နယ်သာလန်တိုက်စစ်သမားဟောင်း ဗန်ပါစီက လီဗာပူးက အေဂျက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မာဆေးဆိုဒ်ကလပ်ဟာ ကံကောင်းခဲ့တာပါလို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးဟာ ဒီပွဲမှာတော့ ကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ဘဲ မာနေးရဲ့ ကန်သွင်းမှုကို တာဂလီယာဖီဂို ဖြတ်ထုတ်ရာက ကိုယ်ဂိုးကို ပြန်သွင်းမိခဲ့တာပါ။ ဒီတစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ လီဗာပူးက အနိုင်ရခဲ့ခြင်းဖြစ်ကာ အုပ်စုအဖွင့်ပွဲကို အနိုင် သုံးမှတ် အပြည့်ဖြင့် စတင်နိုင်ခဲ့တယ်။

လီဗာပူးက အဓိက ကစားသမာတွေ အများအပြားကို လက်လွတ်ထားရပေမယ့် ကျစ်လစ်မှုတော့ ရှိနေဆဲဖြစ်ပြီး မာနေး၊ ရော်ဘတ်ဆန်၊ ဖာဘင်ညိုတို့ ခြေစွမ်း တည်ငြိမ်ခဲ့တယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဟန်ဒါဆန်ကလည်း အသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့ပါတယ်။

ဗန်ပါစီက ပြောရာမှာ ” လီဗာပူးက အကောင်းဆုံးလုပ်ခဲ့တယ်။ သူတို့က အဓိက ကစားသမားတေါကို လက်လွတ်ထားရတာ ရှင်းပါတယ်။ ခံစစ်မှာ ဗန်ဒိုက်ကို လက်လွတ်ရတာက အကြီးမားဆုံး လက်လွတ်ရမှုပါ။ ပွဲတွေ အများကြီး မကစားပေးထားပေမယ့်လည်း သီယာဂိုလို ကမ္ဘာအဆင့် ကစားသမား တစ်ဦးကို လက်လွတ်ရတာကလည်း ကြီးမားတဲ့ ကိစ္စပါပဲ။

ဒါပေမယ့်လို့ ပွဲမှာတော့ အေဂျက်က အခွင့်အရေးကြီးတွေ ပိုရခဲ့တာ ဖြစ်ပါတယ်။ အေဂျက် ကစားခဲ့တာက ပိုကောင်းခဲ့တယ်။ သူတို့ အခွင့်အရေး လေးကြိမ်၊ ငါးကြိမ်လောက်ထိ ရခဲ့တယ်။ ပုံမှန်အားဖြင့်ဆိုရင် အဲ့ထဲက တစ်ကြိမ်လောက်ကို သူတို့ အခွင့်အရေးအဖြစ် အသုံးချနိုင်လေ့ရှိပါတယ်။

လီဗာပူးအတွက်တော့ ကံကောင်းတဲ့ည ဖြစ်ခဲ့တာပါ။ အေဂျက်က အကောင်းဆုံးလုပ်ခဲ့တယ်။ အခွင့်အရေးတွေ အများကြီးရပေမယ့် သူတို့လိုအပ်တဲ့ သွင်းဂိုးကို မရခဲ့ဘူး။

ပထမ တစ်နာရီလောက်မှာ မာနေး ကစားတာကို ကြည့်ရတာကို သဘောကျပါတယ်။ သူက လှုပ်ရှားမှုတွေနဲ့ ကစားခဲ့ပြီး ဘောလုံးကို ကိုင်ထားတာ၊ ချိတ်ဆက်ကစားတာတွေက သူ့ကို စောင့်ကြည့်ရဖို့ တန်ပါတယ်။ သူက ဒီလိုပွဲမှာ ငွေပေးကြည့်ရဖို့ တန်တဲ့ ကစားသမားဖြစ်ပါတယ်။

ဟန်ဒါဆန် ဝင်ရောက်လာတဲ့နောက် သူ့ရဲ့ ဦးဆောင်မှုကို အားလုံး မြင်ကြမှာပါ။ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုတိုင်းအတွက် အသင်းဖော်တွေကို သူ လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ ဘောလုံးနဲ့အတူ ယုံကြည်မှုလည်း ရှိပါတယ်။ ဒီလိုပွဲအတွက် ရင့်ကျက်သူဖြစ်ပြီး လီဗာပူးရဲ့ ခေါင်းဆောင်ကောင်းဆိုတာလည်း ပြသခဲ့တယ် ” လို့ သူ့အမြင်ကို ပြောဆိုသွားပါတယ်။

