မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စီစဉ်နေတဲ့ အက်သလက်တီကို အသင်းရဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းက ထွက်ခွာဖို့ အတည်ပြုထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ စာချုပ်လျော်ကြေး ယူရိုသန်း (၂၀၀) အထိ ရှိနေပေမယ့် လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာတော့ သူ့ရဲ့ စာချုပ်ပါ လျော်ကြေးက ယူရိုသန်း (၁၂၀) အထိ လျော့ကျသွားမှာလည်း ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ၀က်ဖို့ဒ်တို့ ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလား ဖိုင်နယ်မှာ ဗိုလ်စွဲတဲ့အသင်းက ဆုကြေး ပေါင် ၃.၆ သန်း ရရှိမှာ ဖြစ်ပြီး ဒုတိယဆုရ အသင်းက ပေါင် ၁.၈ သန်း ရရှိမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်မှ ယူရို သန်း ၇၀တန် ကွင်းလယ်ကစားသမား ရိုဒရီကို ဦးစားပေး ပစ်မှတ်ထားနေပြီး အက်သလက်တီကို ဥက္ကဌက ကစားသမား အသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း ၀န်ခံပြောဆိုလိုက်တဲ့အတွက် စီးတီးတို့ အခွင့်အလမ်း ကောင်းနေပါတယ်။ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကိုယ်တိုင်လည်း ရိုဒရီထံ ဖုန်းခေါ်ပြီး ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ထားပါတယ်။

ပက်ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အာတီတာဟာ လိုင်ယွန်အသင်းနည်းပြ ဘရူနို ဂျနက်စီယိုနေရာ အစားထိုး ခန့်အပ်ခြင်း ခံရဖို့ ရေပန်းစားနေပါတယ်။

မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့က စောင့်ကြည့်မှုတွေ ရှိနေတာကြောင့် အင်တာမီလန်အသင်းဟာ အသက် ၁၆ နှစ်အရွယ် တိုက်စစ်မှူး Sebastiano Esposito ကို ၂၀၂၂ ထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။