ဒီနေ့တွေထဲမှာ လီဗာပူးအတွက် သတင်းဆိုးအဖြစ် ခံစစ်မှူးဗန်ဒိုက်ဟာ ကာလရှည် အနားယူရတော့မှာဖြစ်ပြီး ရာသီကုန်ထိ အနားယူရခြင်း မဟုတ်ဖို့ အသင်းဘက်က မျှော်လင့်နေပါတယ်။

ဒါပေမယ့်လို့ ရှားရှားပါးပါး သတင်းကောင်းကတော့ ဂိုးသမား အယ်လီဆန် ပြန်သက်သာလာပြီဖြစ်ကာ ဒီလမကုန်ခင်မှာပဲ ဂိုးပြန်ဖမ်းနိုင်တော့မှာဖြစ်တယ်။ လေ့ကျင့်ရေးဝင်ဖို့ အရမ်း နီးစပ်နေပြီဖြစ်ပေမယ့် အေဂျက်နဲ့ပွဲအပြင် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကို လွဲဖွယ်ရှိတယ်။

အယ်လီဆန်ရဲ့ ဒဏ်ရာဟာ ၆ ပတ်လောက်ထိ နားရနိုင်ပေမယ့် သူဟာ ၄ ပတ် မပြည့်ခင်မှာပဲ ပြန်လည် သက်သာလာတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ အီသီဟတ်မှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ပွဲမှာ အယ်လီဆန် ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

နောက်ထပ် ဒဏ်ရာသတင်းအဖြစ် သီယာဂိုရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်အပြီးမှာ အခြေအနေ အရမ်း မဆိုးခဲ့ပါဘူး။ စနေနေ့တုန်းက လီဗာပူးမြို့ Mossley Hill မှာရှိတဲ့ Spire Hospital မှာ သီယာဂိုကို ပြသခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ နောက်ဆက်တွဲ အခြေအနေ ထွက်လာခဲ့တယ်။

သီယာဂိုက ဒဏ်ရာ မပြင်းထန်သလို အကူမလိုဘဲ လမ်းလျှေက်နိုင်ခဲ့ပေမယ့် ခြေသလုံးမှာ ရစ်ချာလီဆန်ရဲ့ ဘား (သို့) ဒူးနဲ့ တိုက်မိခြင်းကြောင့် ဒဏ်ရာတော့ ရခဲ့တယ်။ ဆေးရုံက ထွက်လာတဲ့ သီယာဂိုက ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်ဘဲ ထော့နဲ့ ထော့နဲ့ဖြစ်နေခဲ့တယ်။ သူဟာ အေဂျက်နဲ့ပွဲကိုတော့ သေချာပေါက် လွဲမှာဖြစ်ပြီး ကာလရှည် အနားယူရမယ့် အန္တရာယ်ကတော့ ကင်းလွှတ်ခဲ့ပါတယ်။

ဒီအပတ်အကုန် ပရီးမီးယားလိဂ်ပွဲမှာ သီယာဂို ပြန်ပါလာနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ကာ အသင်းဘက်က ချန်ပီယံလိဂ်ခရီးထွက်မယ့် လူစာရင်းကို မရွေးချယ်ရသေးပါဘူး။

ZAWGYI

ဒီေန႔ေတြထဲမွာ လီဗာပူးအတြက္ သတင္းဆိုးအျဖစ္ ခံစစ္မွဴးဗန္ဒိုက္ဟာ ကာလရွည္ အနားယူရေတာ့မွာျဖစ္ျပီး ရာသီကုန္ထိ အနားယူရျခင္း မဟုတ္ဖို႔ အသင္းဘက္က ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမယ့္လို႔ ရွားရွားပါးပါး သတင္းေကာင္းကေတာ့ ဂိုးသမား အယ္လီဆန္ ျပန္သက္သာလာျပီျဖစ္ကာ ဒီလမကုန္ခင္မွာပဲ ဂိုးျပန္ဖမ္းႏုိင္ေတာ့မွာျဖစ္တယ္။ ေလ့က်င့္ေရးဝင္ဖို႔ အရမ္း နီးစပ္ေနျပီျဖစ္ေပမယ့္ ေအဂ်က္နဲ႔ပြဲအျပင္ စေနေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲကို လြဲဖြယ္ရွိတယ္။

အယ္လီဆန္ရဲ႕ ဒဏ္ရာဟာ ၆ ပတ္ေလာက္ထိ နားရႏုိင္ေပမယ့္ သူဟာ ၄ ပတ္ မျပည့္ခင္မွာပဲ ျပန္လည္ သက္သာလာတဲ့ အေနအထားျဖစ္တယ္။ ဒါေၾကာင့္ ႏိုဝင္ဘာလ ၇ ရက္ေန႔ အီသီဟတ္မွာ ယွဥ္ျပိဳင္ကစားမယ့္ မန္စီးတီးနဲ႔ပြဲမွာ အယ္လီဆန္ ပါဝင္လာႏုိင္ဖြယ္ ရွိပါတယ္။

ေနာက္ထပ္ ဒဏ္ရာသတင္းအျဖစ္ သီယာဂိုရဲ႕ ဒဏ္ရာကို စစ္ေဆးမႈေတြ လုပ္အျပီးမွာ အေျခအေန အရမ္း မဆိုးခဲ့ပါဘူး။ စေနေန႔တုန္းက လီဗာပူးျမိဳ႔ Mossley Hill မွာရွိတဲ့ Spire Hospital မွာ သီယာဂိုကို ျပသခဲ့ျပီး တနဂၤေႏြေန႔မွာေတာ့ ေနာက္ဆက္တြဲ အေျခအေန ထြက္လာခဲ့တယ္။

သီယာဂိုက ဒဏ္ရာ မျပင္းထန္သလို အကူမလိုဘဲ လမ္းေလွ်က္ႏုိင္ခ့ဲေပမယ့္ ေျခသလံုးမွာ ရစ္ခ်ာလီဆန္ရဲ႕ ဘား (သို႔) ဒူးနဲ႔ တိုက္မိျခင္းေၾကာင့္ ဒဏ္ရာေတာ့ ရခဲ့တယ္။ ေဆးရံုက ထြက္လာတဲ့ သီယာဂိုက ပံုမွန္အတိုင္း လမ္းမေလွ်ာက္ႏုိင္ဘဲ ေထာ့နဲ႔ ေထာ့နဲ႔ျဖစ္ေနခဲ့တယ္။ သူဟာ ေအဂ်က္နဲ႔ပြဲကိုေတာ့ ေသခ်ာေပါက္ လြဲမွာျဖစ္ျပီး ကာလရွည္ အနားယူရမယ့္ အႏၱရာယ္ကေတာ့ ကင္းလႊတ္ခဲ့ပါတယ္။

ဒီအပတ္အကုန္ ပရီးမီးယားလိဂ္ပြဲမွာ သီယာဂို ျပန္ပါလာႏုိင္မလား ေစာင့္ၾကည့္ရဦးမွာျဖစ္ကာ အသင္းဘက္က ခ်န္ပီယံလိဂ္ခရီးထြက္မယ့္ လူစာရင္းကို မေရြးခ်ယ္ရေသးပါဘူး။