လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အတွက် ၂၅ ဦး လူစာရင်းကို တင်ခဲ့ပြီဖြစ်ကာ ခံစစ်မှူး ဗန်ဒိုက်ကို လူစာရင်းထဲက ဖြုတ်ခဲ့ပြီဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ဟာ ခွဲစိတ်မှု ခံယူသွားရမှာဖြစ်ကာ ရာသီဝက်မှာတော့ ဘယ်လိုမှ ပြန်ကကစားနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်တွင်းပြိုင်ပွဲတွေအတွက် လူစာရင်းမှာ ဗန်ဒိုက်ကို ထုတ်ပယ်ခဲ့ခြင်းပဲ ဖြစ်တယ်။

မန်နေဂျာကလော့ပ်က “ မဖြစ်လာသင့်တဲ့ ကိစ္စတွေက ဘောလုံးမှာ ဖြစ်လာခဲ့တယ်။ ဗန်ဒိုက်ကော သီယာဂိုပါ ရှိခဲ့တဲ့ ဖြတ်ထုတ်ခံရမှုတွေက လက်ခံဖို့ ခဲယဉ်ပါတယ်။ နှစ်ဦးလုံးက ဘောလုံးကစားဖို့ ကြိုးစားခဲ့ကြပေမယ့် သူတို့ကို လုပ်ခဲ့တဲ့ ဖြတ်ထုတ်မှုတွေက လက်ခံဖို့ကို ခက်ခဲပါတယ်။

ဒီလိုတွေ မလုပ်လဲ ဘောလုံးကစားလို့ ရပါတယ်။ တစ်ခုခုမှားခဲ့ပြီဆိုရင် အမှားတွေကို တာဝန်ယူရမှာပါ။ ဒါပေမယ့် ဗန်ဒိုက်နဲ့ သီယေဂိုကိစ္စမှာ ဒီလို တာဝန်ယူလာတာတွေလည်း မရှိပါဘူး။ အဲ့တာက မှန်တယ်လို့ မခံစားရဘူး။ ဒဏ်ရာပြဿနာတွေကို ငါတို့ လက်ခံပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေက ဒီလောက် မပြင်းထန်သင့်ပါဘူး ” လို့ ဆိုခဲ့တယ်။

ဗန်ဒိုက်နေရာ အစားဝင်လာသူကတော့ ဇန်နဝါရီတုန်းကမှ ဘရတ်ဖိုဒ့်ကနေ လူငယ်အသင်းအတွက် ခေါ်ယူထားတဲ့ ဂျိုး ဟာဒီဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ဟာဒီဟာ ယူ-၁၈ နဲ့ ပရီးမီးယားလိဂ်-၂ တွေမှာ ပွဲထွက်ခဲ့ပြီး ၂၃ ပွဲကစားကာ သွင်းဂိုး ၁၄ ဂိုး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

Liverpool’s 2020/21 Premier League Squad List

Goalkeepers: Alisson, Adrian, Kelleher

Defenders: Alexander-Arnold, Gomez, Matip, Phillips, Robertson, Tsimikas

Midfielders: Thiago, Henderson, Fabinho, Keita, Milner, Oxlade-Chamberlain, Wijnaldum

Forwards: Firmino, Mane, Minamino, Origi, Salah, Shaqiri, Jota, Hardy

* ၂၁ နှစ်အောက် ကစားသမားတွေက နာမည်စာရင်း သွင်းစရာ မလို။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္အတြက္ ၂၅ ဦး လူစာရင္းကို တင္ခဲ့ျပီျဖစ္ကာ ခံစစ္မွဴး ဗန္ဒိုက္ကို လူစာရင္းထဲက ျဖဳတ္ခဲ့ျပီျဖစ္ပါတယ္။

အဲဗာတန္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဗန္ဒိုက္ဟာ ခြဲစိတ္မႈ ခံယူသြားရမွာျဖစ္ကာ ရာသီဝက္မွာေတာ့ ဘယ္လိုမွ ျပန္ကကစားႏုိင္ေတာ့မွာ မဟုတ္ဘူး။ ဒါေၾကာင့္ ျပည္တြင္းျပိဳင္ပြဲေတြအတြက္ လူစာရင္းမွာ ဗန္ဒိုက္ကို ထုတ္ပယ္ခဲ့ျခင္းပဲ ျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္က “ မျဖစ္လာသင့္တဲ့ ကိစၥေတြက ေဘာလံုးမွာ ျဖစ္လာခဲ့တယ္။ ဗန္ဒိုက္ေကာ သီယာဂိုပါ ရွိခဲ့တဲ့ ျဖတ္ထုတ္ခံရမႈေတြက လက္ခံဖို႔ ခဲယဥ္ပါတယ္။ ႏွစ္ဦးလံုးက ေဘာလံုးကစားဖို႔ ၾကိဳးစားခဲ့ၾကေပမယ့္ သူတို႔ကို လုပ္ခဲ့တဲ့ ျဖတ္ထုတ္မႈေတြက လက္ခံဖို႔ကို ခက္ခဲပါတယ္။

ဒီလိုေတြ မလုပ္လဲ ေဘာလံုးကစားလို႔ ရပါတယ္။ တစ္ခုခုမွားခဲ့ျပီဆိုရင္ အမွားေတြကို တာဝန္ယူရမွာပါ။ ဒါေပမယ့္ ဗန္ဒိုက္နဲ႔ သီေယဂိုကိစၥမွာ ဒီလို တာဝန္ယူလာတာေတြလည္း မရွိပါဘူး။ အဲ့တာက မွန္တယ္လို႔ မခံစားရဘူး။ ဒဏ္ရာျပႆနာေတြကို ငါတို႔ လက္ခံပါတယ္။ ဒါေပမယ့္ စိန္ေခၚမႈေတြက ဒီေလာက္ မျပင္းထန္သင့္ပါဘူး ” လို႔ ဆိုခဲ့တယ္။

ဗန္ဒိုက္ေနရာ အစားဝင္လာသူကေတာ့ ဇန္နဝါရီတုန္းကမွ ဘရတ္ဖိုဒ့္ကေန လူငယ္အသင္းအတြက္ ေခၚယူထားတဲ့ ဂ်ိဳး ဟာဒီျဖစ္ပါတယ္။ မႏွစ္ကရာသီမွာ ဟာဒီဟာ ယူ-၁၈ နဲ႔ ပရီးမီးယားလိဂ္-၂ ေတြမွာ ပြဲထြက္ခဲ့ျပီး ၂၃ ပြဲကစားကာ သြင္းဂိုး ၁၄ ဂိုး ဂိုးေထာက္ပံ့မႈ ၅ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။