မာဆေးဆိုဒ်ဒါဘီကို VAR ဒိုင်လူကြီးအဖြစ် တာဝန်ယူတဲ့ ဒေးဗစ်ကိုတီဟာ VAR စည်းမျဉ်းကို မေ့သွားခဲ့ခြင်းကြောင့် ပွဲချိန်တွင်းမှာ အမှားကြီးကို အရေးမယူဘဲ ဆက်ကစားစေခဲ့တာလို့ ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

ကိုတီက သူဟာ VAR စည်းကမ်းကို မသိခဲ့တာကြောင့် ပစ်ဖိုဒ့်ရဲ့ ပြစ်ဒဏ်ကိစ္စကို သုံးသပ်ပေးရမယ်ဆိုတာကို မသိခဲ့ပါဘူး။ ဒါကြောင့် သူဟာ လီဗာပူးအသင်း ကစားကွက် တည်ဆာက်မှုမှာ လူကျွံဘောအနေအထားကိုပဲ ကြည့်ရှုနေခဲ့ပြီး ပစ်ဖိုဒ့်ရဲ့ ဖျက်ထုတ်မှုကို ပြန်ကြည့်ပေးဖို့ မလုပ်ခဲ့ခြင်းဖြစ်တယ်။

အကယ်လို့ ပရီးမီးယားလိဂ်က သက်မှတ်ထားတဲ့ VAR စည်းမျဉ်းမှာဆိုရင် ပစ်ဖိုဒ့်က ဗန်ဒိုက်ကို ပြစ်မှု ကျူးလွန်ခြင်းကို ဆက်လက်ပြီး ဗီဒီယိုကြည့်ကာ စစ်ဆေးရမှာဖြစ်တယ်။ ဒါပေမယ့် ကိုတီက အဲ့ဘက်ကို အာရုံမရှိခဲ့ဘဲ ဗန်ဒိုက်ရဲ့ လက်က လူကျွံနေလားဆိုတဲ့ အပိုင်းကိုပဲ စစ်ဆေးခဲ့တယ်။ သူကပဲ ပစ်ဖိုဒ့်က ဗန်ဒိုက်ကို ပြစ်ဒဏ် ကျူးလွန်တဲ့ ကိစ္စကို အပြစ်ပေးစရာ မလိုဘူးလို့ ကွင်းလယ်ဒိုင် အိုလီဗာကို ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်ကို အဆိုပါပွဲအတွင်းက VAR ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးဖို့ ပရော်ဖက်ရှင်နယ် ပွဲနေ့စီမံရေးရာ အဖွဲ့ (PGMOL) ကို တောင်းဆိုရာက ဒီအဖြေကို သိလာရတာဖြစ်တယ်။

လီဗာပူး စီနီယာအရာရှိဘက်က ပြောပြရာမှာ PGMOL က အကြောင်းပြန်ရာမှာ VAR တာဝန်ရှိသူဟာ လူကျွံဘောကို အရမ်း အာရုံစိုက်နေရတာကြောင့် ပစ်ဖိုဒ့်ရဲ့ အနီကဒ်ကိစ္စကို မစစ်နိုင်ခဲ့ဘူးလို့ ဖြစ်ပါတယ်။

ဆက်ပြီးလည်း PGMOL က ပြောရာမှာ ကင်မရာ နည်းပညာပိုင်းဟာ ၁ စက္ကန့်ကို ပြကွက် ၅၀ ထုတ်ပေးနေပြီး (ဝ.၀၂ စက္ကန့်ကို ၁ ပုံ) အဲ့တာက လူကျွံဘောဆိုင်ရာ ကိစ္စတွေအတွက် ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဖို့ မလုံလောက်ဘူးလို့ ဆိုတယ်။

၎င်းတို့ကပဲ ပြကွက် မလုံလောက်တာကြောင့် ပွဲတွေမှာ လူကျွံဘောနဲ့ ပက်သက်လို့ ပုံရိပ်တွေမှာ အနည်းငယ် မှားယွင်းမှုတွေ ရှိမှာဖြစ်တယ်။ လီဗာပူးရဲ့ အနိုင်ဂိုးမှာ မာနေးက မီလီမီတာ (လက်သည်းခွံ) လောက် ကျွံနေလို့ လူကျွံဘောအဖြစ် သက်မှတ်ခဲ့တာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီကို VAR ဒိုင္လူၾကီးအျဖစ္ တာဝန္ယူတဲ့ ေဒးဗစ္ကိုတီဟာ VAR စည္းမ်ဥ္းကို ေမ့သြားခဲ့ျခင္းေၾကာင့္ ပြဲခ်ိန္တြင္းမွာ အမွားၾကီးကို အေရးမယူဘဲ ဆက္ကစားေစခဲ့တာလို႔ ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

