ချန်ပီယံလိဂ်ပွဲကြိုမှာ မန်နေဂျာကလော့ပ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အဓိက ကစားသမားတွေကို လက်လွတ်သွားရမှာဖြစ်ကာ မာတစ်ကလည်း ထပ်တိုး ပါဝင်ခဲ့ပြီ ဖြစ်ပါတယ်။

မာဆေးဆိုဒ်ဒါဘီမှာ ပြိုင်ဘက်တွေရဲ့ ခပ်ကြမ်းကြမ်း ကစားမှုက လီဗာပူးအတွက် ထိုးနှက်ချက်တွေဖြစ်လာခဲ့ပြီး ဗန်ဒိုက်၊ သီယာဂိုနဲ့ မာတစ်တို့ နောက်ဆက်တွဲ ဒဏ်ရာတွေ ရခဲ့ကြတာဖြစ်တယ်။ လက်ရှိမှာ လီဗာပူးအသင်းဟာ ကြံ့ခိုင်မှုကောင်းနေတဲ့ ခံစစ်သမားဆိုလို့ ဂိုးမက်စ် တစ်ဦးတည်း ကျန်ရှိပါတော့တယ်။

မာတစ်ဟာ ဒီအပတ်အကုန် ပရီးမီးယားလိဂ်ပွဲမှာတော့ ပါဝင်နိုင်မယ်လို့ မန်နေဂျာကလော့ပ်က အတည်ပြုခဲ့တယ်။ ဒါပေမယ့် သီယာဂို ဘယ်အချိန်မှ ပြန်ကစားနိုင်မယ်တော့ မပြောနိုင်သေးဘူး ဆိုပါတယ်။ ရစ်ချာလီဆန်ရဲ့ ဖြတ်ထုတ်မှုကို ခံလိုက်ရတာအတွက် သီယာဂို ကာလရှည် အနားမယူရတာကပဲ ကံကောင်းမှုတစ်ခု ဖြစ်နေခဲ့ပါပြီ။

လီဗာပူးဟာ ဒဏ်ရာရ ကစားသမားတွေ များနေပေမယ့် တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးလို့ ရနေဦးမှာဖြစ်တယ်။ ဗဟိုခံစစ်သမားတွေအဖြစ် ဂိုးမက်စ်ကို ဖာဘင်ညိုနဲ့ တွဲပေးဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ မဟုတ်ရင်တော့ ရိုင်စ် ဝီလီယမ်နဲ့ နက်ဖီးလစ်တို့ကို ပွဲထုတ်ကစားရမှာ ဖြစ်တယ်။

ဖာဘင်ညို ဗဟိုခံစစ်မှူးနေရာ ရွှေ့သွားရင်တော့ ဟန်ဒါဆန်က ကွင်းလယ် နံပါတ် ၆ နေရာကို ဝင်မှာဖြစ်တယ်။ ဝိုက်နယ်ဒမ် ပွဲထွက်ခွင့်ရမှာဖြစ်ပြီး တွဲဘက် ကွင်းလယ်လူအဖြစ် ကိုဗစ် စစ်ဆေးမှုမှာ ရလဒ်ကောင်းခဲ့ပြီဖြစ်ကာ လေ့ကျင့်ရေး ပြန်ဝင်ခွင့်ရထားတဲ့ ကိတ်တာ ပါဝင်ဖို့ ရှိပါတယ်။

အဓိက တိုက်စစ်သမား သုံးဦးနဲ့ အစွန် ၂ ဦးကိုတော့ ပြောင်းလဲဦးမှာ မဟုတ်ဘဲ ဂိုးသမားအဖြစ် အတ်ဒရီယန်ကို ပွဲထုတ်လာဦးမှာဖြစ်တယ်။ ဂျိုတာနဲ့ မီနာမီနိုတို့ကို ထုတ်သုံးဖွယ်ရှိတဲ့ သတင်းတွေ ထွက်နေပေမယ့် ချန်ပီယံလိဂ်လိုပွဲမှာ ကြံ့ခိုင်မှု ပြဿနာ မရှိသ၍တော့ အကောင်းဆုံး လူစာရင်းကိုပဲ ကလော့ပ်က အသုံးပြုမှာပါ။

ဝါရင့်ကွင်းလယ်လူ မီလ်နာ၊ နီကိုး၊ ရိုင်စ် ဝီလီယမ်၊ ဂျိုတာ၊ မီနာမီနို၊ ရှာကွီရီနဲ့ ဂလယ်ဟာတို့က အရန်ခုံကနေ ပါဝင်ခွင့်ရဖွယ် ရှိပါတယ်။

အေဂျက်ဟာ ဒီရာသီ ပြည်တွင်းလိဂ်ပွဲ ၅ ပွဲမှာ ၁ ပွဲပဲ အရေးနိမ့်ထားပြီး လီဗာပူးအသင်းကလည်း ပြည်တွင်းပွဲ ၅ ပွဲမှာ ၁ ပွဲပဲ အရေးနိမ့်ထားတာဖြစ်တယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့မှုက လီဗာပူးပါဝင်ထားတဲ့ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ အကောင်းဆုံး ပွဲစဉ်လည်းဖြစ်ပါတယ်။

Predicting Liverpool’s lineup: Adrian; Trent, Fabinho, Gomez, Robertson; Henderson, Wijnaldum, Keita; Salah, Mane, Firmino

