ဘာစီလိုနာ ဂန္ဓဝင်ကြီး ဇာဗီက အသင်းဟောင်းရဲ့ ကစားဟန်အပေါ် ဝေဖန်မှုတစ်ခုပြုလုပ်ခဲ့ပြီး ကက်တလန်ကလပ်ရဲ့ လက်ရှိ ကစားဟန်နဲ့တော့ ချန်ပီယံလိဂ် အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။
မကြာသေးခင်ကမှ ဘောလုံးကစားသမား ဘဝကနေ အနားယူသွားခဲ့တဲ့ ဇာဗီက ဒီရာသီ အသင်းရဲ့ ချန်ပီယံလိဂ် ကစားပုံးကို စိတ်ပျက်နေပြီး ကတ်တလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပြိုင်ဘက် အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရာမှာ ပွဲကို စိုးမိုးနိုင်ခြင်း မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။
ဇာဗီက ” ချန်ပီယံလိဂ် ဖလား အနိုင်ရဖို့ဆို ဘာစီလိုနာ အနေနဲ့ ပွဲကို စိုးမိုးထားနိုင်ရပါမယ်။ အဲ့လို မဟုတ်ဘူးဆိုရင်တော့ ချန်ပီယံဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကို အတိတ်က ကျနော်တို့ လုပ်ပြခဲ့တာတွေက သက်သေပြနေပါတယ်။
ပွဲကို လွှမ်းမိုးကစားတဲ့ နည်းလမ်းတွေနဲ့ပဲ ကျနော်တို့ ချန်ပီယံလိဂ်ဖလားတွေ ရခဲ့တာပါ။ လက်ရှိမှာတော့ အရင်တုန်းက ပုံစံမျိုး ဘာစီလိုနာဟာ မကစားနိုင်ပါဘူး။ ” လို့ ဆိုခဲ့ပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာပါ။ ပထမအကျော့မှာ ၃ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ၄ ဂိုးပြတ်ထိ အရှက်တကွဲ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။