ကိုတီက သူဟာ VAR စည္းကမ္းကို မသိခဲ့တာေၾကာင့္ ပစ္ဖိုဒ့္ရဲ႕ ျပစ္ဒဏ္ကိစၥကို သံုးသပ္ေပးရမယ္ဆိုတာကို မသိခဲ့ပါဘူး။ ဒါေၾကာင့္ သူဟာ လီဗာပူးအသင္း ကစားကြက္ တည္ဆာက္မႈမွာ လူကၽြံေဘာအေနအထားကိုပဲ ၾကည့္ရႈေနခဲ့ျပီး ပစ္ဖိုဒ့္ရဲ႕ ဖ်က္ထုတ္မႈကို ျပန္ၾကည့္ေပးဖို႔ မလုပ္ခဲ့ျခင္းျဖစ္တယ္။

အကယ္လို႔ ပရီးမီးယားလိဂ္က သက္မွတ္ထားတဲ့ VAR စည္းမ်ဥ္းမွာဆိုရင္ ပစ္ဖိုဒ့္က ဗန္ဒိုက္ကို ျပစ္မႈ က်ဴးလြန္ျခင္းကို ဆက္လက္ျပီး ဗီဒီယိုၾကည့္ကာ စစ္ေဆးရမွာျဖစ္တယ္။ ဒါေပမယ့္ ကုိတီက အဲ့ဘက္ကို အာရံုမရွိခဲ့ဘဲ ဗန္ဒိုက္ရဲ႕ လက္က လူကၽြံေနလားဆိုတဲ့ အပိုင္းကိုပဲ စစ္ေဆးခဲ့တယ္။ သူကပဲ ပစ္ဖိုဒ့္က ဗန္ဒိုက္ကို ျပစ္ဒဏ္ က်ဴးလြန္တဲ့ ကိစၥကို အျပစ္ေပးစရာ မလိုဘူးလို႔ ကြင္းလယ္ဒိုင္ အိုလီဗာကို ညႊန္ၾကားခဲ့တာလို႔ သိရပါတယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္ကို အဆိုပါပြဲအတြင္းက VAR ျဖစ္ရပ္ကို စံုစမ္းစစ္ေဆးေပးဖို႔ ပေရာ္ဖက္ရွင္နယ္ ပြဲေန႔စီမံေရးရာ အဖြဲ႔ (PGMOL) ကို ေတာင္းဆိုရာက ဒီအေျဖကို သိလာရတာျဖစ္တယ္။

လီဗာပူး စီနီယာအရာရွိဘက္က ေျပာျပရာမွာ PGMOL က အေၾကာင္းျပန္ရာမွာ VAR တာဝန္ရွိသူဟာ လူကၽြံေဘာကို အရမ္း အာရံုစိုက္ေနရတာေၾကာင့္ ပစ္ဖိုဒ့္ရဲ႕ အနီကဒ္ကိစၥကို မစစ္နုိင္ခဲ့ဘူးလို႔ ျဖစ္ပါတယ္။

ဆက္ျပီးလည္း PGMOL က ေျပာရာမွာ ကင္မရာ နည္းပညာပိုင္းဟာ ၁ စကၠန္႔ကို ျပကြက္ ၅၀ ထုတ္ေပးေနျပီး (၀.၀၂ စကၠန္႔ကို ၁ ပံု) အဲ့တာက လူကၽြံေဘာဆိုင္ရာ ကိစၥေတြအတြက္ ပိုင္ႏုိင္တဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ဖို႔ မလံုေလာက္ဘူးလို႔ ဆိုတယ္။

၄င္းတို႔ကပဲ ျပကြက္ မလံုေလာက္တာေၾကာင့္ ပြဲေတြမွာ လူကၽြံေဘာနဲ႔ ပက္သက္လို႔ ပံုရိပ္ေတြမွာ အနည္းငယ္ မွားယြင္းမႈေတြ ရွိမွာျဖစ္တယ္။ လီဗာပူးရဲ႕ အႏုိင္ဂိုးမွာ မာေနးက မီလီမီတာ (လက္သည္းခြံ) ေလာက္ ကၽြံေနလို႔ လူကၽြံေဘာအျဖစ္ သက္မွတ္ခဲ့တာျဖစ္တယ္လို႔ အေၾကာင္းျပန္ခဲ့ပါတယ္။