ဒီရက်ပိုင်းမှာ အသံစထွက်နေတဲ့ တိုက်စစ်မှူး ဘော်ဘီရဲ့ ကလပ်အတွက် ကာလရှည် ဂိုးပေါက်ပျောက်မှု အကြောင်းဟာ ဒီကနေ့မှာတော့ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ နားထိ ပေါက်ရောက်ခဲ့ပါတယ်။

ဒီရာသီမှာ ဘော်ဘီ ဖာမင်နိုဟာ ကလပ်အတွက် သွင်းဂိုး မရသေးပါဘူး။ ဒါကြောင့် ဘော်ဘီ ဂိုးမသွင်းနိုင်တာက ကလပ်အတွက် ပြဿနာဖြစ်လာသလားလို့ မေးခွန်းထုတ်ခံခဲ့ရတယ်။ ကလော့ပ်က ဒီမေးခွန်းကို အံ့အားသင့်ခဲ့ပြီး ဘော်ဘီကို ဒီလို မေးလာကြတာအတွက် သူ မယုံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။

ယာဂင်က ” ဖာမင်နို ဂိုးမသွင်းနိုင်တာက ငါ့အတွက် ပြဿနာတစ်ခုဖြစ်လာတယ်လို့ ဘာလို့ ပြောနေကြတာလဲ။ ငါ့အတွက်က အဲ့တာက ပြဿနာလို့ ပြောရဖို့ နည်းနည်းတောင် မနီးစပ်ဘူး။ ပြင်ပကမ္ဘာက လူတွေနဲ့ ငါ့ကြားမှာ ဘောလုံးဆိုင်ရာ ကိစ္စတွေနဲ့ ပက်သက်ပြီး ခြားနားတဲ့ အမြင်တွေ အများကြီး ရှိပါတယ်။

အပြင်က လူတွေလို ငါလည်း ဒီအခိုက်အတန့်တွေကို အကဲဖြတ်မှုတွေ လုပ်နေတယ်။ ငါက တစ်ပွဲ၊ နှစ်ပွဲစာ ဒါမှမဟုတ် နှစ်ပွဲ သုံးပွဲလောက်ကိုပဲ အကဲဖြတ်နေတာ မဟုတ်ဘူး။ ကစားသမားတွေက အသင်းအပေါ် လွှမ်းမိုးမှုရှိဖို့နဲ့ အသင်းအတွက် ဘယ်လို ကစားပေးလဲဆိုတာကပဲ အရေးကြီးတယ်။

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲကို ရံှူးထားပါတယ်။ အဲ့မတိုင်ခင် ပွဲတွေမှာတော့ နိုင်နေတာပဲလေ။ ဘော်ဘီက ဂိုးမသွင်းနိုင်ဘူး။ ဒါပေမယ့် အသင်းအပေါ် လွှမ်းမိုး သက်ရောက်မှုမှာ သူက သိပ်ကြီးမားခဲ့တာပဲ။

ဘော်ဘီလို ကစားသမားက ဂိုးမသွင်းနိုင်ဘူးဆိုရင် လူတွေက သူ ဘောလုံး ဆုံးရံှူးလိုက်တာကိုတောင် သတိထား ပြောလာကြလိမ့်မယ်။ ဘော်ဘီက ဂိုးလည်းမသွင်းဘူး၊ ဘောလုံးလည်း အပျက်များတယ်ပေါ့။ ရုတ်တရတ်ပဲ ဘော်ဘီ ဖာမင်နိုဆိုတာ ဒီလိုကစားသမားကြီးလား မေးလာကြလိမ့်မယ်။ ဟုတ်တယ် ဘော်ဘီဆိုတာ အဲ့လိုပဲ ကစားပါတယ်။ ” လို့ ကလော့ပ်က ဖြေတယ်။

ဘော်ဘီဟာ ကလပ်မှာ ဂိုးမရပေမယ့် လက်ရွေးစင်အသင်းမှာတေ့ာ သွင်းဂိုးတွေရဖို့ နည်းနည်း ပိုလွယ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘိုလီဗီယားပွဲမှာ ၂ ဂိုး သွင်းနိုင်ခဲ့တဲ့ ဘော်ဘီဟာ ပီရူးနဲ့ပွဲမှာလည်း သူ့ရဲ့ ခေါင်းတိုက်မှုကို ရစ်ချာလီဆန် ဝင်မပိတ်ဘူးဆိုရင် သွင်းဂိုးက သူ ရသွားမယ့် အနေအထားမျိုး ဖြစ်ခဲ့တာပါ။ ကလော့ပ်က ဘော်ဘီက အဆုံးသတ်ပိုင်းမှာ ရာနှုန်းပြည့် မပြီးမြောက်တဲ့ အနေအထားတွေ ရှိနေတာကိုတော့ ဝန်ခံတယ်။

