လီဗာပူးဟာ ဒီကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲအဖြစ် ဒိန်းမတ်ကလပ် Midtjylland ကို အန်ဖီးကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ၎င်းတို့ဟာ ဒိန်းမတ် ပြည်တွင်းကို လွှမ်းမိုးလာခဲ့ပြီး ဒီရာသီဟာ ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကို ပါဝင်ခွင့် ရလာခြင်း ဖြစ်ပါတယ်။

ဒိန်းမတ်ကလပ်နဲ့ ပက်သက်ပြီး လီဗာပူးက အဆိုပါ အသင်းမှာ အလုပ်လုပ်ဖူးတဲ့ လက်မြောက်ဘောဆိုင်ရာ နည်းပြ Thomas Gronnemark ထံက အများကြီး လေ့လာသင့်ယူထားတယ်လို့ သိရတယ်။

ဆေးအဖွဲ့က ပုခုံးဒဏ်ရာကြောင့် ၄-၆ ပတ်လောက် အနားယူရမယ်လို့ ပြောခဲ့ပေမယ့် ၂-၃ ပတ်အတွင်း ပြန်သက်သာလာစေရမယ်လို့ ကတိပြုခဲ့ကြောင်းနဲ့ ဘုရားသခင်ထံမှာလည်း အမြဲတမ်း ဆုတောင်းခဲ့တယ်လို့ အယ်လီဆန်က ပြောပါတယ်။

ကြားရက် ချန်ပီယံလိဂ်ပွဲမှာလည်း သီယာဂို၊ မာတစ်နဲ့ ကိတ်တာတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် အခြားသော ဒဏ်ရာပြဿနာတွေ မရှိဘူးလို့ ကလော့ပ်က အတည်ပြုပါတယ်။

ဒီအပတ်တွေမှာတော့ လီဗာပူးက ခက်ခဲ့ပြီး ကြပ်တည်းတဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို ၃ ရက် တစ်ပွဲနှုန်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် ဟန်ဒါဆန်က ပြင်းထန်တဲ့ ပွဲစဉ်တွေနဲ့ ပက်သက်ပြီး အကောင်းဆုံး ကြိုးစားမယ်လို့ အသင်းဖော်တွေကို စိန်ခေါ်စကား ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်လမှာပဲ မဲဝုဒ်ကို စွန့်ခွာကာ ကီရာဘီ လေ့ကျင့်ရေးကွင်းသစ်ထံ ပြောင်းရွှေ့တော့မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က The Athletic ကနေ အတည်ပြုပါတယ်။

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုက ဒီရာသီမှာ သီယာဂိုကို ခေါ်ယူခဲ့တာက ကွင်းလယ်မှာ ပြိုင်ဆိုင်မှု ပိုပြင်းထန်စေမယ်ဆိုတာ နားလည်ပေမယ့် အသင်းအတွက် ကောင်းမွန်တဲ့ အင်အားဖြည့်မှုလို့ ပြောဆိုပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ အစွန်သမား လူးကပ်ဒင်းကို တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့တာက လီဗာပူးနဲ့ပွဲက ဖိအားတွေကြောင့်လို့ အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက စွပ်စွဲပြောဆိုမှု လုပ်ခဲ့ပါတယ်။

စပါးမန်နေဂျာ မော်ရင်ညိုက မာဆေးဆိုဒ်ဒါဘီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာ လီဗာပူးနဲ့ ကလော့ပ်ဘက်က ရပ်တည်သွားကာ VAR ကို မှားယွင်းတဲ့ ကိစ္စတွေမှာ ဆုံးဖြတ်ပေးဖို့ ထားထားတာပါလို့ ထောက်ခံပါတယ်။

တနင်္ဂနွေနေ့က လိုင်ယွန်ရဲ့ အမှတ်ပေးပွဲမှာ တိုက်စစ်သမား ဒီပေးက ဂိုးသွင်းယူပြီးနောက် ကင်မရာတွေဘက်ကို လှည့်လာကာ ဗန်ဒိုက်ကို အားတင်းထားပါ ဘရိုလို့ အားပေးမှု ပြုလုပ်သွားပါတယ်။

ZAWGYI

လီဗာပူးဟာ ဒီၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ဒိန္းမတ္ကလပ္ Midtjylland ကို အန္ဖီးကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ ၄င္းတို႔ဟာ ဒိန္းမတ္ ျပည္တြင္းကို လႊမ္းမိုးလာခဲ့ျပီး ဒီရာသီဟာ ကလပ္သမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ခ်န္ပီယံလိဂ္ကို ပါဝင္ခြင့္ ရလာျခင္း ျဖစ္ပါတယ္။

