွက် မဟုတ်တဲ့ တစ်ဦးတည်းသော ကစားသမားက ဘရာဇီးကလပ် ဖလူမီနက်စ်းကနေ ခေါ်ယူထားတဲ့ ဘရာဇီးဂိုးသမားလေး မာဆယ်လို ပီတာလူးဂါ ဖြစ်ပါတယ်။

ပီတာလူးဂါဟာ လူငယ်အသင်းအတွက် ခေါ်ယူခဲ့ခြင်းဆိုပေမယ့် သူက မဲဝုဒ်က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ပါဝင်ခွင့် ရနေပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ဂိုးသမားလေးအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၇ သိန်းပေးထားရပြီး ပေါင် ၁.၈ သန်းထိ မြင့်တက်နိုင်ကာ အနာဂတ် ရောင်းချမှုကနေ ၂၅% ခံစားခွင့်ကို ဖလူမီနက်စ်အသင်းကို ပေးရပါမယ်။

ပီတာလူးဂါကို လီဗာပူးဂိုးနည်းပြချုပ် အက်ချ်တာဘက်က စိတ်ကြိုက် ရွေးချယ်ခဲ့တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အဓိက ကူညီပေးခဲ့တာက လီဗာပူးဂိုးသမား အယ်လီဆန်နဲ့ သူ့ရဲ့ အကိုဖြစ်တဲ့ ဖလူမီနက်စ်အသင်းမှ Muriel တို့ဖြစ်ပါတယ်။

လူငယ်ကမ္ဘာဖလား အတွေ့အကြုံ

ပီတာလူးဂါဟာ မနှစ်က နိုဝင်ဘာမှာ ဘရာဇီးအသင်း ဗိုလ်ဆွဲခဲ့တဲ့ ယူ-၁၇ ကမ္ဘာဖလားပြိုင်ပွဲဝင် လူစာရင်းထဲ ပါဝင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါ ဘရာဇီးအသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်ခဲ့ပြီး အက်ချ်တာဘက်က အဲ့မှာပဲ သူ့ကို သေချာ သတိထားမိခဲ့တာပါ။

ပရော်ဖက်ရှင်နယ် အတွေ့အကြုံမရှိ

ဘရာဇီးသားဟာ အသက် ငယ်ငယ်နဲ့ ဖလူမီနက်စ် အသင်းရဲ့ ပထမအသင်းကို ပူးပေါင်းခွင့်ရခဲ့ပေမယ့် တစ်ကြိမ်မှတော့ ပွဲမထွက်ဖူးပါဘူး။ သူဟာ ပွဲနေ့ လူစာရင်းမှာ နှစ်ကြိမ် ပါဝင်ဖူးပြီး အရန်စာရင်းကနေ ဖြစ်ပါတယ်။

သူ့ရဲ့ ဂိုးဖမ်းဟန်

ပီတာလူးဂါကို အဓိက ခေါ်ယူခဲ့တဲ့ အချက်ကတော့ သူဟာ လီဗာပူးရဲ့ ထိပ်တန်း ဂိုးသမားတစ်ဦးဖြစ်တဲ့ အယ်လီဆန်လို ဘောလုံးကို ကိုင်ကစားနိုင်ပြီး ဖြန့်ဝေနိုင်စွမ်း ရှိခြင်းကြောင့်လို့ သိရပါတယ်။

စတုတ္ထဦးစားပေး

အသက် ၁၇ နှစ်အရွယ် ဂိုးသမားက ပရိသတ်တွေရှေ့ကို ရောက်လာဦးမှာ မဟုတ်ပါဘူး။ သူဟာ အယ်လီဆန်၊ အတ်ဒရီယန်၊ ဂလယ်ဟာတို့နောက် စတုတ္ထဦးစားပေး အဆင့်မှာပဲ ရှိနေမှာပါ။ ဒါပေမယ့်လို့ ယူ-၁၈ အတွက် တရားဝင် ပွဲစဉ်တွေမှာ ဂိုးဖမ်းပေးရမယ့် ပီတာလူးဂါဟာ လေ့ကျင့်မှုကိုတော့ စီနီယာအသင်းနဲ့ လုပ်ရမှာဖြစ်ပါတယ်။

အလုပ်ပါမစ်

တောင်အမေရိက လူငယ်တွေ ဥရောပမှာ လာကစားရင် အလုပ်ပါမစ်က အရေးပါပါတယ်။ လီဗာပူးရဲ့ အလန် ရိုဒရီဂွက်စ်ဟာ အလုပ်ပါမစ် မရှိတာကြောင့် နောက်ဆုံးမှာ ဘရာဇီးကိုပဲ ပြန်ပြောင်းသွားရတယ်။ ပီတာလူးဂါကတော့ ဂျာမာန်ပက်ပိုစ့်ကို ကိုင်ဆောင်ထားသူဖြစ်လို့ သူဟာ ပရီးမီးယားလိဂ်မှာ တိုက်ရိုက် ကစားခွင့်အတွက် လုပ်ဆောင်လို့ ရပါတယ်။

ZAWGYI

ဒီေႏြမွာ လီဗာပူးအသင္းက ကစားသမားသစ္ ေလးဦးကို ေခၚယူခဲ့တာျဖစ္ျပီး စီနီယာအဆင့္အတြက္ မဟုတ္တဲ့ တစ္ဦးတည္းေသာ ကစားသမားက ဘရာဇီးကလပ္ ဖလူမီနက္စ္းကေန ေခၚယူထားတဲ့ ဘရာဇီးဂိုးသမားေလး မာဆယ္လို ပီတာလူးဂါ ျဖစ္ပါတယ္။

