မန်နေဂျာယာဂင်ကလော့ပ်က ဗန်ဒိုက်ရဲ့ ဒဏ်ရာ ခွဲစိတ်မှုခံယူရမယ်ဆိုတဲ့ သတင်းကို အသင်းဘက်က ကြေညာပြီး ပထမဆုံးအကြိမ်အဖြစ် စကားပြောမှု လုပ်လာခဲ့ပါပြီ။

ကလော့ပ်ကတော့ ဗန်ဒိုက်နဲ့ စကားပြောမှုတွေရှိကာ ခံစစ်သမားက အဆင်ပြေပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗန်ဒိုက် ကိုယ်တိုင်ကလည်း ဒီအခြေအနေမှာ ကိုယ်ဘာသာ စိတ်ဓါတ် ကြံ့ခိုင်နေဖို့ ပြင်ဆင်နေပြီး ကာလရှည် ပြန်လည် ထူထောင်းရေးအတွက် ကြိုးစားရတော့မှာအတွက် အားတင်းနေတယ်လို့ ကလော့ပ်က ပြောပါတယ်။

ဒီအပတ်ထဲမှာ ခွဲစိတ်မှု ခံယူမယ့် ဗန်ဒိုက်ဟာ ပါရဂူနဲ့ တိုင်ပင်မှုတွေ လုပ်နေပြီး အစီအစဉ်တွေ ဆွဲနေပါတယ်။ ဗန်ဒိုက်ဟာ စိတ်ဓါတ် အတော်လေး ကြံ့ခိုင်သူဖြစ်ပြီး သူဟာ ဒဏ်ရာကနေ ခပ်မြန်မြန် သက်သာနိုင်တဲ့ စွမ်းရည်ရှိသူဖြစ်တယ်။ ဒီအချက်ကပဲ သူက ထင်ထားတာထက် ပိုစောစော ဘောလုံးပြန်ကစားနိုင်ဖို့ မျှော်လင့်စရာ ဖြစ်လာပါတယ်။

ယာဂင်က “ အမြဲတမ်း ဒီလိုပါပဲ။ ဒီလို အခြေအနေမှာ ကစားသမားတွေက သူတို့ဘာသာ နေရတာကိုပဲ ပိုမို နှစ်သက်ကြပါတယ်။ ပထမဆုံး အခိုက်အတန့်တွေအတွက်တော့ ဒီလိုပဲ ရင်ဆိုင်ကြရတာပါပဲ။ ဘောလုံးကို ကျနော်ကလည်း ကာလရှည် အလုပ်လုပ်တာဖြစ်လို့ ဒါကို ကျနော် နားလည်ပါတယ်။

ကိုယ်တိုင်လည်း ဒဏ်ရာရခဲ့ဖူးပါတယ်။ ဗန်ဒိုက်နဲ့ တူညီတဲ့ ဒဏ်ရာမျိုးကို ကျနော်လည်း ရခဲ့ဖူးပါတယ်။ အဲ့လို အခြေအနေတွေမှာ စကားများနေရမှာ မဟုတ်ပါဘူး။ ကိုယ်ဘာသာနေပြီး စိတ်ဓါတ်ပိုင်းကို စတင် ပြင်ဆင်ရမှာပါ။ ဒါပေမယ့် ကျနေ်ာတို့ကြား အဆက်အသွယ်ရှိပါတယ်။ ဗန်ဒိုက်နဲ့လည်း အဆက်အသွယ်ရှိပါတယ်။

ဗန်ဒိုက်အတွက် အသင်းက အတူရှိပေးနေမှာပါ။ သူ့အတွက် ကျနေ်ာတို့တွေက ထောင်ကျသွားတဲ့ ခင်ပွန်းသည်ကို သစ္စာရှိစွာ စောင့်မျှော်နေမယ့် ဇနီးသည်လို စောင့်ပေးနေကြမယ်ဆိုတာကို သူလည်း သိပါတယ်။ အဲ့လိုပဲ လုပ်ရမှာပါ။ ကျနေ်ာတို့ လုပ်နိုင်တာ အားလုံးက ဖြစ်နိုင်သလောက် သူ့အတွက် အားလုံး လွယ်ကူသွားဖို့ လုပ်ပေးရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဗန္ဒိုက္ရဲ႕ ဒဏ္ရာ ခြဲစိတ္မႈခံယူရမယ္ဆိုတဲ့ သတင္းကို အသင္းဘက္က ေၾကညာျပီး ပထမဆံုးအၾကိမ္အျဖစ္ စကားေျပာမႈ လုပ္လာခဲ့ပါျပီ။