ဒိန္းမတ္ကလပ္နဲ႔ ပက္သက္ျပီး လီဗာပူးက အဆိုပါ အသင္းမွာ အလုပ္လုပ္ဖူးတဲ့ လက္ေျမာက္ေဘာဆိုင္ရာ နည္းျပ Thomas Gronnemark ထံက အမ်ားၾကီး ေလ့လာသင့္ယူထားတယ္လို႔ သိရတယ္။

ေဆးအဖြဲ႔က ပုခံုးဒဏ္ရာေၾကာင့္ ၄-၆ ပတ္ေလာက္ အနားယူရမယ္လုိ႔ ေျပာခဲ့ေပမယ့္ ၂-၃ ပတ္အတြင္း ျပန္သက္သာလာေစရမယ္လို႔ ကတိျပဳခဲ့ေၾကာင္းနဲ႔ ဘုရားသခင္ထံမွာလည္း အျမဲတမ္း ဆုေတာင္းခဲ့တယ္လို႔ အယ္လီဆန္က ေျပာပါတယ္။

ၾကားရက္ ခ်န္ပီယံလိဂ္ပြဲမွာလည္း သီယာဂို၊ မာတစ္နဲ႔ ကိတ္တာတို႔ ပါဝင္ႏုိင္ဦးမွာ မဟုတ္ေပမယ့္ အျခားေသာ ဒဏ္ရာျပႆနာေတြ မရွိဘူးလို႔ ကေလာ့ပ္က အတည္ျပဳပါတယ္။

ဒီအပတ္ေတြမွာေတာ့ လီဗာပူးက ခက္ခဲ့ျပီး ၾကပ္တည္းတဲ့ ပြဲစဥ္ေတြကို ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြကို ၃ ရက္ တစ္ပြဲႏႈန္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ေပမယ့္ ဟန္ဒါဆန္က ျပင္းထန္တဲ့ ပြဲစဥ္ေတြနဲ႔ ပက္သက္ျပီး အေကာင္းဆံုး ၾကိဳးစားမယ္လို႔ အသင္းေဖာ္ေတြကို စိန္ေခၚစကား ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ လာမယ့္လမွာပဲ မဲဝုဒ္ကို စြန္႔ခြာကာ ကီရာဘီ ေလ့က်င့္ေရးကြင္းသစ္ထံ ေျပာင္းေရႊ႔ေတာ့မယ္လို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က The Athletic ကေန အတည္ျပဳပါတယ္။

လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳက ဒီရာသီမွာ သီယာဂိုကို ေခၚယူခဲ့တာက ကြင္းလယ္မွာ ျပိဳင္ဆိုင္မႈ ပိုျပင္းထန္ေစမယ္ဆိုတာ နားလည္ေပမယ့္ အသင္းအတြက္ ေကာင္းမြန္တဲ့ အင္အားျဖည့္မႈလို႔ ေျပာဆိုပါတယ္။

ေဆာက္သမ္တန္နဲ႔ပြဲမွာ အစြန္သမား လူးကပ္ဒင္းကို တိုက္ရိုက္အနီျဖင့္ ထုတ္ပယ္ခဲ့တာက လီဗာပူးနဲ႔ပြဲက ဖိအားေတြေၾကာင့္လို႔ အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက စြပ္စြဲေျပာဆိုမႈ လုပ္ခဲ့ပါတယ္။

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက မာေဆးဆိုဒ္ဒါဘီမွာ ျဖစ္ခဲ့တဲ့ ျဖစ္ရပ္မွာ လီဗာပူးနဲ႔ ကေလာ့ပ္ဘက္က ရပ္တည္သြားကာ VAR ကို မွားယြင္းတဲ့ ကိစၥေတြမွာ ဆံုးျဖတ္ေပးဖို႔ ထားထားတာပါလို႔ ေထာက္ခံပါတယ္။

တနဂၤေႏြေန႔က လိုင္ယြန္ရဲ႕ အမွတ္ေပးပြဲမွာ တိုက္စစ္သမား ဒီေပးက ဂိုးသြင္းယူျပီးေနာက္ ကင္မရာေတြဘက္ကို လွည့္လာကာ ဗန္ဒိုက္ကို အားတင္းထားပါ ဘရိုလို႔ အားေပးမႈ ျပဳလုပ္သြားပါတယ္။