ပီတာလူးဂါဟာ လူငယ္အသင္းအတြက္ ေခၚယူခဲ့ျခင္းဆိုေပမယ့္ သူက မဲဝုဒ္က အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြ ပါဝင္ခြင့္ ရေနပါတယ္။ အသက္ ၁၇ ႏွစ္ပဲ ရွိေသးတဲ့ ဂိုးသမားေလးအတြက္ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၇ သိန္းေပးထားရျပီး ေပါင္ ၁.၈ သန္းထိ ျမင့္တက္ႏိုင္ကာ အနာဂတ္ ေရာင္းခ်မႈကေန ၂၅% ခံစားခြင့္ကို ဖလူမီနက္စ္အသင္းကို ေပးရပါမယ္။

ပီတာလူးဂါကို လီဗာပူးဂိုးနည္းျပခ်ဳပ္ အက္ခ်္တာဘက္က စိတ္ၾကိဳက္ ေရြးခ်ယ္ခဲ့တာျဖစ္ျပီး သူ႔ကို ေခၚယူဖို႔ အဓိက ကူညီေပးခဲ့တာက လီဗာပူးဂိုးသမား အယ္လီဆန္နဲ႔ သူ႔ရဲ႕ အကိုျဖစ္တဲ့ ဖလူမီနက္စ္အသင္းမွ Muriel တို႔ျဖစ္ပါတယ္။

လူငယ္ကမၻာဖလား အေတြ႔အၾကံဳ

ပီတာလူးဂါဟာ မႏွစ္က ႏိုဝင္ဘာမွာ ဘရာဇီးအသင္း ဗိုလ္ဆြဲခဲ့တဲ့ ယူ-၁၇ ကမၻာဖလားျပိဳင္ပြဲဝင္ လူစာရင္းထဲ ပါဝင္ခဲ့သူျဖစ္ပါတယ္။ အဆိုပါ ဘရာဇီးအသင္းရဲ႕ အသက္အငယ္ဆံုး ကစားသမားလည္း ျဖစ္ခဲ့ျပီး အက္ခ်္တာဘက္က အဲ့မွာပဲ သူ႔ကို ေသခ်ာ သတိထားမိခဲ့တာပါ။

ပေရာ္ဖက္ရွင္နယ္ အေတြ႔အၾကံဳမရွိ

ဘရာဇီးသားဟာ အသက္ ငယ္ငယ္နဲ႔ ဖလူမီနက္စ္ အသင္းရဲ႕ ပထမအသင္းကို ပူးေပါင္းခြင့္ရခဲ့ေပမယ့္ တစ္ၾကိမ္မွေတာ့ ပြဲမထြက္ဖူးပါဘူး။ သူဟာ ပြဲေန႔ လူစာရင္းမွာ ႏွစ္ၾကိမ္ ပါဝင္ဖူးျပီး အရန္စာရင္းကေန ျဖစ္ပါတယ္။

သူ႔ရဲ႕ ဂိုးဖမ္းဟန္

ပီတာလူးဂါကို အဓိက ေခၚယူခဲ့တဲ့ အခ်က္ကေတာ့ သူဟာ လီဗာပူးရဲ႕ ထိပ္တန္း ဂိုးသမားတစ္ဦးျဖစ္တဲ့ အယ္လီဆန္လို ေဘာလံုးကို ကိုင္ကစားႏုိင္ျပီး ျဖန္႔ေဝႏုိင္စြမ္း ရွိျခင္းေၾကာင့္လို႔ သိရပါတယ္။

စတုတၳဦးစားေပး

အသက္ ၁၇ ႏွစ္အရြယ္ ဂိုးသမားက ပရိသတ္ေတြေရွ႔ကို ေရာက္လာဦးမွာ မဟုတ္ပါဘူး။ သူဟာ အယ္လီဆန္၊ အတ္ဒရီယန္၊ ဂလယ္ဟာတို႔ေနာက္ စတုတၳဦးစားေပး အဆင့္မွာပဲ ရွိေနမွာပါ။ ဒါေပမယ့္လို႔ ယူ-၁၈ အတြက္ တရားဝင္ ပြဲစဥ္ေတြမွာ ဂိုးဖမ္းေပးရမယ့္ ပီတာလူးဂါဟာ ေလ့က်င့္မႈကိုေတာ့ စီနီယာအသင္းနဲ႔ လုပ္ရမွာျဖစ္ပါတယ္။

အလုပ္ပါမစ္

ေတာင္အေမရိက လူငယ္ေတြ ဥေရာပမွာ လာကစားရင္ အလုပ္ပါမစ္က အေရးပါပါတယ္။ လီဗာပူးရဲ႕ အလန္ ရိုဒရီဂြက္စ္ဟာ အလုပ္ပါမစ္ မရွိတာေၾကာင့္ ေနာက္ဆံုးမွာ ဘရာဇီးကိုပဲ ျပန္ေျပာင္းသြားရတယ္။ ပီတာလူးဂါကေတာ့ ဂ်ာမာန္ပက္ပိုစ့္ကို ကိုင္ေဆာင္ထားသူျဖစ္လို႔ သူဟာ ပရီးမီးယားလိဂ္မွာ တိုက္ရိုက္ ကစားခြင့္အတြက္ လုပ္ေဆာင္လုိ႔ ရပါတယ္။