ဗြိတိန်အစိုးရက လန်ဒန်နဲ့ အခြားသော နေရာတွေမှာ ဖျော်ဖြေရေးပွဲတွေကို ပရိသတ်တွေ ဝင်ခွင့်ပေးနေပြီး ဘောလုံးကွင်းထဲ ပရိသတ် ဝင်ခွင့် မပေးတာအတွက် ဘောလုံးအသိုင်းအဝိုင်းက ပြင်းထန်စွာ ဝေဖန်နေကြပါတယ်။

လီဗာပူး၊ ယူနိုက်တက် အပါအဝင် ကြီး ၆ ကြီးက ကြိုးစားနေတဲ့ Project Big Picture ကို ထောက်ခံလားဆိုတဲ့ မေးမြန်းမှုကို အာဆင်ဝင်းဂါးက ကိစ္စတွေက အင်္ဂလန်ပြင်ပ အသင်းပိုင်ရှင်တွေထံက လာတာဖြစ်ပြီး အစဉ်အလာကို လွဲဖယ်ခြင်းကို လက်ခံပေးဖို့တွေက ခက်ခဲမယ်လို့ တုန့်ပြန်ပါတယ်။

အင်္ဂလန်ဘယ်အစွန်လူဟောင်း အက်ရှလေကိုးက ထရန့်ဟာ လီဗာပူးမှာ ခံစစ်လေးယောက်တန်း ကစားပြီး အင်္ဂလန်အသင်းမှာက သုံးယောက်ခံစစ်တန်း ကစားနေကာ လက်ရွေးစင်အသင်းရဲ့ အစွန်-တောင်ပံ နေရာမှာ ရုန်းကန်နေရတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

ဘရာဇီးအသင်းနဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဖာမင်နိုက ကစားသမားဘဝမှာ ကမ္ဘာဖလား အောင်မြင်ရေးက သူ့ရဲ့ တစ်ခုတည်းသော လက်ကျန် အိပ်မက်ပါလို့ ဖွင့်ဟခဲ့တယ်။

ကမ္ဘာကျော် ဘောလုံးဆုတစ်ခုဖြစ်တဲ့ ဘလွန်းဒီအော့ဆုကို ရွေးချယ်ပေးအပ်နေတဲ့ France Football ဟာ Dream Team of 11 players အတွက် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတွေကို စာရင်းပြုစုရာမှာ တစ်ဦးတည်းသော အင်္ဂလန်သား ကွင်းလယ်လူအဖြစ် စတီဗင်ဂျရတ်ကို ထည့်သွင်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကတော့ ရုပ်သံကနေ ထုတ်လွှင့်မှာ မဟုတ်တဲ့ ပွဲတွေကို တစ်ပွဲချင်းအလိုက် ပိုက်ဆံပေးရတဲ့ pay-per-view စနစ်ဖြင့် ပြသသွားဖို့ စီစဉ်ထားကာ အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီး လိဂ်မန်နေဂျာတွေက လုံးဝ ဖြေဆိုပေးမှုတွေ မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။

လီဗာပူးအသင်းရဲ့ မဲဝုဒ်လေ့ကျင့်ရေးမှာတော့ ကွင်းလယ်လူ သီယာဂိုနဲ့ တိုက်စစ်သမား မာနေးတို့ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ကြပြီလို့ သိရပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပက်သက်လို့ အရေးပါတဲ့ စည်းမျဉ်းတွေက လူစားလဲမှု ၅ ကြိမ် လုပ်ခွင့်ပြုမည်၊ VAR စနစ် ပါဝင်နေမည်၊ အုပ်စုတွင်းမှာကော ရံှူးထွက်မှာပါ နှစ်ကျော့စနစ် ဆက်ရှိနေမည် ဖြစ်သည်။

ZAWGYI

ျဗိတိန္အစိုးရက လန္ဒန္နဲ႔ အျခားေသာ ေနရာေတြမွာ ေဖ်ာ္ေျဖေရးပြဲေတြကို ပရိသတ္ေတြ ဝင္ခြင့္ေပးေနျပီး ေဘာလံုးကြင္းထဲ ပရိသတ္ ဝင္ခြင့္ မေပးတာအတြက္ ေဘာလံုးအသိုင္းအဝုိင္းက ျပင္းထန္စြာ ေဝဖန္ေနၾကပါတယ္။

