ဒီရာသီမှာ မန်ယူအသင်းဟာ ရာသီဝက်မှာ ကလပ်အသင်း မန်နေဂျာအဖြစ် မော်ရင်ညိုနေရာမှာ ဆိုးရှားကို ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ရာသီတစ်လျှောက် ကျော်ဖြတ်ခဲ့ရတဲ့ ရလဒ်ဆိုးတွေကို စုစည်းဖော်ပြမှာ ဖြစ်ပါတယ်။

မော်ရင်ညိုလက်ထက် ယူနိုက်တက်ဟာ လိဂ်ပွဲ ၁၇ ပွဲကစားပြီး ရမှတ် ၂၆ မှတ်ပဲ ရခဲ့ပါတယ်။ ဒါဟာ ၁၉၉၀-၉၁ ခုနှစ်က ရခဲ့တဲ့ ရမှတ် ၂၆ မှတ်နည်းတူ ပရီးမီးယားလိဂ်အတွက် စံချိန်တင် ရမှတ်ဆိုးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက လီဗာပူးဟာ ယူနိုက်တက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု ၃၆ ကြိမ်တောင် ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာတော့ ဒါဘီပြိုင်ဘက်ကြား အမြင့်ဆုံး တိုက်စစ်ပိုင်း ခြိမ်းခြောက်ခံရမှု အရည်အတွက်ဖြစ်တယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဖြစ်တဲ့ ဒီဂီယာဟာ ဒီရာသီမှာတော့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်နဲ့အတူ ပြိုင်ပွဲစုံ ၁၃ ပွဲဆက် clean sheet မရခဲ့ပါဘူး။ ဒါဟာ ၄၅ နှစ်အတွင်း အဆိုးရွားဆုံး မှတ်တမ်းဖြစ်တယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ မန်ယူအတွက် ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် ပေးဂိုး ၅၀ ကျော်ခဲ့တာပါ။

ဂွာဒီယိုလာဟာ အလွာဒိုက်နဲ့ ကိုးမန်းတို့နောက်ပိုင်း အိုထရတ်ဖိုဒ့်မှာ ကစားရတဲ့ ပထမဆုံးသုံးပွဲလုံးကို အနိုင်ရတဲ့ မန်နေဂျာဖြစ်လာခဲ့တယ်။ ဒါ့အပြင် ဆိုးရှားကလည်း မန်စီးတီးနဲ့ ရင်ဆိုင်ကစားပြီး အရေးနိမ့်တဲ့ ငါးဦးမြောက် ယူနိုက်တက် မန်နေဂျာဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် လေးကြိမ် လွဲချော်ဖူးပါတယ်။ ဒီရာသီမှာ ရမှတ် ၆၆ မှတ်ပဲရတဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်တဲ့ အဆိုပါ လေးကြိမ်ထဲမှာ ဒုတိယမြောက် ရမှတ် အနည်းဆုံး ရခဲ့တဲ့ ဘောလုံးရာသီ ဖြစ်လာပါတယ်။