မန်နေဂျာယာဂင်ကလော့ပ်က အေဂျက်ရဲ့ ဂျိုဟန်ခရိုက်ကွင်းကို သိပ်သဘောမတွေ့ခဲ့ပဲ နယ်သာလန်ကလပ်ဘက်က လှည့်စားမှုတွေ လုပ်ထားတယ်လို့ ယူဆနေပါတယ်။

လီဗာပူးက ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအတွက်း ကွင်းမြက်ခင်းက ဗွက်ထူနေတယ်လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောဆိုတာပါ။ ပွဲကစားနေချိန်တွင်း မိုးလည်း ရွာလာခဲ့တာကြောင့် ရာသီဥတုကြောင့်များလားတော့ ပြောရခက်ပါတယ်။ ကလော့ပ်ကတော့ အပြင်ကနေ ကြည့်နေကြသူတွေက သိမှာ မဟုတ်ပေမယ့် ကွင်းထဲမှာ နှစ်သင်းလုံးက ရုန်းကန်နေခဲ့ရတယ်လို့ ဆိုခဲ့တယ်။

ကလော့ပ်က ‘ ကွင်းနဲ့ပက်သက်ပြီး လူလည်ကျမှုတွေရှိတယ်လို့ ကျနော် တကယ်ကို တွေးမိတယ်။ ကွင်းက ဗွက်ထူပြီး ညစ်ပေနေတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင်တော့ မသိသာပေမယ့် ကွင်းထဲမှာတော့ အဲ့လိုပါပဲ။ ဒါကြောင့်လည်း ပွဲအစောတည်းက နှစ်သင်းလုံးက ပင်ပန်းနေကြတာပါ။

အရင် သုံးရက်တုန်းကတော့ ကွင်းရဲ့ မြက်ခင်းက ဒီလို မဟုတ်ပါဘူး။ ပွဲနေ့မတိုင်ခင် လေ့ကျင့်ရေး ဆင်းကြတုန်းကလည်း အကောင်းကြီးပါပဲ။ ဒါပေမယ့် ဒီကွင်းမှာပဲ အေဂျက်လည်း ကစားခဲ့ရတာပါ ’ လို့ ဆိုခဲ့တယ်။

နောက်ထပ် အင်တာဗျူးမှာလည်း ကလော့ပ်က ဘောလုံးကွင်းဟာ ရုပ်ပိုင်းဆိုင်ရာ အားပြိုင်မှု ပိုဖြစ်စေခဲ့ပြီး ဘောလုံးကောင်းကောင်းကစားဖို့ လုံလောက်အောင် မကောင်းဘူးလို့ ထပ်ပြီး ဖြေခဲ့ပါတယ်။

ဒါပေမယ့် အေဂျက်မန်နေဂျာ တန်ဟက်ကတော့ ကလော့ပ်ရဲ့ ငြင်းချက်ကို သဘောတွေ့ပါဘူး။ သူကတော့ လီဗာပူးအနေနဲ့ အေဂျက်ရဲ့ ကွင်းကို စိတ်ပူနေမယ့်အစား အန်ဖီးကွင်းကိုပဲ စိတ်ပူဖို့ ပြန်လည် ခြေပခဲ့တယ်။

တန်ဟက်က ‘ ကလော့ပ်က ကွင်းကိုဆိုတယ်လို့ ပြောခဲ့တာလား? ကွင်းက ဆိုးတယ်လို့ ကျနော် မထင်ပါဘူး။ ကောင်းပြီလေ အန်ဖီးမှာ ကစားတဲ့ပွဲကျရင် ပိုကောင်းတဲ့ မြက်ခင်းမှာ ကစားရပါစေ မျှော်လင့်ကြတာပေါ့ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေအဂ်က္ရဲ႕ ဂ်ိဳဟန္ခရိုက္ကြင္းကို သိပ္သေဘာမေတြ႔ခဲ့ပဲ နယ္သာလန္ကလပ္ဘက္က လွည့္စားမႈေတြ လုပ္ထားတယ္လို႔ ယူဆေနပါတယ္။