ကေလာ့ပ္ကေတာ့ ဗန္ဒိုက္နဲ႔ စကားေျပာမႈေတြရွိကာ ခံစစ္သမားက အဆင္ေျပပါတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဗန္ဒိုက္ ကိုယ္တိုင္ကလည္း ဒီအေျခအေနမွာ ကိုယ္ဘာသာ စိတ္ဓါတ္ ၾကံ႕ခိုင္ေနဖို႔ ျပင္ဆင္ေနျပီး ကာလရွည္ ျပန္လည္ ထူေထာင္းေရးအတြက္ ၾကိဳးစားရေတာ့မွာအတြက္ အားတင္းေနတယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။

ဒီအပတ္ထဲမွာ ခြဲစိတ္မႈ ခံယူမယ့္ ဗန္ဒိုက္ဟာ ပါရဂူနဲ႔ တိုင္ပင္မႈေတြ လုပ္ေနျပီး အစီအစဥ္ေတြ ဆြဲေနပါတယ္။ ဗန္ဒိုက္ဟာ စိတ္ဓါတ္ အေတာ္ေလး ၾကံ႕ခိုင္သူျဖစ္ျပီး သူဟာ ဒဏ္ရာကေန ခပ္ျမန္ျမန္ သက္သာႏုိင္တဲ့ စြမ္းရည္ရွိသူျဖစ္တယ္။ ဒီအခ်က္ကပဲ သူက ထင္ထားတာထက္ ပိုေစာေစာ ေဘာလံုးျပန္ကစားႏုိင္ဖို႔ ေမွ်ာ္လင့္စရာ ျဖစ္လာပါတယ္။

ယာဂင္က “ အျမဲတမ္း ဒီလိုပါပဲ။ ဒီလို အေျခအေနမွာ ကစားသမားေတြက သူတို႔ဘာသာ ေနရတာကိုပဲ ပိုမို ႏွစ္သက္ၾကပါတယ္။ ပထမဆံုး အခိုက္အတန္႔ေတြအတြက္ေတာ့ ဒီလိုပဲ ရင္ဆိုင္ၾကရတာပါပဲ။ ေဘာလံုးကို က်ေနာ္ကလည္း ကာလရွည္ အလုပ္လုပ္တာျဖစ္လုိ႔ ဒါကို က်ေနာ္ နားလည္ပါတယ္။

ကိုယ္တိုင္လည္း ဒဏ္ရာရခဲ့ဖူးပါတယ္။ ဗန္ဒိုက္နဲ႔ တူညီတဲ့ ဒဏ္ရာမ်ိဳးကို က်ေနာ္လည္း ရခဲ့ဖူးပါတယ္။ အဲ့လို အေျခအေနေတြမွာ စကားမ်ားေနရမွာ မဟုတ္ပါဘူး။ ကိုယ္ဘာသာေနျပီး စိတ္ဓါတ္ပိုင္းကို စတင္ ျပင္ဆင္ရမွာပါ။ ဒါေပမယ့္ က်ေန္ာတို႔ၾကား အဆက္အသြယ္ရွိပါတယ္။ ဗန္ဒိုက္နဲ႔လည္း အဆက္အသြယ္ရွိပါတယ္။

ဗန္ဒိုက္အတြက္ အသင္းက အတူရွိေပးေနမွာပါ။ သူ႔အတြက္ က်ေန္ာတို႔ေတြက ေထာင္က်သြားတဲ့ ခင္ပြန္းသည္ကို သစၥာရွိစြာ ေစာင့္ေမွ်ာ္ေနမယ့္ ဇနီးသည္လို ေစာင့္ေပးေနၾကမယ္ဆိုတာကို သူလည္း သိပါတယ္။ အဲ့လိုပဲ လုပ္ရမွာပါ။ က်ေန္ာတို႔ လုပ္ႏုိင္တာ အားလံုးက ျဖစ္ႏုိင္သေလာက္ သူ႔အတြက္ အားလံုး လြယ္ကူသြားဖို႔ လုပ္ေပးရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။