လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် လူစာရင်းကနေ ထုတ်ပယ်ထားတဲ့ ကွင်းလယ်လူ ဝဲလ်ဆန်အတွက် ကလပ်အသင်းရှာဖွေပေးနေမှုက သောကြာနေ့ မတိုင်ခင် အပြီးသတ်ပါလိမ့်မယ်။

ဝေလ်းအခြေစိုက်ကလပ်ဖြစ်တဲ့ ဆွမ်ဆီးအသင်းထံ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကို အငှားချဖို့က အတော်လေး နီးစပ်တဲ့ အနေအထားကို ရောက်နေပါပြီ။ ဒါဘီအသင်းဘက်ကလည်း ကြိုးစားပေမယ့် လီဗာပူးနဲ့ ဆက်ဆံရေးကောင်းတဲ့ ဆွမ်ဆီးကပဲ အလေးသာနေခြင်းဖြစ်ပါတယ်။

လီဗာပူးဟာ ဝဲလ်ဆန်အတွက် ပေါင် ၁၂ သန်းတန်တဲ့ ပြောင်းရွှေ့ကြေးကိုပဲ ရခဲ့တာဖြစ်ပြီး အနာဂတ်မှာ ပေါင် ၃ သန်း ထပ်ရနိုင်ပေမယ့် အားကောင်းတဲ့ ကမ်းလှမ်းမှု မဟုတ်ခဲ့ဘူး။ ဝေလ်းလက်ရွေးစင်က ပေါင် သန်း ၂၀ တန်ကြေးရှိတယ်လို့ လီဗာပူးဘက်က ယုံကြည်ခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။

မနှစ်တုန်းက ဘုန်းမောက်ကို အငှားချခဲ့ပြီး ချယ်ရီတို့က ဆက်လက် ကမ်းလှမ်းလာမှုတွေ မရှိရာက ဝဲလ်ဆန်ရဲ့ အနာဂတ်က မသေချာ ဖြစ်လာခဲ့တာပါ။ အကယ်လို့ သောကြာနေ့အမှီ အပြောင်းအရွှေ့ ကိစ္စ မပြီးခဲ့ရင်တော့ ဇန်နဝါရီအထိ ကစားသမားလေးကို ဆက်ထိန်းသွားမယ်လို့ သိရတယ်။

ဆွမ်ဆီးမန်နေဂျာ စတိဗ်ကူပါဟာ လီဗာပူးအကယ်ဒမီ နည်းပြဟောင်းဖြစ်တယ်။ သူဟာ ဘရူးစတားကို ရာသီဝက် အငှားခေါ်ယူခဲ့ပြီး ၂၂ ပွဲအတွင်း သွင်းဂိုး ၁၁ ဂိုးရဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဝဲလ်ဆန်ကိုလည်း ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ နေရာတစ်နေရာအတွက် ကူညီပေးနိုင်မယ် မျှော်လင့်ခံထားရတယ်။

လောလောဆယ် ဝဲလ်ဆန်အတွက် ချန်ပီယံရှစ်ကလပ် သုံးသင်းက ချိတ်ဆက်နေပြီး ပုံမှန်ပွဲထွက်ခွင့် အာမခံချက်နဲ့အတူ ကစားသမားရဲ့ အေးဂျင့်အပါအဝင် စကားပြောမှုတွေ လုပ်နေကြဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ လူစာရင္းကေန ထုတ္ပယ္ထားတဲ့ ကြင္းလယ္လူ ဝဲလ္ဆန္အတြက္ ကလပ္အသင္းရွာေဖြေပးေနမႈက ေသာၾကာေန႔ မတိုင္ခင္ အျပီးသတ္ပါလိမ့္မယ္။

ေဝလ္းအေျခစိုက္ကလပ္ျဖစ္တဲ့ ဆြမ္ဆီးအသင္းထံ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူကို အငွားခ်ဖို႔က အေတာ္ေလး နီးစပ္တဲ့ အေနအထားကို ေရာက္ေနပါျပီ။ ဒါဘီအသင္းဘက္ကလည္း ၾကိဳးစားေပမယ့္ လီဗာပူးနဲ႔ ဆက္ဆံေရးေကာင္းတဲ့ ဆြမ္ဆီးကပဲ အေလးသာေနျခင္းျဖစ္ပါတယ္။

လီဗာပူးဟာ ဝဲလ္ဆန္အတြက္ ေပါင္ ၁၂ သန္းတန္တဲ့ ေျပာင္းေရႊ႔ေၾကးကိုပဲ ရခဲ့တာျဖစ္ျပီး အနာဂတ္မွာ ေပါင္ ၃ သန္း ထပ္ရႏိုင္ေပမယ့္ အားေကာင္းတဲ့ ကမ္းလွမ္းမႈ မဟုတ္ခဲ့ဘူး။ ေဝလ္းလက္ေရြးစင္က ေပါင္ သန္း ၂၀ တန္ေၾကးရွိတယ္လို႔ လီဗာပူးဘက္က ယံုၾကည္ျခင္းေၾကာင့္ အေျပာင္းအေရႊ႔ မျဖစ္ခဲ့ပါဘူး။

မႏွစ္တုန္းက ဘုန္းေမာက္ကို အငွားခ်ခဲ့ျပီး ခ်ယ္ရီတို႔က ဆက္လက္ ကမ္းလွမ္းလာမႈေတြ မရွိရာက ဝဲလ္ဆန္ရဲ႕ အနာဂတ္က မေသခ်ာ ျဖစ္လာခဲ့တာပါ။ အကယ္လို႔ ေသာၾကာေန႔အမွီ အေျပာင္းအေရႊ႔ ကိစၥ မျပီးခဲ့ရင္ေတာ့ ဇန္နဝါရီအထိ ကစားသမားေလးကို ဆက္ထိန္းသြားမယ္လို႔ သိရတယ္။

ဆြမ္ဆီးမန္ေနဂ်ာ စတိဗ္ကူပါဟာ လီဗာပူးအကယ္ဒမီ နည္းျပေဟာင္းျဖစ္တယ္။ သူဟာ ဘရူးစတားကို ရာသီဝက္ အငွားေခၚယူခဲ့ျပီး ၂၂ ပြဲအတြင္း သြင္းဂိုး ၁၁ ဂိုးရဖို႔ ကူညီေပးႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဝဲလ္ဆန္ကိုလည္း ပံုမွန္ပြဲထြက္ခြင့္နဲ႔အတူ ေနရာတစ္ေနရာအတြက္ ကူညီေပးႏုိင္မယ္ ေမွ်ာ္လင့္ခံထားရတယ္။

ေလာေလာဆယ္ ဝဲလ္ဆန္အတြက္ ခ်န္ပီယံရွစ္ကလပ္ သံုးသင္းက ခ်ိတ္ဆက္ေနျပီး ပံုမွန္ပြဲထြက္ခြင့္ အာမခံခ်က္နဲ႔အတူ ကစားသမားရဲ႕ ေအးဂ်င့္အပါအဝင္ စကားေျပာမႈေတြ လုပ္ေနၾကဆဲျဖစ္ပါတယ္။