ZAWGYI

ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အဓိက ကစားသမားေတြကို လက္လြတ္သြားရမွာျဖစ္ကာ မာတစ္ကလည္း ထပ္တိုး ပါဝင္ခဲ့ျပီ ျဖစ္ပါတယ္။

မာေဆးဆိုဒ္ဒါဘီမွာ ျပိဳင္ဘက္ေတြရဲ႕ ခပ္ၾကမ္းၾကမ္း ကစားမႈက လီဗာပူးအတြက္ ထိုးႏွက္ခ်က္ေတြျဖစ္လာခဲ့ျပီး ဗန္ဒိုက္၊ သီယာဂိုနဲ႔ မာတစ္တို႔ ေနာက္ဆက္တြဲ ဒဏ္ရာေတြ ရခဲ့ၾကတာျဖစ္တယ္။ လက္ရွိမွာ လီဗာပူးအသင္းဟာ ၾကံ႕ခိုင္မႈေကာင္းေနတဲ့ ခံစစ္သမားဆိုလို႔ ဂိုးမက္စ္ တစ္ဦးတည္း က်န္ရွိပါေတာ့တယ္။

မာတစ္ဟာ ဒီအပတ္အကုန္ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ပါဝင္ႏုိင္မယ္လို႔ မန္ေနဂ်ာကေလာ့ပ္က အတည္ျပဳခဲ့တယ္။ ဒါေပမယ့္ သီယာဂို ဘယ္အခ်ိန္မွ ျပန္ကစားႏုိင္မယ္ေတာ့ မေျပာႏုိင္ေသးဘူး ဆိုပါတယ္။ ရစ္ခ်ာလီဆန္ရဲ႕ ျဖတ္ထုတ္မႈကို ခံလိုက္ရတာအတြက္ သီယာဂို ကာလရွည္ အနားမယူရတာကပဲ ကံေကာင္းမႈတစ္ခု ျဖစ္ေနခဲ့ပါျပီ။

လီဗာပူးဟာ ဒဏ္ရာရ ကစားသမားေတြ မ်ားေနေပမယ့္ ေတာင့္တင္းတဲ့ လူစာရင္းကို ထုတ္သံုးလို႔ ရေနဦးမွာျဖစ္တယ္။ ဗဟိုခံစစ္သမားေတြအျဖစ္ ဂိုးမက္စ္ကို ဖာဘင္ညိဳနဲ႔ တြဲေပးဖို႔ နည္းလမ္းတစ္ခုပဲ ရွိပါတယ္။ မဟုတ္ရင္ေတာ့ ရိုင္စ္ ဝီလီယမ္နဲ႔ နက္ဖီးလစ္တို႔ကို ပြဲထုတ္ကစားရမွာ ျဖစ္တယ္။

ဖာဘင္ညိဳ ဗဟိုခံစစ္မွဴးေနရာ ေရႊ႔သြားရင္ေတာ့ ဟန္ဒါဆန္က ကြင္းလယ္ နံပါတ္ ၆ ေနရာကို ဝင္မွာျဖစ္တယ္။ ဝိုက္နယ္ဒမ္ ပြဲထြက္ခြင့္ရမွာျဖစ္ျပီး တြဲဘက္ ကြင္းလယ္လူအျဖစ္ ကိုဗစ္ စစ္ေဆးမႈမွာ ရလဒ္ေကာင္းခဲ့ျပီျဖစ္ကာ ေလ့က်င့္ေရး ျပန္ဝင္ခြင့္ရထားတဲ့ ကိတ္တာ ပါဝင္ဖို႔ ရွိပါတယ္။

အဓိက တိုက္စစ္သမား သံုးဦးနဲ႔ အစြန္ ၂ ဦးကိုေတာ့ ေျပာင္းလဲဦးမွာ မဟုတ္ဘဲ ဂိုးသမားအျဖစ္ အတ္ဒရီယန္ကို ပြဲထုတ္လာဦးမွာျဖစ္တယ္။ ဂ်ိဳတာနဲ႔ မီနာမီႏိုတို႔ကို ထုတ္သံုးဖြယ္ရွိတဲ့ သတင္းေတြ ထြက္ေနေပမယ့္ ခ်န္ပီယံလိဂ္လိုပြဲမွာ ၾကံ႕ခိုင္မႈ ျပႆနာ မရွိသ၍ေတာ့ အေကာင္းဆံုး လူစာရင္းကိုပဲ ကေလာ့ပ္က အသံုးျပဳမွာပါ။

ဝါရင့္ကြင္းလယ္လူ မီလ္နာ၊ နီကိုး၊ ရိုင္စ္ ဝီလီယမ္၊ ဂ်ိဳတာ၊ မီနာမီႏို၊ ရွာကီြရီနဲ႔ ဂလယ္ဟာတို႔က အရန္ခံုကေန ပါဝင္ခြင့္ရဖြယ္ ရွိပါတယ္။

ေအဂ်က္ဟာ ဒီရာသီ ျပည္တြင္းလိဂ္ပြဲ ၅ ပြဲမွာ ၁ ပြဲပဲ အေရးနိမ့္ထားျပီး လီဗာပူးအသင္းကလည္း ျပည္တြင္းပြဲ ၅ ပြဲမွာ ၁ ပြဲပဲ အေရးနိမ့္ထားတာျဖစ္တယ္။ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔မႈက လီဗာပူးပါဝင္ထားတဲ့ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ အေကာင္းဆံုး ပြဲစဥ္လည္းျဖစ္ပါတယ္။