ဒီနောက်ပိုင်းပွဲတွေမှာ ဖာမင်နိုဟာ ပွဲပန်းနေခြင်းကြောင့် ခြေစွမ်းကျဆင်းလာနေတဲ့ အချက်ကို လီဗာပူးကလောင်ရှင်တွေ အများအပြားက ထောက်ပြမှုတွေ လုပ်လာနေကြတယ်။

ဖာမင်နိုဟာ လီဗာပူးတိုက်စစ်ရဲ့ ဦးဆောင်သူဖြစ်ပြီး ဆာလက်၊ မာနေးတို့အတွက် နေရာလွတ်တွေ စီစဉ်ပေးရသူဖြစ်တယ်။ သူဟာ ဧရိယာဘောက် အပြင်ကနေ တောင်ပံနှစ်ဘက်က တွဲဘက်တွေ ဧရိယာထဲ အကြိမ်အများအပြား ဝင်နိုင်ဖို့ စီမံမှုတွေ လုပ်ပေးနေတယ်။ ဒါပေမယ့်လို့ ဒီရက်တွေမှာ ဖာမင်နိုဟာ ခြေစွမ်းပြဖို့ ရုန်ကန်လာရတယ်။

လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ TIA ရဲ့ ပွဲပြီး သုံးသပ်ချက်မှာ ” ဆာလက်ဟာ ဆာလောင်နေတယ်။ ဘောလုံးတွေကို ဆွဲယူပြီး ကစားပေမယ့် သူက အဆုံးသတ်ပိုင်း နေရာကို ရောက်လာခဲ့ပြီဆိုရင် လုံလောက်အောင် မလုပ်နိုင်တော့ဘူး။ အသင်းဖော်တွေနဲ့ အတူတကွ ရှိမနေဘူး။ မာနေးလည်း အလားတူဖြစ်တယ်။ ကိုယ်တိုင် အဆုံးသတ်နိုင်မယ့် နေရာတွေနဲ့ ဝေးနေတယ်။

ဖာမင်နိုရဲ့ လုပ်ပြနိုင်စွမ်းတွေ ပျောက်ကွယ်နေပြီး သူ့ခြေစွမ်းက တော်တော်ဆိုးပါတယ်။ ဘောလုံး ထိချက်တွေက ပြင်းထန်နေပြီး ဘောလုံးတွေ ထွက်အောင်လို့ မပေးနိုင်ဖြစ်နေတာကို စိုးရိမ်ပါတယ်။ ” လို့ ဆိုခဲ့တယ်။

ဖာမင်နိုဟာ လီဗာပူးရဲ့ ပွဲတိုင်းမှာ ပါဝင်ရသူဖြစ်သလို ဒီရာသီမှာလည်း ကလပ်ကော နိုင်ငံပွဲတွေမှာပါ ပါဝင်ကစားနေဆဲပါ။ သူ့ရဲ့ ပွဲပန်းမှုကလည်း ထည့်စဉ်းစားစရာ ဖြစ်လာတယ်။ အေဂျက်ပွဲမှာတော့ ကလော့ပ်က တိုက်စစ်သမား သုံးဦးလုံးကို လဲထုတ်ခဲ့ပြီး ရှာကွီရီ၊ ဂျိုတာ၊ မီနာမီနိုတို့ကို ထုတ်သုံးခဲ့တယ်။

ဂျိုတာရဲ့ ခြေစွမ်းဟာ ဘယ်တောင်ပံကို အားပြုရာမှာ ကောင်းမွန်ပေမယ့် သူဟာ ဖာမင်နိုနေရာ အစားဝင်လောက်အောင် နည်းစနစ်ပိုင်းမှာ လိုက်မမှီသေးပါဘူး။ ဒီအချက်ကို The Tactical Times က ထောက်ပြခဲ့ပြီး ဂျိုတာဟာ ကစားသမားဘဝတစ်လျှောက် ဘယ်တောင်ပံ၊ ကွင်းလယ်တိုက်စစ်၊ အထောင်တိုက်စစ် နေရာတွေမှာ ကစားခဲ့ပေမယ့် ဖာမင်နိုရဲ့ တိုက်စစ် ပူးပေါင်း ပါဝင်နိုင်မှုကို လိုက်မှီဖို့က တော်တော်လေး လိုအပ်နေပါသေးတယ်။

