ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ် က သူ သာ ကစားသမားဘဝမှာဆို လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်နဲ့ ရင်ဆိုင် ကစားရရင် နယ်သာလန်သားအတွက် အဆိုးဆုံး အိပ်မက်ဆိုးပါ မက်သွားရလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဗန်ဒိုက်ကတော့ ဆောက်သမ်တန်ကနေ လီဗာပူး ပြောင်းလာတည်းက ခြေစွမ်းကောင်းတွေ ပြသထားကာ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး စာရင်းဝင်သည်ထိ အစွမ်းပြထားပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်တို့ ဗိုလ်စွဲရာမှာ ဗန်ဒိုက်က အရေးပါတဲ့ အသင်းသား အဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အစောပိုင်းမှာတင် ၁၁ ဂိုးထိ ပေးထားရပြီး တန်းတက်လာတဲ့ လိဒ်ကို သုံးဂိုး၊ အက်စတွန်ဗီလာ ဘက်ကို ၇ ဂိုးထိ ဆိုးဝါးစွာ ခွင့်ပြုထားခဲ့ရပါတယ်။ အန်ဒီကိုးလ်ကတော့ ဗန်ဒိုက်မှာ ပြိုင်ဘက်အသင်းတွေ ကောင်းစွာ အသုံးချနိုင်တဲ့ အားနည်းချက်ကြီး ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

” ဗန်ဒိုက်က ကစားသမားကောင်းပါ။ ကျနော့် အနေနဲ့တော့ တစ်ဦးချင်း ရင်ဆိုင်တောင် ကစားချင်တဲ့ ကစားသမား ဖြစ်တယ်။ ဒါပေမယ့် ကျနော်သာဆိုရင် သူ့ကို ကောင်းကောင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ကိုယ့် ကိုယ်ကို စမ်းသပ်ချင်ရင် အကောင်းဆုံး ပြိုင်ဘက်တွေနဲ့ ရင်ဆိုင် စမ်းသပ်ရပါတယ်။ သူက လောလောဆယ် အကောင်းဆုံး ကစားသမား ဆိုတာ သံသယ ထားစရာ မရှိပါဘူး။

ဒါပေမယ့် ကျနော်က ခံစစ်မှူးတွေကို ကြည့်ပြီး သူတို့ အားနည်းချက်တွေ ရှာရတာ ကြိုက်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ဗန်ဒိုက်မှာ အားနည်းချက် တချို့ ရှိနေတာကို မြင်ခဲ့ရတယ်။ ဒီရာသီ လိဒ်နဲ့ ကစားတဲ့ အဖွင့်ပွဲမှာ တိုက်စစ်မှူးတွေက သူ့ကို ကောင်းကေငာ်း ဒုက္ခပေးခဲ့ကြတယ်။ သူ့ကို ကျော်ဖြတ် ပြီး ချန်ရစ်ခဲ့ကြတယ်။ သူတို့ အဲဒီနေ့မှာ ဂိုးတွေ အပြိုင်သွင်းသွားပြီး ဗန်ဒိုက်ကတော့ ဒီ အတွေ့အကြုံကို ပျော်နိုင်မှာ မဟုတ်ပါဘူး။

သူက ရိုးစ်ရွိုက်စ် လို တကယ့် အငြိမ် ခံစစ်မှူးပါ။ သူက သူ့ခြေထောက်ကို ပြန်ထိန်းပြီး ပြိုင်ဘက်တွေကို လိုက်နေရတာမျိုး မကြိုက်ဘူး။ ဒါပေမယ့် ကျနော်ကတော့ ကျနော့် အကောင်းဆုံး နေ့တွေမှာ ခံစစ်မှူးတွေကို အဲဒီလို ကျော်ဖြတ်ခဲ့တယ်။ ကျနော်နဲ့သာ ရင်ဆိုင် ကစားရရင်တော့ သူ အဆိုးတကာ့ အဆိုးဆုံး အိပ်မက်ဆိုး တွေ့သွားတာမျိုး ဖြစ်သွားလိမ့်မယ်။ ” လို့ အန်ဒီကိုးလ်က ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္ က သူ သာ ကစားသမားဘ၀မွာဆို လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္နဲ႕ ရင္ဆိုင္ ကစားရရင္ နယ္သာလန္သားအတြက္ အဆိုးဆံုး အိပ္မက္ဆိုးပါ မက္သြားရလိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဗန္ဒိုက္ကေတာ့ ေဆာက္သမ္တန္ကေန လီဗာပူး ေျပာင္းလာတည္းက ေျခစြမ္းေကာင္းေတြ ျပသထားကာ ကမၻာ့ အေကာင္းဆံုး ခံစစ္မွဴး စာရင္း၀င္သည္ထိ အစြမ္းျပထားပါတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္း ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္တို႔ ဗိုလ္စြဲရာမွာ ဗန္ဒိုက္က အေရးပါတဲ့ အသင္းသား အျဖစ္ ပါ၀င္ခဲ့ပါတယ္။