လီဗာပူးက ၁-၀ နဲ႔ အႏုိင္ရခဲ့တဲ့ ပြဲအတြက္း ကြင္းျမက္ခင္းက ဗြက္ထူေနတယ္လို႔ ကေလာ့ပ္က ပြဲအျပီးမွာ ေျပာဆိုတာပါ။ ပြဲကစားေနခ်ိန္တြင္း မိုးလည္း ရြာလာခဲ့တာေၾကာင့္ ရာသီဥတုေၾကာင့္မ်ားလားေတာ့ ေျပာရခက္ပါတယ္။ ကေလာ့ပ္ကေတာ့ အျပင္ကေန ၾကည့္ေနၾကသူေတြက သိမွာ မဟုတ္ေပမယ့္ ကြင္းထဲမွာ ႏွစ္သင္းလံုးက ရုန္းကန္ေနခဲ့ရတယ္လို႔ ဆိုခဲ့တယ္။

ကေလာ့ပ္က ‘ ကြင္းနဲ႔ပက္သက္ျပီး လူလည္က်မႈေတြရွိတယ္လို႔ က်ေနာ္ တကယ္ကို ေတြးမိတယ္။ ကြင္းက ဗြက္ထူျပီး ညစ္ေပေနတယ္။ အျပင္ကေန ၾကည့္မယ္ဆိုရင္ေတာ့ မသိသာေပမယ့္ ကြင္းထဲမွာေတာ့ အဲ့လိုပါပဲ။ ဒါေၾကာင့္လည္း ပြဲအေစာတည္းက ႏွစ္သင္းလံုးက ပင္ပန္းေနၾကတာပါ။

အရင္ သံုးရက္တုန္းကေတာ့ ကြင္းရဲ႕ ျမက္ခင္းက ဒီလို မဟုတ္ပါဘူး။ ပြဲေန႔မတိုင္ခင္ ေလ့က်င့္ေရး ဆင္းၾကတုန္းကလည္း အေကာင္းၾကီးပါပဲ။ ဒါေပမယ့္ ဒီကြင္းမွာပဲ ေအဂ်က္လည္း ကစားခဲ့ရတာပါ ’ လို႔ ဆိုခဲ့တယ္။

ေနာက္ထပ္ အင္တာဗ်ဴးမွာလည္း ကေလာ့ပ္က ေဘာလံုးကြင္းဟာ ရုပ္ပိုင္းဆိုင္ရာ အားျပိဳင္မႈ ပိုျဖစ္ေစခဲ့ျပီး ေဘာလံုးေကာင္းေကာင္းကစားဖို႔ လံုေလာက္ေအာင္ မေကာင္းဘူးလို႔ ထပ္ျပီး ေျဖခဲ့ပါတယ္။

ဒါေပမယ့္ ေအဂ်က္မန္ေနဂ်ာ တန္ဟက္ကေတာ့ ကေလာ့ပ္ရဲ႕ ျငင္းခ်က္ကို သေဘာေတြ႔ပါဘူး။ သူကေတာ့ လီဗာပူးအေနနဲ႔ ေအဂ်က္ရဲ႕ ကြင္းကို စိတ္ပူေနမယ့္အစား အန္ဖီးကြင္းကိုပဲ စိတ္ပူဖို႔ ျပန္လည္ ေျခပခဲ့တယ္။

တန္ဟက္က ‘ ကေလာ့ပ္က ကြင္းကိုဆိုတယ္လို႔ ေျပာခဲ့တာလား? ကြင္းက ဆိုးတယ္လို႔ က်ေနာ္ မထင္ပါဘူး။ ေကာင္းျပီေလ အန္ဖီးမွာ ကစားတဲ့ပြဲက်ရင္ ပိုေကာင္းတဲ့ ျမက္ခင္းမွာ ကစားရပါေစ ေမွ်ာ္လင့္ၾကတာေပါ့ ’ လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။