ဒါကြောင့် အေဂျက်ပွဲမှာလို ဖာမင်နို အပါအဝင် တိုက်စစ်သမားတွေကို ဂျိုတာ၊ မီနာမီနိုနဲ့ လူစားလဲမှုတွေလုပ်ပြီး အဓိက တိုက်စစ်သမားတွေရဲ့ ကစားချိန်ကို လျော့ချပေးတာကပဲ အသင်းအတွက် အကူအညီ အဖြစ်ဆုံး နည်းလမ်းဖြစ်တယ်။

ဖာမင်နိုနေရာ ဝင်ယူပြီး ကစားနေတဲ့ မီနာမီနိုရဲ့ ဖိအားပေးနှုန်းနဲ့ ချိတ်ဆက်မှု တိုးတက်လာခဲ့ရင် ဘရာဇီးသားဟာ ညောင်းညာနေတဲ့ သူ့ရဲ့ ခြေထောက်တွေကို ပြန်လည် အားဖြည့်ချိန် ရလာမယ်။ ဒါကပဲ ဖာမင်နိုရဲ့ ခြေစွမ်းကောင်းတွေကို ပြန်မြင်ရဖို့ အကောင်းဆုံး နည်းလမ်းပါလို့ သုံးသပ်သွားခဲ့ပါတယ်။

ZAWGYI

ဒီေနာက္ပိုင္းပြဲေတြမွာ ဖာမင္ႏိုဟာ ပြဲပန္းေနျခင္းေၾကာင့္ ေျခစြမ္းက်ဆင္းလာေနတဲ့ အခ်က္ကို လီဗာပူးကေလာင္ရွင္ေတြ အမ်ားအျပားက ေထာက္ျပမႈေတြ လုပ္လာေနၾကတယ္။

ဖာမင္ႏိုဟာ လီဗာပူးတိုက္စစ္ရဲ႕ ဦးေဆာင္သူျဖစ္ျပီး ဆာလက္၊ မာေနးတို႔အတြက္ ေနရာလြတ္ေတြ စီစဥ္ေပးရသူျဖစ္တယ္။ သူဟာ ဧရိယာေဘာက္ အျပင္ကေန ေတာင္ပံႏွစ္ဘက္က တြဲဘက္ေတြ ဧရိယာထဲ အၾကိမ္အမ်ားအျပား ဝင္ႏုိင္ဖို႔ စီမံမႈေတြ လုပ္ေပးေနတယ္။ ဒါေပမယ့္လို႔ ဒီရက္ေတြမွာ ဖာမင္ႏိုဟာ ေျခစြမ္းျပဖို႔ ရုန္ကန္လာရတယ္။

လီဗာပူးဖန္းဆိုဒ္ျဖစ္တဲ့ TIA ရဲ႕ ပြဲျပီး သံုးသပ္ခ်က္မွာ ” ဆာလက္ဟာ ဆာေလာင္ေနတယ္။ ေဘာလံုးေတြကို ဆြဲယူျပီး ကစားေပမယ့္ သူက အဆံုးသတ္ပိုင္း ေနရာကို ေရာက္လာခဲ့ျပီဆိုရင္ လံုေလာက္ေအာင္ မလုပ္ႏုိင္ေတာ့ဘူး။ အသင္းေဖာ္ေတြနဲ႔ အတူတကြ ရွိမေနဘူး။ မာေနးလည္း အလားတူျဖစ္တယ္။ ကိုယ္တိုင္ အဆံုးသတ္ႏိုင္မယ့္ ေနရာေတြနဲ႔ ေဝးေနတယ္။

