၂၀၂၀ နွေအပြောင်းအရွှေ့အတွက် ဥရောပဈေးကွက်ကော၊ အင်္ဂလန်ပြည်တွင်း ဈေးကွက်ပါ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အခြားသော ဘောလုံးရာသီတွေနဲ့ မတူဘဲ ကပ်ဘေးကြောင့် အင်္ဂလန်ကလပ်တွေကို ဥရောပဈေးကွက် အပြီးမှာလည်း ပြည်တွင်းဈေးကွက်ကို အောက်တိုဘာလ ၁၇ ရက်နေ့ထိ ဖွင့်ထားပေးခဲ့ကာ အောက်တန်းလိဂ်တွေနဲ့ ကစားသမား အရောင်းအဝယ်တွေ လုပ်ခွင့် ပေးခဲ့တာဖြစ်တယ်။

ဒီနွေမှာတော့ လီဗာပူးက ဂျိုတာအတွက် ပေါင် ၄၁ သန်း အောင်မြင်မှုအလိုက် ပေါင် ၄ သန်း၊ သီယာဂိုအတွက် ပေါင် သန်း ၂၀ အောင်မြင်မှုအလိုက် ပေါင် ၅ သန်း၊ ကိုစတက်အတွက် ပေါင် ၁၁.၇၅ သန်း အောင်မြင်မှုအလိုက် ပေါင် ၃.၂၅ သန်းနဲ့ ပီတာလူးဂါအတွက် ပေါင် ၁.၈ သန်း ထိရောက်နိုင်မယ့် သဘောတူညီမှုအဖြစ် လူသစ် ၄ ဦး ခေါ်ယူခဲ့တယ်။

ကစားသမား ရောင်းထုတ်မှုမှာတော့ ဘရူးစတားကို ပေါင် ၂၃.၅ သန်း၊ လိုဗရန်ကို ပေါင် ၁၁ သန်း၊ ဟိုဗာကို ပေါင် ၁၃.၅ သန်း၊ အယ်ဂျာရီယာကို ပေါင် ၃.၅ သန်း၊ ဟာဘီကိန်းကို ပေါင် ၁.၂၅ သန်းတို့ဖြင့် အပြီးသတ် ရောင်းထုတ်ခဲ့တယ်။ ဝဲလ်ဆန်ကိုတော့ ပေါင် ၁.၂ သန်းဖြင့် အငှား၊ ဂရုဂျစ်ကို ပေါင် ၁ သန်းဖြင့် အငှား ချခဲ့ပြီး အိုဂျို၊ အီးလီးယော့၊ ကားရီးယက်၊ အန်ဝန်နီယီနဲ့ ဝုဒ်ဘမ်းတို့ကိုလည်း အငှားချခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပွဲထွက်လူစာရင်းကို တိုက်ရိုက် ဝင်ရောက်နိုင်မယ့် လူသစ် ၃ ဦး၊ လူငယ် ၁ ဦးတို့ကို ခေါ်ယူခဲ့ကာ လိုဗရန်အပြင် ပွဲထွက်ခွင့် ပေးနိုင်ဦးမှာ မဟုတ်တဲ့ ကစားသမား စုစုပေါင်း ၁၂ ဦးထိကို ရှင်းထုတ်နိုင်ခဲ့တယ်။ အဆိုပါ ၁၂ ဦးအတွက် လုပ်ခလစာမှာ ပေါင် သန်း ၃၀ ဝန်းကျင် ရှိပါတယ်။

ကစားသမား အထွက်စာရင်းမှာ အဓိက ကစားသမား မပါပေမယ့် အဝင်မှာတော့ ထိပ်တန်း ကစားသမားတွေ ပါလာခဲ့တယ်။ ဒါကြောင့် ကိုဗစ်ကပ်ဘေး အနေအထားမှာ လီဗာပူးရဲ့ နွေလှုပ်ရှားမှုက အကောင်းမြင်နိုင်စရာ အခြေအနေဖြစ်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

