လီဗာပူးအသင်း ပိုင်ရှင်တွေဟာ ဥရောပတိုက်ထဲက ကလပ်တစ်သင်းကို ဝယ်ယူပြီး ၎င်းတို့ရဲ့ အားကစားအင်ပါယာကို စတင်ကာ ချဲ့ထွင်တော့မယ်လို့ The Times က ဖော်ပြပါတယ်။

လီဗာပူးအသင်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန် စီပွားရေးအုပ်စု FSG က နောက်ထပ် စီးပွားရေး ကော်ပိုရေးရှင်းဖြစ်တဲ့ RedBall နဲ့ ပူးပေါင်းမှုတွေ လုပ်ဖို့ စကားပြောနေတာပါ။ ဒီညိနှိုင်း စကားပြောမှုမှာ FSG က ၎င်းတို့ စီးပွားရေး လုပ်ငန်းစုကြီး အားလုံးရဲ့ ရှယ်ယာ ၂၅% လောက်ကို ထုတ်ရောင်းမှာဖြစ်တယ်။

FSG ရဲ့ ဥက္ကဌ ဂျွန် ဟင်နရီက ဒီကိစ္စကို အပြီးသတ်ပြီးခဲ့ရင် FSG ကို စတော့ဈေးကွက်ထဲ ထည့်တော့မှာဖြစ်တယ်။ FSG တစ်ခုလုံးရဲ့ တန်ဖိုးက ဒေါ်လာ ၈ ဘီလီယံလောက်ထိ မြင့်တက်သွားမယ်လို့လည်း သိရတယ်။ တစ်ဆက်တည်းမှာ ဂျွန်ဟင်နရီက နိုင်ငံတကာ အားကစား ကော်ပိုရေးရှင်းကို စတင်ဖို့ နောက်ထပ် ဥရောပကလပ်တစ်သင်းကို စဝယ်မှာဖြစ်တယ်။

FSG ရဲ့ လက်အောက်မှာတော့ အဓိက အားကစား အသင်းကြီး ၂ ခုအဖြစ် Boston Red Sox လို့ ခေါ်တဲ့ မေဂျာလိဂ် ဘော့ဘောအသင်းနဲ့ လီဗာပူးဘောလုံးအသင်းတို့ ရှိနေတာဖြစ်တယ်။ မိခင်ကုမ္ပဏီကို ရင်းနှီးမြုပ်နှံသူ အသစ်တွေဝင်လာရင် လီဗာပူးအသင်းကလည်း အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

လီဗာပူးအသင်းကိုလည်း အုပ်ချုပ်မှုရေးရာ တာဝန်ခံအသစ်တွေကော ရင်းနှီးမြုပ်နှံမှု အသစ်တွေပါ ဝင်ရောက်လာဖို့ရှိပြီး ဒီကိစ္စရဲ့ သက်ရောက်မှု ဘယ်လောက်ကြီးနိုင်လဲအပေါ် အခုချိန်ထိတော့ ခန့်မှန်း သုံးသပ်မှုတွေ လုပ်တာလောက်ပဲ လုပ်နိုင်ကြပါသေးတယ်။

ZAWGYI

လီဗာပူးအသင္း ပိုင္ရွင္ေတြဟာ ဥေရာပတိုက္ထဲက ကလပ္တစ္သင္းကို ဝယ္ယူျပီး ၄င္းတို႔ရဲ႕ အားကစားအင္ပါယာကို စတင္ကာ ခ်ဲ႔ထြင္ေတာ့မယ္လို႔ The Times က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းကို ပိုင္ဆိုင္ထားတဲ့ အေမရိကန္ စီပြားေရးအုပ္စု FSG က ေနာက္ထပ္ စီးပြားေရး ေကာ္ပိုေရးရွင္းျဖစ္တဲ့ RedBall နဲ႔ ပူးေပါင္းမႈေတြ လုပ္ဖို႔ စကားေျပာေနတာပါ။ ဒီညိႏိႈင္း စကားေျပာမႈမွာ FSG က ၄င္းတို႔ စီးပြားေရး လုပ္ငန္းစုၾကီး အားလုံးရဲ႕ ရွယ္ယာ ၂၅% ေလာက္ကို ထုတ္ေရာင္းမွာျဖစ္တယ္။

FSG ရဲ႕ ဥကၠဌ ဂၽြန္ ဟင္နရီက ဒီကိစၥကို အျပီးသတ္ျပီးခဲ့ရင္ FSG ကို စေတာ့ေစ်းကြက္ထဲ ထည့္ေတာ့မွာျဖစ္တယ္။ FSG တစ္ခုလံုးရဲ႕ တန္ဖိုးက ေဒၚလာ ၈ ဘီလီယံေလာက္ထိ ျမင့္တက္သြားမယ္လို႔လည္း သိရတယ္။ တစ္ဆက္တည္းမွာ ဂၽြန္ဟင္နရီက ႏုိင္ငံတကာ အားကစား ေကာ္ပိုေရးရွင္းကို စတင္ဖို႔ ေနာက္ထပ္ ဥေရာပကလပ္တစ္သင္းကို စဝယ္မွာျဖစ္တယ္။

FSG ရဲ႕ လက္ေအာက္မွာေတာ့ အဓိက အားကစား အသင္းၾကီး ၂ ခုအျဖစ္ Boston Red Sox လို႔ ေခၚတဲ့ ေမဂ်ာလိဂ္ ေဘာ့ေဘာအသင္းနဲ႔ လီဗာပူးေဘာလံုးအသင္းတို႔ ရွိေနတာျဖစ္တယ္။ မိခင္ကုမၸဏီကို ရင္းႏွီးျမဳပ္ႏွံသူ အသစ္ေတြဝင္လာရင္ လီဗာပူးအသင္းကလည္း အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ပါဝင္သြားမွာျဖစ္ပါတယ္။

လီဗာပူးအသင္းကိုလည္း အုပ္ခ်ဳပ္မႈေရးရာ တာဝန္ခံအသစ္ေတြေကာ ရင္းႏွီးျမဳပ္ႏွံမႈ အသစ္ေတြပါ ဝင္ေရာက္လာဖို႔ရွိျပီး ဒီကိစၥရဲ႕ သက္ေရာက္မႈ ဘယ္ေလာက္ၾကီးႏုိင္လဲအေပၚ အခုခ်ိန္ထိေတာ့ ခန္႔မွန္း သံုးသပ္မႈေတြ လုပ္တာေလာက္ပဲ လုပ္ႏုိင္ၾကပါေသးတယ္။