ZAWGYI

နယ္သာလန္တိုက္စစ္သမားေဟာင္း ဗန္ပါစီက လီဗာပူးက ေအဂ်က္ကို အႏုိင္ရခဲ့တဲ့ပြဲမွာ မာေဆးဆိုဒ္ကလပ္ဟာ ကံေကာင္းခဲ့တာပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးဟာ ဒီပြဲမွာေတာ့ ကိုယ္တိုင္ ဂိုးမသြင္းႏုိင္ခဲ့ဘဲ မာေနးရဲ႕ ကန္သြင္းမႈကို တာဂလီယာဖီဂို ျဖတ္ထုတ္ရာက ကိုယ္ဂိုးကို ျပန္သြင္းမိခ့ဲတာပါ။ ဒီတစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ပဲ လီဗာပူးက အႏုိင္ရခဲ့ျခင္းျဖစ္ကာ အုပ္စုအဖြင့္ပြဲကို အႏုိင္ သံုးမွတ္ အျပည့္ျဖင့္ စတင္ႏုိင္ခဲ့တယ္။

လီဗာပူးက အဓိက ကစားသမာေတြ အမ်ားအျပားကို လက္လြတ္ထားရေပမယ့္ က်စ္လစ္မႈေတာ့ ရွိေနဆဲျဖစ္ျပီး မာေနး၊ ေရာ္ဘတ္ဆန္၊ ဖာဘင္ညိဳတို႔ ေျခစြမ္း တည္ျငိမ္ခဲ့တယ္။ ဒုတိယပိုင္းမွာ လူစားဝင္လာတဲ့ ဟန္ဒါဆန္ကလည္း အသင္းကို အေကာင္းဆံုး ဦးေဆာင္ခဲ့ပါတယ္။

ဗန္ပါစီက ေျပာရာမွာ ” လီဗာပူးက အေကာင္းဆံုးလုပ္ခဲ့တယ္။ သူတို႔က အဓိက ကစားသမားေတါကို လက္လြတ္ထားရတာ ရွင္းပါတယ္။ ခံစစ္မွာ ဗန္ဒိုက္ကို လက္လြတ္ရတာက အၾကီးမားဆံုး လက္လြတ္ရမႈပါ။ ပြဲေတြ အမ်ားၾကီး မကစားေပးထားေပမယ့္လည္း သီယာဂိုလို ကမၻာအဆင့္ ကစားသမား တစ္ဦးကို လက္လြတ္ရတာကလည္း ၾကီးမားတဲ့ ကိစၥပါပဲ။

ဒါေပမယ့္လို႔ ပြဲမွာေတာ့ ေအဂ်က္က အခြင့္အေရးၾကီးေတြ ပိုရခဲ့တာ ျဖစ္ပါတယ္။ ေအဂ်က္ ကစားခဲ့တာက ပိုေကာင္းခဲ့တယ္။ သူတို႔ အခြင့္အေရး ေလးၾကိမ္၊ ငါးၾကိမ္ေလာက္ထိ ရခဲ့တယ္။ ပံုမွန္အားျဖင့္ဆိုရင္ အဲ့ထဲက တစ္ၾကိမ္ေလာက္ကို သူတို႔ အခြင့္အေရးအျဖစ္ အသံုးခ်ႏုိင္ေလ့ရွိပါတယ္။

လီဗာပူးအတြက္ေတာ့ ကံေကာင္းတဲ့ည ျဖစ္ခဲ့တာပါ။ ေအဂ်က္က အေကာင္းဆံုးလုပ္ခဲ့တယ္။ အခြင့္အေရးေတြ အမ်ားၾကီးရေပမယ့္ သူတို႔လိုအပ္တဲ့ သြင္းဂိုးကို မရခဲ့ဘူး။

ပထမ တစ္နာရီေလာက္မွာ မာေနး ကစားတာကို ၾကည့္ရတာကို သေဘာက်ပါတယ္။ သူက လႈပ္ရွားမႈေတြနဲ႔ ကစားခဲ့ျပီး ေဘာလံုးကို ကိုင္ထားတာ၊ ခ်ိတ္ဆက္ကစားတာေတြက သူ႔ကို ေစာင့္ၾကည့္ရဖို႔ တန္ပါတယ္။ သူက ဒီလိုပြဲမွာ ေငြေပးၾကည့္ရဖို႔ တန္တဲ့ ကစားသမားျဖစ္ပါတယ္။

ဟန္ဒါဆန္ ဝင္ေရာက္လာတဲ့ေနာက္ သူ႔ရဲ႕ ဦးေဆာင္မႈကို အားလံုး ျမင္ၾကမွာပါ။ တစ္ဦးခ်င္း ထိပ္တိုက္ေတြ႔မႈတိုင္းအတြက္ အသင္းေဖာ္ေတြကို သူ လမ္းညႊန္မႈေတြ ေပးခဲ့တယ္။ ေဘာလံုးနဲ႔အတူ ယံုၾကည္မႈလည္း ရွိပါတယ္။ ဒီလိုပြဲအတြက္ ရင့္က်က္သူျဖစ္ျပီး လီဗာပူးရဲ႕ ေခါင္းေဆာင္ေကာင္းဆိုတာလည္း ျပသခဲ့တယ္ ” လို႔ သူ႔အျမင္ကို ေျပာဆိုသြားပါတယ္။