ZAWGYI

၂၀၂၀ ေႏြအေျပာင္းအေရႊ႔အတြက္ ဥေရာပေစ်းကြက္ေကာ၊ အဂၤလန္ျပည္တြင္း ေစ်းကြက္ပါ ပိတ္သိမ္းသြားခဲ့ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ အျခားေသာ ေဘာလံုးရာသီေတြနဲ႔ မတူဘဲ ကပ္ေဘးေၾကာင့္ အဂၤလန္ကလပ္ေတြကို ဥေရာပေစ်းကြက္ အျပီးမွာလည္း ျပည္တြင္းေစ်းကြက္ကို ေအာက္တိုဘာလ ၁၇ ရက္ေန႔ထိ ဖြင့္ထားေပးခဲ့ကာ ေအာက္တန္းလိဂ္ေတြနဲ႔ ကစားသမား အေရာင္းအဝယ္ေတြ လုပ္ခြင့္ ေပးခဲ့တာျဖစ္တယ္။

ဒီေႏြမွာေတာ့ လီဗာပူးက ဂ်ိဳတာအတြက္ ေပါင္ ၄၁ သန္း ေအာင္ျမင္မႈအလိုက္ ေပါင္ ၄ သန္း၊ သီယာဂိုအတြက္ ေပါင္ သန္း ၂၀ ေအာင္ျမင္မႈအလိုက္ ေပါင္ ၅ သန္း၊ ကိုစတက္အတြက္ ေပါင္ ၁၁.၇၅ သန္း ေအာင္ျမင္မႈအလိုက္ ေပါင္ ၃.၂၅ သန္းနဲ႔ ပီတာလူးဂါအတြက္ ေပါင္ ၁.၈ သန္း ထိေရာက္ႏုိင္မယ့္ သေဘာတူညီမႈအျဖစ္ လူသစ္ ၄ ဦး ေခၚယူခဲ့တယ္။

ကစားသမား ေရာင္းထုတ္မႈမွာေတာ့ ဘရူးစတားကို ေပါင္ ၂၃.၅ သန္း၊ လိုဗရန္ကို ေပါင္ ၁၁ သန္း၊ ဟိုဗာကို ေပါင္ ၁၃.၅ သန္း၊ အယ္ဂ်ာရီယာကို ေပါင္ ၃.၅ သန္း၊ ဟာဘီကိန္းကို ေပါင္ ၁.၂၅ သန္းတို႔ျဖင့္ အျပီးသတ္ ေရာင္းထုတ္ခဲ့တယ္။ ဝဲလ္ဆန္ကိုေတာ့ ေပါင္ ၁.၂ သန္းျဖင့္ အငွား၊ ဂရုဂ်စ္ကို ေပါင္ ၁ သန္းျဖင့္ အငွား ခ်ခဲ့ျပီး အိုဂ်ိဳ၊ အီးလီးေယာ့၊ ကားရီးယက္၊ အန္ဝန္နီယီနဲ႔ ဝုဒ္ဘမ္းတို႔ကိုလည္း အငွားခ်ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပြဲထြက္လူစာရင္းကို တိုက္ရိုက္ ဝင္ေရာက္ႏုိင္မယ့္ လူသစ္ ၃ ဦး၊ လူငယ္ ၁ ဦးတို႔ကို ေခၚယူခဲ့ကာ လိုဗရန္အျပင္ ပြဲထြက္ခြင့္ ေပးႏုိင္ဦးမွာ မဟုတ္တဲ့ ကစားသမား စုစုေပါင္း ၁၂ ဦးထိကို ရွင္းထုတ္ႏုိင္ခဲ့တယ္။ အဆိုပါ ၁၂ ဦးအတြက္ လုပ္ခလစာမွာ ေပါင္ သန္း ၃၀ ဝန္းက်င္ ရွိပါတယ္။

ကစားသမား အထြက္စာရင္းမွာ အဓိက ကစားသမား မပါေပမယ့္ အဝင္မွာေတာ့ ထိပ္တန္း ကစားသမားေတြ ပါလာခဲ့တယ္။ ဒါေၾကာင့္ ကိုဗစ္ကပ္ေဘး အေနအထားမွာ လီဗာပူးရဲ႕ ေႏြလႈပ္ရွားမႈက အေကာင္းျမင္ႏုိင္စရာ အေျခအေနျဖစ္တယ္လို႔ ဆိုႏုိင္မွာ ျဖစ္ပါတယ္။