လီဗာပူး၊ ယူႏုိက္တက္ အပါအဝင္ ၾကီး ၆ ၾကီးက ၾကိဳးစားေနတဲ့ Project Big Picture ကို ေထာက္ခံလားဆိုတဲ့ ေမးျမန္းမႈကို အာဆင္ဝင္းဂါးက ကိစၥေတြက အဂၤလန္ျပင္ပ အသင္းပိုင္ရွင္ေတြထံက လာတာျဖစ္ျပီး အစဥ္အလာကို လြဲဖယ္ျခင္းကို လက္ခံေပးဖို႔ေတြက ခက္ခဲမယ္လို႔ တုန္႔ျပန္ပါတယ္။

အဂၤလန္ဘယ္အစြန္လူေဟာင္း အက္ရွေလကိုးက ထရန္႔ဟာ လီဗာပူးမွာ ခံစစ္ေလးေယာက္တန္း ကစားျပီး အဂၤလန္အသင္းမွာက သံုးေယာက္ခံစစ္တန္း ကစားေနကာ လက္ေရြးစင္အသင္းရဲ႕ အစြန္-ေတာင္ပံ ေနရာမွာ ရုန္းကန္ေနရတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဘရာဇီးအသင္းနဲ႔ လီဗာပူးအသင္းရဲ႕ တိုက္စစ္မွဴး ဖာမင္ႏိုက ကစားသမားဘဝမွာ ကမၻာဖလား ေအာင္ျမင္ေရးက သူ႔ရဲ႕ တစ္ခုတည္းေသာ လက္က်န္ အိပ္မက္ပါလို႔ ဖြင့္ဟခဲ့တယ္။

ကမၻာေက်ာ္ ေဘာလံုးဆုတစ္ခုျဖစ္တဲ့ ဘလြန္းဒီေအာ့ဆုကို ေရြးခ်ယ္ေပးအပ္ေနတဲ့ France Football ဟာ Dream Team of 11 players အတြက္ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး ကြင္းလယ္လူေတြကို စာရင္းျပဳစုရာမွာ တစ္ဦးတည္းေသာ အဂၤလန္သား ကြင္းလယ္လူအျဖစ္ စတီဗင္ဂ်ရတ္ကို ထည့္သြင္းခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ ရုပ္သံကေန ထုတ္လႊင့္မွာ မဟုတ္တဲ့ ပြဲေတြကို တစ္ပြဲခ်င္းအလိုက္ ပိုက္ဆံေပးရတဲ့ pay-per-view စနစ္ျဖင့္ ျပသသြားဖို႔ စီစဥ္ထားကာ အဆိုပါ ကိစၥနဲ႔ ပက္သက္ျပီး လိဂ္မန္ေနဂ်ာေတြက လံုးဝ ေျဖဆိုေပးမႈေတြ မလုပ္ရဘူးလို႔ တားျမစ္ထားပါတယ္။

လီဗာပူးအသင္းရဲ႕ မဲဝုဒ္ေလ့က်င့္ေရးမွာေတာ့ ကြင္းလယ္လူ သီယာဂိုနဲ႔ တိုက္စစ္သမား မာေနးတို႔ ေလ့က်င့္ေရး ျပန္ဝင္ခဲ့ၾကျပီလို႔ သိရပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲနဲ႔ ပက္သက္လို႔ အေရးပါတဲ့ စည္းမ်ဥ္းေတြက လူစားလဲမႈ ၅ ၾကိမ္ လုပ္ခြင့္ျပဳမည္၊ VAR စနစ္ ပါဝင္ေနမည္၊ အုပ္စုတြင္းမွာေကာ ရံွဴးထြက္မွာပါ ႏွစ္ေက်ာ့စနစ္ ဆက္ရွိေနမည္ ျဖစ္သည္။