ဖာမင္ႏိုရဲ႕ လုပ္ျပႏုိင္စြမ္းေတြ ေပ်ာက္ကြယ္ေနျပီး သူ႔ေျခစြမ္းက ေတာ္ေတာ္ဆိုးပါတယ္။ ေဘာလံုး ထိခ်က္ေတြက ျပင္းထန္ေနျပီး ေဘာလံုးေတြ ထြက္ေအာင္လို႔ မေပးႏုိင္ျဖစ္ေနတာကို စိုးရိမ္ပါတယ္။ ” လို႔ ဆိုခဲ့တယ္။

ဖာမင္ႏိုဟာ လီဗာပူးရဲ႕ ပြဲတိုင္းမွာ ပါဝင္ရသူျဖစ္သလို ဒီရာသီမွာလည္း ကလပ္ေကာ ႏုိင္ငံပြဲေတြမွာပါ ပါဝင္ကစားေနဆဲပါ။ သူ႔ရဲ႕ ပြဲပန္းမႈကလည္း ထည့္စဥ္းစားစရာ ျဖစ္လာတယ္။ ေအဂ်က္ပြဲမွာေတာ့ ကေလာ့ပ္က တိုက္စစ္သမား သံုးဦးလံုးကို လဲထုတ္ခဲ့ျပီး ရွာကီြရီ၊ ဂ်ိဳတာ၊ မီနာမီႏိုတို႔ကို ထုတ္သံုးခဲ့တယ္။

ဂ်ိဳတာရဲ႕ ေျခစြမ္းဟာ ဘယ္ေတာင္ပံကို အားျပဳရာမွာ ေကာင္းမြန္ေပမယ့္ သူဟာ ဖာမင္ႏိုေနရာ အစားဝင္ေလာက္ေအာင္ နည္းစနစ္ပိုင္းမွာ လိုက္မမွီေသးပါဘူး။ ဒီအခ်က္ကို The Tactical Times က ေထာက္ျပခဲ့ျပီး ဂ်ိဳတာဟာ ကစားသမားဘဝတစ္ေလွ်ာက္ ဘယ္ေတာင္ပံ၊ ကြင္းလယ္တိုက္စစ္၊ အေထာင္တိုက္စစ္ ေနရာေတြမွာ ကစားခဲ့ေပမယ့္ ဖာမင္ႏိုရဲ႕ တိုက္စစ္ ပူးေပါင္း ပါဝင္ႏုိင္မႈကို လိုက္မွီဖို႔က ေတာ္ေတာ္ေလး လိုအပ္ေနပါေသးတယ္။

ဒါေၾကာင့္ ေအဂ်က္ပြဲမွာလို ဖာမင္ႏို အပါအဝင္ တိုက္စစ္သမားေတြကို ဂ်ိဳတာ၊ မီနာမီႏိုနဲ႔ လူစားလဲမႈေတြလုပ္ျပီး အဓိက တိုက္စစ္သမားေတြရဲ႕ ကစားခ်ိန္ကို ေလ်ာ့ခ်ေပးတာကပဲ အသင္းအတြက္ အကူအညီ အျဖစ္ဆံုး နည္းလမ္းျဖစ္တယ္။

ဖာမင္ႏိုေနရာ ဝင္ယူျပီး ကစားေနတဲ့ မီနာမီႏိုရဲ႕ ဖိအားေပးႏႈန္းနဲ႔ ခ်ိတ္ဆက္မႈ တိုးတက္လာခဲ့ရင္ ဘရာဇီးသားဟာ ေညာင္းညာေနတဲ့ သူ႔ရဲ႕ ေျခေထာက္ေတြကို ျပန္လည္ အားျဖည့္ခ်ိန္ ရလာမယ္။ ဒါကပဲ ဖာမင္ႏိုရဲ႕ ေျခစြမ္းေကာင္းေတြကို ျပန္ျမင္ရဖို႔ အေကာင္းဆံုး နည္းလမ္းပါလို႔ သံုးသပ္သြားခဲ့ပါတယ္။