မန်နေဂျာကြီးက ” ဘရာဇီးအသင်းမှာ သူက ဂိုး ၂ ဂိုး သွင်းခဲ့တယ်။ ပုံစံကောင်းမှာလည်း ရနေတယ်။ သူ ကစားနိုင်သလောက် အကြာကြီး ကစားပါလိမ့်မယ်။ အပြင်လူတွေက သူတို့ သုံးသပ်လိုတဲ့ အပိုင်းကိုပဲ သုံးသပ်လိမ့်မယ်။ ငါတို့ကတော့ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ အသင်းလိုက် စွမ်းဆောင်ရည်ကို သုံးသပ်ရတယ်။ ဒါပေမယ့် အပြင်ကလူတွေနဲ့ ငါတို့ကြား သုံးသပ်ရပုံခြင်း ကွာပါတယ်။

ဟုတ်တယ် ပရိသတ်တွေက ဘော်ဘီ ဂိုးသွင်တာကို မြင်လိုတယ်။ ဂိုးသွင်းလောက်တဲ့ နေရာမှာ ဘော်ဘီကစားတာကို မြင်လိုတယ်။ ဂိုးလည်း သွင်းလိုရနိုင်တဲ့ အခြေအနေတွေမှာ သူမသွင်းနိုင်ခဲ့တာတွေ ရှိတယ်။ ဒါကို ငါလည်းသိတယ်၊ ဘော်ဘီလည်း သူ့ဘာသာသိတယ်။ သူလည်း ဒါမျိုးကို မကြိုက်ပါဘူး။ ဒါပေမယ့် ဂိုးမသွင်းနိုင်တာက ဘော်ဘီနဲ့ ပက်သက်လို့ ငါစဉ်းစားနေတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာ သေချာပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီရက္ပိုင္းမွာ အသံစထြက္ေနတဲ့ တိုက္စစ္မွဴး ေဘာ္ဘီရဲ႕ ကလပ္အတြက္ ကာလရွည္ ဂိုးေပါက္ေပ်ာက္မႈ အေၾကာင္းဟာ ဒီကေန႔မွာေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ နားထိ ေပါက္ေရာက္ခဲ့ပါတယ္။

ဒီရာသီမွာ ေဘာ္ဘီ ဖာမင္ႏိုဟာ ကလပ္အတြက္ သြင္းဂိုး မရေသးပါဘူး။ ဒါေၾကာင့္ ေဘာ္ဘီ ဂိုးမသြင္းႏုိင္တာက ကလပ္အတြက္ ျပႆနာျဖစ္လာသလားလို႔ ေမးခြန္းထုတ္ခံခဲ့ရတယ္။ ကေလာ့ပ္က ဒီေမးခြန္းကို အံ့အားသင့္ခဲ့ျပီး ေဘာ္ဘီကို ဒီလို ေမးလာၾကတာအတြက္ သူ မယံုႏုိင္ေအာင္ ျဖစ္ေနခဲ့ပါတယ္။

ယာဂင္က ” ဖာမင္ႏို ဂိုးမသြင္းႏုိင္တာက ငါ့အတြက္ ျပႆနာတစ္ခုျဖစ္လာတယ္လို႔ ဘာလို႔ ေျပာေနၾကတာလဲ။ ငါ့အတြက္က အဲ့တာက ျပႆနာလို႔ ေျပာရဖို႔ နည္းနည္းေတာင္ မနီးစပ္ဘူး။ ျပင္ပကမၻာက လူေတြနဲ႔ ငါ့ၾကားမွာ ေဘာလံုးဆိုင္ရာ ကိစၥေတြနဲ႔ ပက္သက္ျပီး ျခားနားတဲ့ အျမင္ေတြ အမ်ားၾကီး ရွိပါတယ္။

အျပင္က လူေတြလို ငါလည္း ဒီအခိုက္အတန္႔ေတြကို အကဲျဖတ္မႈေတြ လုပ္ေနတယ္။ ငါက တစ္ပြဲ၊ ႏွစ္ပြဲစာ ဒါမွမဟုတ္ ႏွစ္ပြဲ သံုးပြဲေလာက္ကိုပဲ အကဲျဖတ္ေနတာ မဟုတ္ဘူး။ ကစားသမားေတြက အသင္းအေပၚ လႊမ္းမိုးမႈရွိဖို႔နဲ႔ အသင္းအတြက္ ဘယ္လို ကစားေပးလဲဆိုတာကပဲ အေရးၾကီးတယ္။

ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပရီးမီးယားလိဂ္ပြဲကို ရံွဴးထားပါတယ္။ အဲ့မတိုင္ခင္ ပြဲေတြမွာေတာ့ ႏုိင္ေနတာပဲေလ။ ေဘာ္ဘီက ဂိုးမသြင္းႏုိင္ဘူး။ ဒါေပမယ့္ အသင္းအေပၚ လႊမ္းမိုး သက္ေရာက္မႈမွာ သူက သိပ္ၾကီးမားခဲ့တာပဲ။

ေဘာ္ဘီလို ကစားသမားက ဂိုးမသြင္းႏုိင္ဘူးဆိုရင္ လူေတြက သူ ေဘာလံုး ဆံုးရံွဴးလိုက္တာကိုေတာင္ သတိထား ေျပာလာၾကလိမ့္မယ္။ ေဘာ္ဘီက ဂိုးလည္းမသြင္းဘူး၊ ေဘာလံုးလည္း အပ်က္မ်ားတယ္ေပါ့။ ရုတ္တရတ္ပဲ ေဘာ္ဘီ ဖာမင္ႏိုဆိုတာ ဒီလိုကစားသမားၾကီးလား ေမးလာၾကလိမ့္မယ္။ ဟုတ္တယ္ ေဘာ္ဘီဆိုတာ အဲ့လိုပဲ ကစားပါတယ္။ ” လို႔ ကေလာ့ပ္က ေျဖတယ္။

ေဘာ္ဘီဟာ ကလပ္မွာ ဂိုးမရေပမယ့္ လက္ေရြးစင္အသင္းမွာေတ့ာ သြင္းဂိုးေတြရဖို႔ နည္းနည္း ပိုလြယ္ေနတဲ့ အေနအထားမွာ ရွိေနပါတယ္။ ဘိုလီဗီယားပြဲမွာ ၂ ဂိုး သြင္းႏုိင္ခဲ့တဲ့ ေဘာ္ဘီဟာ ပီရူးနဲ႔ပြဲမွာလည္း သူ႔ရဲ႔ ေခါင္းတိုက္မႈကို ရစ္ခ်ာလီဆန္ ဝင္မပိတ္ဘူးဆိုရင္ သြင္းဂိုးက သူ ရသြားမယ့္ အေနအထားမ်ိဳး ျဖစ္ခဲ့တာပါ။ ကေလာ့ပ္က ေဘာ္ဘီက အဆံုးသတ္ပိုင္းမွာ ရာႏႈန္းျပည့္ မျပီးေျမာက္တဲ့ အေနအထားေတြ ရွိေနတာကိုေတာ့ ဝန္ခံတယ္။

မန္ေနဂ်ာၾကီးက ” ဘရာဇီးအသင္းမွာ သူက ဂိုး ၂ ဂိုး သြင္းခဲ့တယ္။ ပံုစံေကာင္းမွာလည္း ရေနတယ္။ သူ ကစားႏုိင္သေလာက္ အၾကာၾကီး ကစားပါလိမ့္မယ္။ အျပင္လူေတြက သူတို႔ သံုးသပ္လိုတဲ့ အပိုင္းကိုပဲ သံုးသပ္လိမ့္မယ္။ ငါတို႔ကေတာ့ တစ္ဦးခ်င္း စြမ္းေဆာင္ရည္နဲ႔ အသင္းလိုက္ စြမ္းေဆာင္ရည္ကို သံုးသပ္ရတယ္။ ဒါေပမယ့္ အျပင္ကလူေတြနဲ႔ ငါတို႔ၾကား သံုးသပ္ရပံုျခင္း ကြာပါတယ္။

ဟုတ္တယ္ ပရိသတ္ေတြက ေဘာ္ဘီ ဂိုးသြင္တာကို ျမင္လိုတယ္။ ဂိုးသြင္းေလာက္တဲ့ ေနရာမွာ ေဘာ္ဘီကစားတာကို ျမင္လိုတယ္။ ဂိုးလည္း သြင္းလိုရႏုိင္တဲ့ အေျခအေနေတြမွာ သူမသြင္းႏုိင္ခဲ့တာေတြ ရွိတယ္။ ဒါကို ငါလည္းသိတယ္၊ ေဘာ္ဘီလည္း သူ႔ဘာသာသိတယ္။ သူလည္း ဒါမ်ိဳးကို မၾကိဳက္ပါဘူး။ ဒါေပမယ့္ ဂိုးမသြင္းႏုိင္တာက ေဘာ္ဘီနဲ႔ ပက္သက္လို႔ ငါစဥ္းစားေနတဲ့ ကိစၥ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။