ဒါေပမယ့္ လီဗာပူးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ အေစာပိုင္းမွာတင္ ၁၁ ဂိုးထိ ေပးထားရျပီး တန္းတက္လာတဲ့ လိဒ္ကို သံုးဂိုး၊ အက္စတြန္ဗီလာ ဘက္ကို ၇ ဂိုးထိ ဆိုး၀ါးစြာ ခြင့္ျပဳထားခဲ့ရပါတယ္။ အန္ဒီကိုးလ္ကေတာ့ ဗန္ဒိုက္မွာ ျပိဳင္ဘက္အသင္းေတြ ေကာင္းစြာ အသံုးခ်နိုင္တဲ့ အားနည္းခ်က္ၾကီး ရွိေနတယ္လို႔ ယံုၾကည္ေနပါတယ္။

” ဗန္ဒိုက္က ကစားသမားေကာင္းပါ။ က်ေနာ့္ အေနနဲ႕ေတာ့ တစ္ဦးခ်င္း ရင္ဆုိင္ေတာင္ ကစားခ်င္တဲ့ ကစားသမား ျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္သာဆိုရင္ သူ႔ကို ေကာင္းေကာင္း ေက်ာ္ျဖတ္နိုင္ပါလိမ့္မယ္။ ကိုယ့္ ကိုယ္ကို စမ္းသပ္ခ်င္ရင္ အေကာင္းဆံုး ျပိဳင္ဘက္ေတြနဲ႕ ရင္ဆိုင္ စမ္းသပ္ရပါတယ္။ သူက ေလာေလာဆယ္ အေကာင္းဆံုး ကစားသမား ဆိုတာ သံသယ ထားစရာ မရွိပါဘူး။

ဒါေပမယ့္ က်ေနာ္က ခံစစ္မွဴးေတြကို ၾကည့္ျပီး သူတို႔ အားနည္းခ်က္ေတြ ရွာရတာ ၾကိဳက္ပါတယ္။ ျပီးခဲ့တဲ့ လေတြအတြင္း ဗန္ဒိုက္မွာ အားနည္းခ်က္ တခ်ိဳ႕ ရွိေနတာကို ျမင္ခဲ့ရတယ္။ ဒီရာသီ လိဒ္နဲ႕ ကစားတဲ့ အဖြင့္ပြဲမွာ တိုက္စစ္မွဴးေတြက သူ႔ကို ေကာင္းေကငာ္း ဒုကၡေပးခဲ့ၾကတယ္။ သူ႔ကို ေက်ာ္ျဖတ္ ျပီး ခ်န္ရစ္ခဲ့ၾကတယ္။ သူတို႔ အဲဒီေန႔မွာ ဂိုးေတြ အျပိဳင္သြင္းသြားျပီး ဗန္ဒိုက္ကေတာ့ ဒီ အေတြ႔အၾကံဳကို ေပ်ာ္နုိင္မွာ မဟုတ္ပါဘူး။

သူက ရိုးစ္ရြိဳက္စ္ လို တကယ့္ အျငိမ္ ခံစစ္မွဴးပါ။ သူက သူ႔ေျခေထာက္ကို ျပန္ထိန္းျပီး ျပိဳင္ဘက္ေတြကို လိုက္ေနရတာမ်ိဳး မၾကိဳက္ဘူး။ ဒါေပမယ့္ က်ေနာ္ကေတာ့ က်ေနာ့္ အေကာင္းဆံုး ေန႔ေတြမွာ ခံစစ္မွဴးေတြကို အဲဒီလို ေက်ာ္ျဖတ္ခဲ့တယ္။ က်ေနာ္နဲ႕သာ ရင္ဆုိင္ ကစားရရင္ေတာ့ သူ အဆိုးတကာ့ အဆုိးဆံုး အိပ္မက္ဆိုး ေတြ႔သြားတာမ်ိဳး ျဖစ္သြားလိမ့္မယ္။ ” လို႔ အန္ဒီကိုးလ္က ေျပာဆိုသြားခဲ့ပါတယ္။