ချန်ပီယံလိဂ်ပွဲကြို မဲဝုဒ်က လေ့ကျင့်ရေးမှာတော့ ကွင်းလယ်လူ သီယာဂိုဟာ အပေါ့စား လေ့ကျင့်ရေးတွေကို တစ်ဦးချင်းအနေအထားဖြင့် ပြုလုပ်သွားခဲ့ပြီး မန်နေဂျာကလော့ပ်ကလည်း အနီးကပ် နည်းပြတစ်ဦးနဲ့အတူ စောင့်ကြည့်မှုပါ ပြုလုပ်သွားပါတယ်။

အဲဗာတန်ကို ၂-၂ သရေကျတဲ့ပွဲမှာ ရစ်ချာလီဆန်ရဲ့ ကြမ်းတမ်းတဲ့ ကစားမှုကြောင့် သီယာဂိုက ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာက မပြင်းထန်ပေမယ့် ပေါ့ဆလို့ မရတဲ့ အနေအထားဖြစ်လို့ အသင်းက သီယာဂိုကို အနားပေးခဲ့တာဖြစ်ကာ လေ့ကျင့်ရေးတွေကနေ ဒဏ်ရာရဲ့ သက်ရောက်မှုတွေကို လေ့လာနေတာ ဖြစ်ပါတယ်။

သီယာဂိုဟာ အဲဗာတန်နဲ့ပွဲအပြီး ဆေးရုံကို သွားပြခဲ့ရတဲ့ လီဗာပူးအသင်းသား ၃ ဦးထဲက တစ်ဦးဖြစ်ကာ သူဟာ အေဂျက်၊ ရှက်ဖီးပွဲတွေကို လွဲချော်ခဲ့တယ်။ ဒီအပတ် ချန်ပီယံလိဂ်ပွဲကိုလည်း ဆက်လက် လွဲချော်ဦးမှာဖြစ်ကာ သီတင်းပတ်အကုန် ဝက်ဟမ်းနဲ့ပွဲမှာတော့ ပြန်လည် ပါဝင်လာဖွယ် ရှိပါတယ်။

ချန်ပီယံလိဂ်ပွဲကြိုမှာတော့ မန်နေဂျာကလော့ပ်က ” သီယာဂို၊ မာတစ်နဲ့ ကိတ်တာတို့က ပါဝင်လာနိုင်မယ်လို့ မထင်ပါဘူး။ သူတို့က ရက်အနည်းငယ်လောက်တော့ အချိန်လိုဦးမယ်လို့ ထင်ပါတယ်။ ” လို့ ဆိုခဲ့တယ်။

လီဗာပူးရဲ့ အတွင်းလူတွေကတော့ သီယာဂို အခြေအနေ အတော်ကောင်းနေကြောင်းနဲ့ ဝက်ဟမ်းနဲ့ပွဲမှာ ပါဝင်ပေးဖို့က ဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေ ရှိလာတယ်။ အသင်းဟာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ပရီးမီးယားလိဂ်ပွဲ ၂ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲ ၂ ပွဲ ကစားရမှာ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ပြဲၾကိဳ မဲဝုဒ္က ေလ့က်င့္ေရးမွာေတာ့ ကြင္းလယ္လူ သီယာဂိုဟာ အေပါ့စား ေလ့က်င့္ေရးေတြကို တစ္ဦးခ်င္းအေနအထားျဖင့္ ျပဳလုပ္သြားခဲ့ျပီး မန္ေနဂ်ာကေလာ့ပ္ကလည္း အနီးကပ္ နည္းျပတစ္ဦးနဲ႔အတူ ေစာင့္ၾကည့္မႈပါ ျပဳလုပ္သြားပါတယ္။

အဲဗာတန္ကို ၂-၂ သေရက်တဲ့ပြဲမွာ ရစ္ခ်ာလီဆန္ရဲ႕ ၾကမ္းတမ္းတဲ့ ကစားမႈေၾကာင့္ သီယာဂိုက ဒဏ္ရာရခဲ့တာပါ။ ဒဏ္ရာက မျပင္းထန္ေပမယ့္ ေပါ့ဆလို႔ မရတဲ့ အေနအထားျဖစ္လို႔ အသင္းက သီယာဂိုကို အနားေပးခဲ့တာျဖစ္ကာ ေလ့က်င့္ေရးေတြကေန ဒဏ္ရာရဲ႕ သက္ေရာက္မႈေတြကို ေလ့လာေနတာ ျဖစ္ပါတယ္။

သီယာဂိုဟာ အဲဗာတန္နဲ႔ပြဲအျပီး ေဆးရံုကို သြားျပခဲ့ရတဲ့ လီဗာပူးအသင္းသား ၃ ဦးထဲက တစ္ဦးျဖစ္ကာ သူဟာ ေအဂ်က္၊ ရွက္ဖီးပြဲေတြကို လြဲေခ်ာ္ခဲ့တယ္။ ဒီအပတ္ ခ်န္ပီယံလိဂ္ပြဲကိုလည္း ဆက္လက္ လြဲေခ်ာ္ဦးမွာျဖစ္ကာ သီတင္းပတ္အကုန္ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ ျပန္လည္ ပါဝင္လာဖြယ္ ရွိပါတယ္။

ခ်န္ပီယံလိဂ္ပြဲၾကိဳမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က ” သီယာဂို၊ မာတစ္နဲ႔ ကိတ္တာတို႔က ပါဝင္လာႏုိင္မယ္လို႔ မထင္ပါဘူး။ သူတို႔က ရက္အနည္းငယ္ေလာက္ေတာ့ အခ်ိန္လိုဦးမယ္လို႔ ထင္ပါတယ္။ ” လို႔ ဆိုခဲ့တယ္။

လီဗာပူးရဲ႕ အတြင္းလူေတြကေတာ့ သီယာဂို အေျခအေန အေတာ္ေကာင္းေနေၾကာင္းနဲ႔ ဝက္ဟမ္းနဲ႔ပြဲမွာ ပါဝင္ေပးဖို႔က ျဖစ္ႏုိင္ေၾကာင္း ေျပာဆိုမႈေတြ ရွိလာတယ္။ အသင္းဟာ ႏိုင္ငံတကာ သီတင္းပတ္ မတိုင္ခင္ ပရီးမီးယားလိဂ္ပြဲ ၂ ပြဲနဲ႔ ခ်န္ပီယံလိဂ္ပြဲ ၂ ပြဲ ကစားရမွာ ျဖစ္ပါတယ္။